* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 10, 2010

နွေဦးလုပ်အားဒါန (၇-ဧပြီ-၂၀၁၀)

လောကချမ်းသာစေတီတော် ပလ္လင်ခုံပတ်လည်တွင် အင်္ဂတေကနုတ်ပန်းများဖြင့် အလှဆင်ရန် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော် တည်ဆောက်ရေးဆိုင်ရာ အင်ဂျင်နီယာ ဦးမောင်မောင်၊ ပန်းချီဆရာ ဦးအောင်ကျော်မိုး၊ ကိုကျော်သူမြတ်၊ ကိုထွန်းထွန်းတို့အဖွဲ့က ဦးဆောင်ပြီး စုပေါင်း ဆောင်ရွက်လျက်ရှိရာ ပလ္လင်ခုံပတ်လည်တစ်ခုလုံးအတွက် အင်္ဂတေအချပ် ၃၂ စုံ၊ စုစုပေါင်း ၆၄ ချပ် လိုအပ်သည်အနက် ၁၀ စုံကျော် သွန်းလောင်းပြီး ဖြစ်၏။

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းဆိုင်ရာ ကိစ္စအရပ်ရပ်ကို ကြီးကြပ်လျက်ရှိသော နာယကဆရာတော် ဦးပညာသီဟကလည်း အနားမနေတတ်၊ လုပ်ငန်း ကိစ္စအရပ်ရပ်ကို အကွက်စေ့ ထောင့်စေ့အောင် အမြော်အမြင်ကြီးစွာ ဆောင်ရွက်တတ်သူပီပီ ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ခြံစည်းရိုးသစ်ပင်များ ထပ်မံ ဝယ်ယူခဲ့ပြီး၊ လိုအပ်နေသေးသော အင်္ဂတေကနုတ်ပန်းချပ်များ သွန်းလောင်းခြင်းအတွက် ဆရာတော် ဦးသောဘန၊ ဦးမောင်မောင်တို့နှင့်အတူ စီမံ ဆောင်ရွက်ခဲ့၏။

• ယခင် သွန်းလောင်းထားသော အင်္ဂတေကနုတ်ပန်းချပ်ကို ပုံလောင်းခွက်မှ ခွာယူ -



• ပုံလောင်းခွက်ကို သန့်ရှင်း -


• ပုံလောင်းခွက်တွင် အင်္ဂတေများ မကပ်နေစေရန် ဆေးသုတ် -


• အင်္ဂတေကနုတ်ပန်းချပ်များ ပိုမို ခိုင်မာစေရန် အားဖြည့်သံချောင်းများ ထည့် -


• အင်္ဂတေဖျော်စပ် -


• ပုံလောင်း -






ယခုလအတွင်း စနေ၊ တနင်္ဂနွေရက်များ၌ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် လုပ်အားပေးပွဲများ ပြုလုပ်သွားမည်ဖြစ်ရာ ပြုလုပ်မည့် ရက်နှင့် လုပ်ငန်းများကို ကြိုတင် အသိပေးပါမည်။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP