* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 2, 2010

“ဂိ ဂဲ”

ဤပုံပြင်လေးကတော့ သူငယ်ချင်းဖြစ်သူ၏ ရွာမှ ဖြစ်ရပ်မှန် ပုံပြင်ကလေးတစ်ပုဒ်ဖြစ်ပါပေသည်။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းက ရွာတစ်ရွာတွင် မောင်အုံးမောင်ဟု အမည်ရှိသော ဘုန်းကြီးကျောင်းသား တစ်ယောက်ရှိ လေသည်။ မောင်အုံးမောင်၏ မိဘများသည် မောင်အုံးမောင်ကို ပညာတတ် လူလိမ္မာတစ်ယောက်ဖြစ် စေချင် ကြသည်။ သို့ဖြစ်သဖြင့် သူ့ကို ငယ်စဉ်ကပင် ရွာဦးကျောင်းဆရာတော်ထံတွင် အပ်နှံထားကြလေသည်။ သူ၏ မိဘများ၏ လိုအင်ဆန္ဒပြည့်ဝစေရန် ဆရာတော်သည် မောင်အုံးမောင်ကို ကျောင်းရောက်ချိန်ကစ၍ ပညာကို ကြပ်မတ်ကာ သင်ပေးတော်မူခဲ့ပါသည်။ သို့သော် မောင်အုံးမောင်သည်
ဥာဏ်ထိုင်းသည်။ ဆရာတော်သင်ပေးသော စာအားလုံးကို စာသင်ခန်းမှ ထွက်လျှင်မေ့ပစ်လေ့ရှိသည်။
ဘာကိုမျှ ဟုတ်တိပတ်တိ မရတော့ပေ။ သို့ဖြစ်သဖြင့် ဆရာတော်သည် သူ့ကို လက်တွေ့သင်လက်တွေ့ဖတ် ဟူသော စနစ်ကို ပြောင်းကာ သင်ပေးတော်မူခဲ့ရသည်။ ထိုစနစ်သည် တော်တော်ထိရောက်မှုရှိပါပေသည်။
မောင်အုံးမောင်တစ်ယောက် စာကို တော်တော်လေးဖတ်တတ်လာချေပြီ။ တစ်နေ့ ဆရာတော်သည် သူ့၏ တပည့်ကျော်ကြီးမောင်အုံးမောင်တစ်ယောက် စာကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်တတ်လာလေပြီဆိုသည်ကို ကျောင်းသားများကို သိစေချင်သည်။ သို့ဖြစ်သဖြင့် ကျောင်းသားများ၏ ရှေ့မှောက်တွင် မောင်အုံးမောင်ကို စာဖတ်ပြခိုင်းလေသည်။ ဆရာတော်က ဖတ်ပြခိုင်းသော စာသည်ကား အောက်ပါအတိုင်းဖြစ်သည်။
“လျှက်ဆာတစ်ဒါဇင် (၈ိ. ၈ဲ) ”ပင်ဖြစ်သည်။ မောင်အုံးမောင်တို့ခေတ်က “ ရှစ်ကျပ် ကို (၈ိ) ဟု ရေး၍ ရှစ်ပဲ ကို
(၈ဲ) ဟု ရေးလေ့ရှိသည်။ဆရာတော်သည် မောင်အုံးမောင်ကို
“အုံးမောင် ဒီစာကို ကျောင်းသားတွေကို ဖတ်ပြလိုက်စမ်း”ဟု မိန့်ကြားသောအခါ မောင်အုံးမောင်သည်
“လျှက်ဆားတစ်ဒါဇင်, လျှက်ဆားတစ်ဒါဇင်”ဟု ရှေ့မဆက်နိုင်ဘဲ ဖြစ်နေလေသည်။ ထိုအခါ ဆရာတော်သည် စိတ်ဆိုးကာ
“ရှေ့ဆက်ဖတ်လေကွာ”ဟု အော်ဟစ်ကာ ကျမ်းပြင်ကို ဒုတ်နှင့် ဗြန်းကနဲရိုက်လိုက်လေသည်။ မောင်အုံးမောင် တစ်ယောက် ဆရာတော်ကို ကြောက်ကြောက်နှင့် ဖတ်ပြလိုက်သည်ကား
“လျှက်ဆားတစ်ဒါဇင် ဂိ ဂဲ ”ဟု ပင် ဖြစ်လေသတည်း။ မောင်အုံးမောင်၏ ဖတ်ပြသံကို ကြားလိုက်ရသော ကျောင်းသားများသည် ဆရာတော်ကိုပင် မကြောက်တော့ဘဲ ခွက်ထိုးခွက်လန် ကျယ်လောင်စွာ ရယ်လိုက်ကြ လေသည်။ စာမရလျှင် မောင်အုံးမောင်ကို ရိုက်မည်ဟု ဒုတ်တကိုင်ကိုင်နှင့် ဟန်ပြင်နေသော ဆရာတော် သည်ပင် ဒုတ်ကိုပင် ဆက်လက်ကိုင်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ ဗိုက်ကို နှိပ်ကာ ရယ်တော်မူလေတော့သတည်း။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP