* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 2, 2010

မကွေးဆရာတော်ဘုရားကြီး၏ အန္တိမဈာပန





မကွေးဆရာတော်ဘုရားကြီး၏ အန္တိမဈာပန

မကွေးမြို့ မဟာဝိသုတာရာမ စာသင်တိုက်(တောင်စာသင်တိုက်) မှ ဆရာတော် ဦးသာသန ထံလျှောက်ထားမေးမြန်းခဲ့ရာ..။
နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် များ၏ အဓိပတိ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မကွေးတိုင်း မကွေးမြို့ မဟာဝိသုတာရာမ တိုက်သစ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ကြီး၊ သက်တော်(၈၈)နှစ်၊ သိက္ခာတော်(၆၈)၀ါရှိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသတ္တမဇောတိက၊ ဘဒ္ဒ န္တ ကုမာရ ဆရာတော်ကြီး၏ အန္တိမဈာပန ပူဇော်ပွဲအား (၁၃၇၁ ခု၊တန်ခူးလကွယ်နေ့၊ ၁၂-၄-၂၀၁၀) နေ့တွင် ကျင်းပပြုလုပ်ပါမည်။ (၄-၄-၂၀၁၀) မှစ၍ ညစဉ်ညတိုင်း တရားပွဲများကို ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိခဲ့ပါသည်။
အနယ်နယ် အရပ်ရပ်မှ တပည့်သံဃာတော်များ၊ ဒယိကါ၊ ဒယိကါမများနှင့် အလှူရှင်များအနေဖြင့် အသေးစိတ် သိရှိလှူဒါန်းဆက်သွယ်လိုပါလျှင် မကွေးမြို့၊ မဟာဝိသုတာရာမ တိုက်သစ်၊ ဖုန်းနံပါတ်( ၀၆၃-၂၃၇၅၅ နှင့် ၀၆၃-၂၆၈၈၁ )သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြပါကြောင်း ဆရာတော်ဦးသာသန ထံမှ သတင်းအတည်ပြုရရှိခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
မကွေးမြို့။
၃၀-၃-၂၀၁၀ ၊ ည(၁၀း၁၀)နာရီ၊ ရေး၏။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP