* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 2, 2010

၁၃၇၁ ၏ သြဝါဒကထာ ( ၁၃၇၂-အတွက် )

ညီငယ်နှစ်သစ် ၊ မှတ်သားရစ် ၊ ဒီနေ့အစ်ကို သွားတော့မယ် ။
မနှစ်ကလည်း ၊ ဒီအချိန်ပဲ ၊ ကိုကြီးငါ့ကို ခွဲခဲ့တယ် ။
တို့ကိုသတ်မှတ် ၊ လူ့လုပ်ရပ် ၊ ညီမြတ်နားလည်ထားသင့်တယ် ။

အသစ်ကြိုဆို ၊ သဲသဲပို ၊ မိုးပြိုသလားထင်ရတယ် ။
ဟောင်းတဲ့တစ်နေ့ ၊ မေ့ပျောက်ပစ် ၊ ခဲပစ်သလောက်လွယ်ကြတယ် ။
နှစ်သစ်,နှစ်ဟောင်း ၊ နာမည်ပြောင်း ၊ ဗလောင်းဗလဲပေးတတ်တယ် ။

ဘာပဲဖြစ်ဖြစ် ၊ ငါ့ညီချစ် ၊ ဒီနေ့မင်းကိုကြိုလိမ့်မယ် ။
နာမည်ဆန်းထူး ၊ နှစ်သစ်ဦး ၊ အရူးဘုံမြှောက်ပေးလိမ့်မယ် ။
ဆယ့်နှစ်လလွန် ၊ မင့်နာမံ ၊ တဖန်နှစ်ဟောင်းတွင်လိမ့်မယ် ။
ဟောင်းသောနွမ်းသော ၊ ထင်ရာပြော ၊ ရေနှင့်ဆေးကြောကြလိမ့်မယ် ။

စိတ်နေပြောင်းလဲ ၊ လူ့အသဲ ၊ မတွေးရဲအောင်ရှိလှတယ် ။
လူတို့သဘော ၊ ကာရံနှော ၊ အစ်ကိုမင်းကိုပြောခဲ့တယ် ။
ညီငယ်နှစ်သစ် ၊ မှတ်သားရစ် ၊ ဒီနေ့အစ်ကိုသွားတော့မယ် ။

( ၁၃၇၁ ခုနှစ်ရဲ့ကိုယ်စား အကြိုခံစားရေးဖွဲ့လိုက်ပါ၏ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP