ပိတောက်မှတ်တမ်း
ငါ့အရိပ်အောက်မှာ
အားကျစရာ
ရွံရှာစရာ
ကြည်နူးစရာ
မရွှင်မြူးစရာ
အားတက်စရာ
စိတ်ပျက်စရာ
ထွေရာသောင်းပြောင်း
အဟောင်းအသစ်
နေ့နေ့ ညည
ရှေးကလည်းတွေ့ဖူးတယ်၊
အခုလည်းတွေ့နေရဆဲ ရှိသေးတယ်။
ငါ့အရိပ်အောက်မှာ
တစ်ယောက်နဲ့ တစ်ယောက်
ထောက်ထားညှာတာ
စာနာသနား
လေးစားခိုကိုး
မြတ်နိုးမှုတွေတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
တစ်ယောက်နဲ့ တစ်ယောက်
လိမ်ညာကောက်ကျစ်
အော်ဟစ်ဆဲဆို
ရန်လိုမုန်းထား
သနားမဲ့ကင်း
ညှင်းဆဲမှုတွေတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
လာသူတွေရင်အေး
အမောပြေဆေးပမာ
စေတနာရှင်တစ်စု
ပေါင်းစုလို့တည်ထား
ရေချမ်းအိုးကလေးများလည်း တွေ့ဖူးတယ်။
ငါ့အရိပ်အောက်မှာ
လာသူတွေရင်မော
အောချလောက်စရာ
လူ့အကာတစ်စု
ပေါင်းစုလို့သောက်စား
အရက်ဝိုင်းများလည်းတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
ရပ်ရွာအရေး
ဆွေးနွေးတိုင်ပင်
ခေါ်ငင်ညီညွတ်
ဆုံးဖြတ်မှုတွေ တွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
လျော်စွာမတွေး
လူ့အလှေး လူ့အဖျင်း
ပျက်စီးခြင်းမြစ်ဖျား
လောင်းကစားလည်းတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
တည်ငြိမ်တဲ့ မျက်နှာထားနဲ့
တရားရှာသူတွေလည်းတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
ခုန်ပေါက်ပြေးလွှား ဆော့ကစားတဲ့
ကလေးများလည်းတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
အားကျစရာ
ရွံရှာစရာ
ကြည်နူးစရာ
မရွှင်မြူးစရာ
အားတက်စရာ
စိတ်ပျက်စရာ
ထွေရာသောင်းပြောင်း
အဟောင်းအသစ်
နေ့နေ့ ညည
ရှေးကလည်းတွေ့ဖူးတယ်၊
အခုလည်းတွေ့နေရဆဲ ရှိသေးတယ် ။
အဲ- တစ်ခုလောက်မေးပါရစေ မိတ်ဆွေ
ငါ့အရိပ်အောက်
သင်တို့လည်းရောက်ခဲ့ဖူးပါသလား ။ ။
( ရွာဦးထိပ်က ပိတောက်အိုသို့ အမှတ်တရ )
အားကျစရာ
ရွံရှာစရာ
ကြည်နူးစရာ
မရွှင်မြူးစရာ
အားတက်စရာ
စိတ်ပျက်စရာ
ထွေရာသောင်းပြောင်း
အဟောင်းအသစ်
နေ့နေ့ ညည
ရှေးကလည်းတွေ့ဖူးတယ်၊
အခုလည်းတွေ့နေရဆဲ ရှိသေးတယ်။
ငါ့အရိပ်အောက်မှာ
တစ်ယောက်နဲ့ တစ်ယောက်
ထောက်ထားညှာတာ
စာနာသနား
လေးစားခိုကိုး
မြတ်နိုးမှုတွေတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
တစ်ယောက်နဲ့ တစ်ယောက်
လိမ်ညာကောက်ကျစ်
အော်ဟစ်ဆဲဆို
ရန်လိုမုန်းထား
သနားမဲ့ကင်း
ညှင်းဆဲမှုတွေတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
လာသူတွေရင်အေး
အမောပြေဆေးပမာ
စေတနာရှင်တစ်စု
ပေါင်းစုလို့တည်ထား
ရေချမ်းအိုးကလေးများလည်း တွေ့ဖူးတယ်။
ငါ့အရိပ်အောက်မှာ
လာသူတွေရင်မော
အောချလောက်စရာ
လူ့အကာတစ်စု
ပေါင်းစုလို့သောက်စား
အရက်ဝိုင်းများလည်းတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
ရပ်ရွာအရေး
ဆွေးနွေးတိုင်ပင်
ခေါ်ငင်ညီညွတ်
ဆုံးဖြတ်မှုတွေ တွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
လျော်စွာမတွေး
လူ့အလှေး လူ့အဖျင်း
ပျက်စီးခြင်းမြစ်ဖျား
လောင်းကစားလည်းတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
တည်ငြိမ်တဲ့ မျက်နှာထားနဲ့
တရားရှာသူတွေလည်းတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
ခုန်ပေါက်ပြေးလွှား ဆော့ကစားတဲ့
ကလေးများလည်းတွေ့ဖူးတယ် ။
ငါ့အရိပ်အောက်မှာ
အားကျစရာ
ရွံရှာစရာ
ကြည်နူးစရာ
မရွှင်မြူးစရာ
အားတက်စရာ
စိတ်ပျက်စရာ
ထွေရာသောင်းပြောင်း
အဟောင်းအသစ်
နေ့နေ့ ညည
ရှေးကလည်းတွေ့ဖူးတယ်၊
အခုလည်းတွေ့နေရဆဲ ရှိသေးတယ် ။
အဲ- တစ်ခုလောက်မေးပါရစေ မိတ်ဆွေ
ငါ့အရိပ်အောက်
သင်တို့လည်းရောက်ခဲ့ဖူးပါသလား ။ ။
( ရွာဦးထိပ်က ပိတောက်အိုသို့ အမှတ်တရ )


0 comments:
Post a Comment