၂၀၁၀ ဧပရယ်လိပ်စာသစ်။

တောင်ပံတွေချွတ်ချလိုက်တဲ့
သိက္ခာ
ဒီနှစ်ဧပရယ်လ်ဟာ
သူ့လိပ်စာနဲ့ သူလာတယ်
ရေစိုအောင်သာ
လွမ်းကြပေရော
အိပ်မက်တိတ္တုံကျမ်းဟောင်းအတိုင်း
ငါ့အိမ်တံခါးမှာမှ
ငါ့နာမည်အော်ခေါ်ရသေးပေါ့
အသံတွေ တိုးတာထက်
အသိတွေ တိမ်သွားတဲ့အထိ
ဝဋ်ကျွေးရှိသမျှ
ရက်ပေါင်းသုံးဆယ်ကိုပဲ
အငမ်းမရ
ထပ်ပြီးပွားလိုက်တော့
နှစ်ပေါင်းခြောက်ဆယ်
မိဂဒါဝုန်မှာ
ဥဒေါင်းတွန်သံတွေ
ပိုကြားတယ်
ရာစုသစ်ရိုးပြတ်တောက
အမေ့ရွာလေး
ပိတောက်အကြွေနဲ့
သီချင်းအသေတွေ
အမှတ်တရသိမ်းထားပေးပါနော်
အရိုးစုကမ္မဋ္ဌာန်းအလုပ်ရုံလေးဖြိုချ
ငါ့ကိုယ်ငါပဲ
လွှင့်တင်လိုက်တော့တယ်။
ဓမ္မဂင်္ဂါ ၁-၄-၂၀၁၀

0 comments:
Post a Comment