* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 22, 2009

စပ္မိစပ္ရာ

၁-၁၀-၂၀၀၉ ရက်နေ့ နံနက် ကော့သောင်းမြို့ကို ရောက်ခဲ့တယ်၊ ကထိန်အလှူ ကိစ္စနဲ့ဆိုပါတော့၊ ရောက်လို့မှ တစ်နေ့တောင်မှ မပြည့်သေး၊ ဖုန်းလာတယ်၊ ကျောင်းမှာ အလှူလုပ်ချင်လို့ သင်္ကန်းကပ်ချင်လို့ ဆိုပြီး ဖုန်းတွေကလဲ တဂွမ်ဂွမ်၊ အလုပ်ကို ရှုပ်လို့………….
မမျှော်လင့်တဲ့စကားတစ်ခွန်း ကြားလိုက်ရပါတယ်။ “ဘုန်းဘုန်းဘုရား…မန္တလေးမှာ ဘုန်းဘုန်းရဲ့ ‘သန်းခေါင်ယံ အမေးအဖြေ’ စာအုပ်နဲ့ ‘တုနှိုင်းမမီ’ စာအုပ် ရောင်းအားကောင်းတယ်ဘုရား၊ အခုပဲ တစ်မျိုးကို စာအုပ်၊ အုပ်ငါးဆယ်စီ ရောင်းရငွေကို ရှင်းပေးလိုက်ပြီဘုရား” ဒါက ဆရာလေး မဓမ္မစာရီ ဆီက လာတဲ့ ကောင်းသတင်းလေးပါ။
စာအုပ်တိုက်ကို စာအုပ်ပို့ထားပြီး တစ်လအကြာမှာ အခုလို သတင်းကြားလိုက်ရတာပါ။
ကြားရတဲ့စကားကြောင့် ပီတိသောမနဿများ တဖွားဖွားဖြစ်ခဲ့ရသလို စာပေနယ်မှာ အတိုင်းအတာတစ်ခုအထိ ရလာတာကို တွေးမိပြီး၊ စာပေနယ်ထဲ ဆက်လက်လျှောက်လမ်းဖို့အတွက် တွန်းအားတွေ ဖြစ်ခဲ့တယ်ဆိုပါတော့။
နောက်တစ်အုပ်လည်း ကြိုးပမ်းနေရာက စာပေစိစစ်ရေးကျလာပါပြီ၊ စိစစ်ရေးက တစ်ချို့စာလေးတွေ အဖြတ်ခံရတယ်။ အရေးမကြီးပါဘူး၊ ကင်းကင်းရှင်းရှင်းဖြစ်ဖို့က စာရေးသူရဲ့ ဆန္ဒပါ။
ကြွားလိုက်အုံးမယ်…အခုဆိုရင် ကော့သောင်းမှာ အင်တာနက်သုံးရတာ အဆင်ပြေတယ်၊ အဲဒါလဲ ဒကာများရဲ့ကောင်းမှုကြောင့်ပါ။ THAI , CDMA WIFI စနစ်နဲ့ သုံးရတယ်။ speed – 3.1mbps ဆိုတော့ မြန်တယ်။ FTP နဲ့ audio file upload တင်ရတာလည်း စိတ်ချမ်းသာစရာကောင်းလှပေါ့။ အင်း……အကြာကြီးနေရ ကောင်းမှာ၊ ဒါပေမဲ့ လူတွေမှာ လူမှုကိစ္စရှိသလို ဘုန်းကြီးများမှာ လည်း ဘုန်းကြီးကိစ္စ များလှတာမို့ မကြာခင်ပြန်ရအုံးမှာပေါ့၊ စာရေးသူတို့ မြို့မှာလည်း cdma wifi , 3.1mbps ကို ဘယ်တော့များမှ ရမလဲလို့ မတွေးရဲ တွေးရဲ တွေးနေမိနေလေရဲ့……


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP