* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 10, 2010

မြန်မာ့နှစ်သစ်ကူး ပုံရိပ်များ



နှစ်သစ်ကူး (happy new year)
နိုင်ငံတိုင်းနီးပါး သူတို့၏နှစ်သစ်မင်္ဂလာကို သူတို့နည်းသူတို့ဟန်ဖြင့် သူတို့ ပါတီပွဲလေးများ၊ သူတို့ရဲ့ ပျော်ပွဲရွှင်ပွဲလေးများဖြင့် သူတို့လေးတွေ ပျော်ကြသည်။

ရိုးရာ မပျောက်စေချင်
မြန်မာပြည်ဖွား တိုင်းရင်သား ညီအစ်ကိုမောင်နှစ်မတွေကလဲ မြန်မ့ာနည်းမြန်မာ့ဟန်ဖြင့် နှစ်သစ်ကိုပျော်ရွှင်ကြသည်။
မြန်မာ့ရိုးရာ အလှ အတီး အက အခုံတို့ဖြင့်လဲ ရိုးရာမပျက် ပျော်ကြသလို ရိုးရာကို ပုံတူကူးကာ အနောက်တိုင်း ဟစ်ဟော့တွေဖြင့် ဖန်တီးကာတဖုံ၊ ရိုးရာကို အပထား အနောက်တိုင်းပုံစံကို လုံးလုံးလျားလျား သွတ်သွင်းကာ အသံသေး အသံကြောင်တို့ဖြင့် အသံကုန်ဟစ်ကြွေးလို့ မလုံတလုံအက အခုံတွေ၊ ချက်ဖော်၊ ပေါင်ဖော်၊ ဖော်လို့ရတာ အကုန်ဖော်။ ဒါတင်ပြီးရောလား? အပျော်လွန်ကာ ရန်တွေဖြစ်၊ မူရူးပြီးတော့လဲ စွဲလားယမ်းလား၊ သက်ကြပုတ်ကြ။ ဟော်တယ်တွေမှာ လူတွေပြည့် ယာယီအခန်းများ အလွတ်မရှိတဲ့၊ ဖြစ်ချင်တိုင်းဖြစ်။ ရိုးရာ အနှစ်ဆိုတာ ဘယ်မှာရှိ။ ဒါကိုပဲ ဆန်းစစ်လာတယ် တိုးတက်လာတယ်လို့ဆိုကြမလား ဆိုတဲ့ အတွေးကလေးတွေ ဖြစ်လာပါတယ်။


ရုပ်ကြမ်းဝါဒတို့အရ ရှေးဟောင်းကို အကုန်ဖျက် မဆုံးနိုင်သော အသစ်သစ်တွေကို ဖန်းတီး။ Marx ကတော့ ရှေးဟောင်းကို နည်းယူကာ အသစ်သစ်တွေကို ဖန်တီးခြင်းကို တိုးတက်လာတယ်လို့ဆိုတယ်။ ဒါကိုပဲ negation of negation လို့ အမည်ပေးထားတယ်။ ရုပ်ဝါဒတွေပါ၊ ဖြစ်လာတဲ့ အကျိုးဆက်ကတော့ natural and traditional sources တွေ ပျောက်ကုန်တယ်လို့ ခံစားမိပါတယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေး အတွက် ဖန်တီးထားခြင်းဖြစ်ပါတယ်။ Dialectic နည်းလို့လဲ ခေါ်ပါတယ်။ အဲဒီတော့ ရှေးဟောင်းရိုးရာကို အကုန်ဖျက်ပြီး ခေတ်သစ်ကို လှမ်းကြမလား၊ ဒါမှ မဟုတ် ရှေးဟောင်းကို နည်းယူကာ ခေတ်သစ်ကို ဖန်တီးကြမလား၊ ဒီလိုမဟုတ်ရင်လဲ ရှေးဟောင်းရိုးရာကို အစဉ်မပျက် ထိမ်းသိမ်းကြမလား။ တွေးစရာတွေပါ။ ခေတ်က တောင်းဆိုလာကြပြီဆိုတော့ တစ်ခုခုတော့ ရွေးရပါလိမ်မည်။



စောင့်ရှောက် ကာကွယ်သင့်
ဘာသာရေးနှင့် ယဉ်ကျေးမှုကိုတော့ ရိုးရာမပျက်စေဘဲ မြန်မာ့အလှနှင့် အယဉ်လေးတွေကို ထိမ်းသိမ်းထားဘို့ လိုပါတယ်လို့တော့ အကြံပြုချင်ပါတယ်။။ ဘာသာရေး၊ ယဉ်ကျေးမှု နှင့် ရိုးရာဓလေ့တို့၏ ခွဲခြားမရခြင်းသည် မြတ်ဗုဒ္ဓ၏ အဆုံးအမတော်အတိုင်း လိုက်နာကြခြင်းတို့ကြောင့်ပေတည်။ မြန်မာပြည်ကြီး ဘာ့ကြောင့်လှ? ယဉ်ကျေးမှုတွေ ချမ်းသာလို့လှ။ ပြည်ပသားများက ဂုဏ်ပြုထားကြသလို မြန်မာပြည်ကြီးသားတို့ကလဲ ဂုဏ်ယူဝင့်ကြွားဖြစ်ကြရတယ်။ ဘာ့ကြောင့် ယဉ်ကျေးမှု ချမ်းသာ? မြတ်ဗုဒ္ဓ၏ အဆုံးမဖြင့် ဘ၀ကို ရပ်တည်နေကြခြင်းတို့ကြောင့်ဖြစ်။ ဒါ့ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမများဖြင့် မြန်မာနှင့် ရိုးရာအလှ၊ မြန်မာ့အလှလေးတွေကိုတော့ မြန်မာပြည်ကြီးသား ပီပီ မြန်မာပြည်သူ ပြည်သားတိုင်းက တစ်ယောက်ချင်း အသိနှင့် စောင့်ရှောက်ကြမယ်ဆိုရင် ဟော့ဟော့ ရမ်းရမ်းခေတ်ကို ဘယ်တော့မှ ရောက်လာမည် မဟုတ်။ ပရိသတ်တို့ရေ--တနှစ်တခါမှ ပျော်ရတဲ့ပွဲလေးအတွက် အဟန့်အတားမဖြစ်စေဘဲ စိတ်လက် ပေါ့ပါးစွာ ယဉ်ယဉ်ကျေးကျေး ပြည်ကြီးသား ပီပီ ပျော်နိုင်ကြပါစေ။၊


ရိုးရားအလှ
တကယ့် ရိုးရာအနှစ်ဆိုတာ လူအနဲစုမှာရှိနေသည်တဲ့၊ သင်္ကြန်ရောက်ပြီ၊ အဘိုးအဖွား အဖေ အမေ၊ အကိုကြီး အမကြီး၊ ဦးကြီး ဦးလေး အဒေါ်ကြီး ဒေါ်လေးတို့အား ကန်တော့မယ်၊ ပူဇော်မယ်။ ကျောင်းသွားမယ်၊ အလှူလုပ်မယ်၊ ရဟန်းဝတ်မယ်၊ သီလရှင်ဝတ်မယ်၊ ရိပ်သာဝင် ယောဂီဘ၀နှင့် နှစ်သစ်ကို ကူးကြမယ်ဆိုတဲ့ ညီမငယ် ညီမငယ်လေးတို့ရဲ့ ယဉ်ကျေးသိမ်မွေ့လှတဲ့ အပြောအဆို အပြုအမူလေးတွေကလဲ မြန်မာကို မြန်မာဟု ပီသစေပါသည်။

ပုသိမ်က ညီမတစ်ယောက်က တပည့်တော်တို့ ရုံးပိတ်ပြီဘုရား၊ မနက်ဖန်ခါက စပြီး တရားစခန်းဝင်တော့မယ် ဘုရာ။ တရားစခန်းဝင်လာတာ နှစ်ပေါင်း ၁၀ နှစ်ကျော်ပြီတဲ့၊ အသက် ၂၀ ကထဲက နှစ်စဉ်မပျက် တရားစခန်းဝင်ခဲ့ကြတယ်ဘုရားတဲ့။ အချို့ကတော့ တပည့်တော်တို့ ဒီနှစ် ရန်ကုန်မှာ သက်ြန်ကျမယ်၊ အချို့ကတော့ ရွှေမန်းမှာတဲ့၊ ပျော်ကြမယ်ပေါ့။ ကဲ--ပရိသတ်တို့ရေ-- မတူတဲ့လူတွေအကြောင်းပြောပြီး ပရိသတ်ကြီးကကော ဘယ်လိုသက်ြန်ကျကြမလဲ၊ ဘယ်လို နှစ်သစ်ကူးကြမလဲ? အပူကိုကြိုက်သလား အအေးကို ကြိုက်သလား?


လူအမျိုးမျိုး
အချို့က အပူကို ကြိုက်သည်၊ အချို့က အအေးကို ကြိုက်သည်၊ အသက်ရွယ်ပင်ကြီးလင့်ကစား ပူလောင်တဲ့ဘ၀ (situation) ကိုကြိုက်သည်၊ အချို့ကတော့ အသက်ငယ်ငယ်ရွယ်ရွယ်ပေမဲ့ အေးချမ်းတဲ့ဘ၀ကို တခဏလေးပဲဖြစ်ဖြစ် အချိန်ရတုန်း ယူလိုက်ချင်သည်။ အမေ အဖေလဲ စိတ်ချမ်းသာ၊ သားလိမ္မာ သမီးအလိမ္မာလေးတွေ မွေးထားတော့ ကုသိုလ်တောင် ရလိုက်သေး။ အပူကြိုက်သူတွေကို မွေးထားတဲ့ အဖေအမေတွေကတော့ ပူရပြီ။ အပူဟတ်ပြီပေါ့။ ရန်ပွဲဖြစ်မလား၊ မူးရူးပြီး တခုခုဖြစ်မလား ဆိုတဲ့ အပူသောကတွေကလဲ မသေးလှ သလို သူတို့လေးတွေရဲ့ဘ၀ဟာလဲ မလုံခြုံ။
သားလိမ္မာ သမီးအလိမ္မာလေးတို့ရေ-- အမေ အဖေတို့ကို အပူမဟတ်စေနဲ့ အပူအပင်တွေ မပေးကြနဲ့နော်-- အေးချမ်းတဲ့ဘ၀လေးဖြင့် အမေ အဖေတို့ကို ပြုစုကြ။

နှစ်သစ်မှသည် နှစ်ပေါင်းများစွာ အေးချမ်းတဲ့ဘ၀ကို ဖန်တီးနိုင်ကြပါစေ။


သီတဂူစတား
၁၀-၄-၂၀၁၀




0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP