အကျေဆပ်။
(၁)
ဂုဏ်တော်ပွါးပြီး ဘုရားလည်း ရှိခိုးတတ်ပြီ…၊
နိဗ္ဗာန်ဆိုတာလည်း ကြားဖူးပြီ…၊
သံဃာ့ရင်ခွင်မှာလည်း ခုံလှုံနေရပြီ…။
(၂)
ငါ့အတွက်…
မပြည့်စုံမှုဆိုတာ ဘာရှိသေးလဲ…
မွေးကတည်းက မလိမ္မာတာလည်းရှိခဲ့…၊
မကြေညာတာလည်း ရှိခဲ့…၊
ရေးချင်တာလည်း ရေးဖူးခဲ့…၊
ဒီမိုကရေစီ ဆိုလည်း ၀င်နေဖူးခဲ့…၊
အမိမြေအတွက်တော့ ကြေကွဲရုံသက်သက်…၊
အားလုံးဟာ…
ငါ…ခွင့်လွတ်နိုင်ခဲ့တာချည်းပဲ…။
(၃)
ငါရက်စက်တာ…
ခြင်တွေကို လက်လွတ်စပယ်ရိုက်မိတာပဲ…၊
ရိုက်မိပြီးလည်း သတိဝင်ခဲ့…၊
ငါတော့ နင့်အတွက်ဆပ်ရဦး(အုံး)မှာဘဲ…၊
ငါအမြဲ သတိရှိခဲ့တယ်…၊
ခံဖို့လည်း ရဲရဲဘဲ…။
(၄)
ငါ့အကြွေး ငါမဆပ်ရင်…
ငါ့သံသရာက အတိုးချမှတ်ထားမှာဘဲ…၊
စောနိုင်သမျှစောစောပဲ…၊
ဆပ်မယ်…
ငါ စိတ်စောနေခဲ့…၊
လာခဲ့ ငါ့အလှည့်။ ။
ကိုပိန်
(၃၁.၀၃.၂၀၁၀)

0 comments:
Post a Comment