* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 2, 2010

သဗ္ဘိသုတ်

(ပါ-၁၆မြန်-၁၅)


သူတော်တရား ဟောဖော်ကြား နာထားလာဘိ နတ်ပေါင်းရှိ။
နတ်နတ်သားခြောက်ဦး အမေးထူး လျှောက်ဖူးလေဘိ ထူးခြား၏ ။

၁။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ကိုယ်ပါမြတ်ဘိတရားသိ။
၂။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ပညာရှိဘိတရားသိ။
၃။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ပူဆာငြိမ်းဘိတရားသိ။
၎။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ဆွေညာလယ်ရှိတင့်တယ်၏။
၅။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ကောင်းရာလားဘိသုဂတိ။
၆။ သူတော်ကောင်းသာ ပေါင်းဖော်ရာ ချမ်းသာစွာဘိနေရ၏။
တစ်ပါးနတ်သား ထပ်မေးငြား စကားဆို၏ ကောင်းမွန်၏။

ဘုရားမြတ်စွာ စိန္တေယာ ပြန်ကာဆိုဘိ မိန့်လိုက်၏။
အားလုံးနတ်တွေ စကားလေ မှန်ပေကောင်းဘိဆိုကြ၏ ။
ထို့ပြင်တ၀ ငါပြောပြ နာကြဘိလေ နတ်ပေါင်းသိ။
သူတော်ပေါင်းတာ ဆင်းရဲဟာ သေချာလွတ်ဘိ ချမ်းသာ၏။
ရှိခိုးကာသာ နှစ်သက်ကာ ကွယ်ကာသွားဘိ နတ်ပေါင်းရှိ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP