* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 10, 2010

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၈)

ဒိဋ္ဌိ (၆၂)ပါး၏ ရေသောက်မြစ်

သက္ကာယဒိဋ္ဌိတည်းဟူသော နှောင်ကြိုးနဲ့  အတုပ်အနှောင်ခံရတဲ့သူဟာ ဘ၀နဲ့ ကာမကို တပ်မက်တဲ့ တဏှာတည်းဟူသော ရေအလျဉ်မှာ မြုပ်တစ်လှည့်၊ မျောတစ်လှည့်နဲ့  ဒုက္ခဖြစ်ရတယ်၊ မျောတာကနည်းတယ်၊ မြုပ်တာကများတယ်။ ဒီတော့ သက္ကာယဒိဋ္ဌိဆိုတာ ဒိဋ္ဌိ(၆၂)ပါးလုံးရဲ့  ရေသောက်မြစ်ကြီးဖြစ်တယ်။ သူ့ ကို အမှီပြုပြီးတော့ ဒိဋ္ဌိအားလုံး ဖြစ်သွားနိုင်တယ်။

သက္ကာယဒိဋ္ဌိ နဲ့  သံသရာ

သက္ကာယဒိဋ္ဌိတည်းဟူသော ကြိုးတစ်ချောင်း အတုပ်အနှောင်ခံရတဲ့ပုဂ္ဂိုလ်ဟာ ကျန်တဲ့ (၆၂)ပါးသော ဒိဋ္ဌိကြိုးတွေ ၀ိုင်းပြီးတော့ တုပ်ထားတာ ဖြစ်လေသောကြောင့် သံသရာတည်းဟူသော ထောင်အိမ်၊ နှောင်အိမ်၊ လှောင်အိမ်ကြီးထဲမှာ မလှုပ်နိုင်အောင် မြုပ်ရတော့တာပဲ။


ရုပ်နာမ်ရှုမှ သက္ကာယဒိဋ္ဌိပြုတ်

တကယ်တန်းအရှိက ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါမဟုတ်၊ ရုပ်နာမ်တို့ ရဲ့ အစုအပေါင်း၊ မရှိတာက သတ္တ၀ါ၊ ဒီတော့ တကယ်မရှိတဲ့သတ္တ၀ါကို ရှုမှတ်ဖို့ မလိုဘူး။ တကယ်ထင်ရှားရှိနေတဲ့ ရုပ်နာမ်တို့ ရဲ့  အစုအပေါင်းကို မြင်အောင်ရှုရမယ်။ အဲဒါမှ သက္ကာယဒိဋ္ဌိပြုတ်လွတ်မယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP