* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 2, 2010

ကုလားမလေးဓာတ်ပုံ အသုံးပြုမိခြင်းကိစ္စ။

Posted by ကိုနော Thursday, April 1, 2010
တစ်နေ့သ၌ကိုနောတို့ဗာရာဏသီဘန္တေတစ်စုသံသုမာရဂိရိမြို့သို့ကြွချီတော်မူကြသည်။ထိုမြို့လေးသည်ကို
နောတို့နေထိုင်ရာမိဂဒါဝန်နှင့်ကီလိုမီတာ(၅၀)ခန့်ဝေးသည်။သုသုမာရဂိရိဟုလည်းကျမ်းဂန်များ၌သုံးနှုံးတတ်
သည်။မိချောင်းနှင့်တူသော တောင်တန်းရှိသောမြို့ဟုဆိုနိုင်သည်။ထိုမြို့လေးသို့ ဘုရားရှင်မကြာမကြာကြွ
ရောက်တတ်ပြီးရှစ်ဝါမြောက်ဝါကပ်တော်မူခဲ့သည်။ရှေးဘ၀တစ်ခု၌ဘုရားရှင်၏မိဘများဖြစ်ခဲ့ဖူးသောနကုလ
ပိတာနှင့်နကုလမာတာတို့နေထိုင်ရာမြို့လည်းဖြစ်သည်။ဘုရားရှင်၏အထိမ်းအမှတ်နေရာများ၌စိုက်ထူထား
သောအသောကကျောက်တိုင်များထွက်ရာနေရာလည်းဖြစ်သည်။ယခုအခါကျူနားဟုေါ်ကြသည်။ကုလားများ
ကိုမေးလျှင်မဟာဘဏ္ဍာရီဒေ၀ီဘုရားကျောင်းဟုမေးမှသိကြသည်။တောင်ကုန်းလေးအပေါ်၌ဟိန္ဒူနှင့်ဗုဒ္ဓဘာ
သာဘုရားကျောင်းနှစ်ခုရှိသည်။တောင်ခြေ၌ မွတ်စလင်သချုင်္ီင်းရှိသည်။တစ်ချိန်က ဓာတ်တော်ကိန်းဝပ်ရာ
ကျောင်းတော်ရှိကြောင်းအသောကကျောက်စာကဆိုသည်။
အခြားဘန္တေများအသောကကျောက်စာရှိရာကျောင်းတော်၌ဘုရားအာရုံပြုနေကြသည်။ကိုနောကတော့အစဉ်
အလာအရ ကုလားများကြားရော၍ စပ်စုနေသည်။ကုလားများသည်ဗုဒ္ဓဘာသာရဟန်းတော်များအပေါ်အမြင်
အမျိုးမျိုးရှိကြသည်။ပညာတတ်လူကြီးများကဗုဒ္ဓဘာသာရဟန်းတော်များမှန်းသိ၍ရိုရိုသေသေဆက်ဆံတတ်
သည်။ပညာမတတ်သောလူကြီးကဇာတ်နိမ့်ထင်၍ခပ်နှိမ်နှိမ်ဆက်ဆံတတ်သည်။အိန္ဒိယရှိဗုဒ္ဓဘာသာဘုန်းကြီး
အများစုမှာ ဇာတ်နိမ့်များဖြစ်ကြသည်ကိုးး။ ပညာမတတ်သောလူငယ်များက ပခုံးတစ်ဖက်ဖေါ် ကတုံးများကို
ပြောင်စရာနောက်စရာအဖြစ်သတ်မှတ်ကြသည်။ပညာတတ်သောလူငယ်များကတော့ သူငယ်ချင်းလိုပင်ခင်
ခင်မင်မင်ဆက်ဆံတတ်ကြသည်။
တောင်ကုန်းလေးအပေါ်မှကောင်းလေးတစ်ယောက်,ကောင်မလေးနှစ်ယောက်ပျော်ရွှင်စွာခုန်ပေါက်ဆင်းပြေး
လာသည်။ကိုနောဓာတ်ပုံလှမ်းရိုက်သည်။ဗြုန်းဆို...အကြီးမလေး ကိုနောဘေးရောက်လာသည်။
`ဟေ့....ဘာလုပ်တာလဲ´
`ဓာတ်ပုံရိုက်တာ´
`ဘယ်သူ့ကို ရိုက်တာလဲ´
`နင်တို့ကို ရိုက်တာ´
`ဘယ်ကလည်း´
`ဗာရာဏသီ ဆာရနာထ်က´
`ဒါဆို အမျိုးတွေပဲ...ငါတို့က ချာဝနီက´
`ချာဝနီက သူဋ္ဌေးရပ်ကွက်ပဲ´
`ငါတို့က သူဋ္ဌေးတွေ မဟုတ်ဘူး....ငါတို့နဲ့ ဓာတ်ပုံ ရိုက်မလား´
`ရိုက်မှာပေါ့´
ကောင်လေးကို လှမ်းကြည့်သည်။ကောင်လေးက ခေါင်းညိတ်ပြီး ကင်မရာပြင်လိုက်သည်။ဓာတ်ပုံရိုက်သည်။
`ရော့...ကိုယ့် ကင်မရာနဲ့လည်း ရိုက်ဦး´
`ဘယ်သူ့ကို ပြဖို့လဲ´
`ကိုယ်ကြည့်ဖို့ပေါ့´(ကောင်းမလေးပြုံးလိုက်သည်ဟုထင်သည်။)
`ဗာရာဏသီရောက်မှ တွေ့ကြမယ်´
`ထိကေ(အိုကေ)´
ဝူး.....ဘလူး....ဟူးးဟူးး....ဘိုင်...။(သူတို့ ဆိုင်ကယ်လေးနဲ့ထွက်သွားကြသည်။)
နာမည်မသိ,ဘာမှန်းမသိရသောကောင်မလေးကို ဗာရာဏသီ၌ထပ်မတွေ့ရချေ။
ဒီလို လျှိုထားလိုက်တာပဲ ကောင်းမယ်ထင်ပါတယ်လေ...နော်။

ကိုနော
၁.၄.၂၀၁၀
(အရူးချိန်ကုန်သွားပြီနော်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP