* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 2, 2010

ခြောက်မည်ရ အမတ စည်တော်ကြီး




စည်တော်ကြီး နာမည် က (အကျဉ်းအနေနဲ့ ) ခြောက်မျိုးတောင် နာမည် တွင်ပါတယ်။

၁။သွာက္ခာတတာ ၂။ သန္ဒိဋ္ဌိကတာ ၃။အကာလိကတာ ၄။ ဧဟိပဿိကတာ
၅။ သြပနေယျိကတာ ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗတာ ၀ိညူဟိ - တို့ ဖြစ်ပါတယ်။

ခြောက်မည်ရ အမတစည်တော်ကြီး ကို ပုဏ္ဏောဝါဒ သုတ္တန် နေရာလေးမှာ
ပြန်လည် ဆော်ရွမ်း တီးပြ သခွင့် ရခဲ့ပါတယ်။


ဘုရားရှင်က ဘုရား ဖြစ်ပြီးကာစ သူ ရှာဖွေခဲ့တဲ့ တရားတွေကို ငါ ကိုယ်တိုင်
စည်တော်ထွင်း ထုဆစ်ခဲ့တယ်။

ငါ့မှာ တရားစည်ကြီး ထွင်းထုဆစ်ပေးတဲ့ နည်းလမ်းပြ ဆရာ မရှိဘူး။
ငါ ယခု အမတဒုန္ဒုဘိံ- အမတစည်တော်ကြီး

ဆော်ရွမ်းတီးတော် မူမလို့  မိဂဒါဝုန်တောမှာ သွားမယ်။
တရားအားထုတ်စဉ်က ငါ့ အပေါ် ကျေးဇူးများတဲ့
ပဉ္စ၀ဂ္ဂီ (၅) ဦး ရှိတဲ့ နေရာပေါ့ - လို့  ဥပက အာဇီဝက ကို မိန့် တော်မူခဲ့ပါတယ်။



အဲဒီ အမတ စည်တော်ကြီးကို ကိုယ့်အနေနဲ့  ပြန်လည် ပြသခွင့် ရခဲ့သည့် မှတ်တမ်း ဓာတ်ပုံ


စည်တော် ရွမ်းရတဲ့ ဘ၀မှာ တစ်ယောက်ရှိလည်း စည်တော်ရွမ်းရတာပဲဗျို
မြတ်ရောင်နီ
(၀၂၊၀၄၊၂၀၁၀)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP