* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 22, 2009

မြန်မာ့အားမာန် အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ ဖိတ်ကြားလွှာ


မြန်မာ့အားမာန် ပညာရေးလေ့ကျင့်သင်တန်းကျောင်းတော် လက်တွေ့အသုံးချ ကွန်ပြူတာသင်တန်း
အမှတ်စဉ် ၂/၂၀၀၉ သင်တန်းပြီးဆုံးအောင်မြင်ခြင်း အခမ်းအနား ဖိတ်ကြားလွှာ
မလေးရှားနိုင်ငံ အတွင်း မှီတင်းနေထိုင်လျှက်ရှိကြပါကုန်သော ရွှေမြန်မာအပေါင်း တို့… ခေတ္တ/အမြဲ မလေးရှား နိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်လျှက်ရှိပါကုန်သော ရွှေမြန်မာ စေတနာရှင်အပေါင်းတို့၏ စုပေါင်း ကုသိုလ်ယူ ပါဝင်လှူဒါန်းမှု့ .ကိုအောင်ဆန်းဦး မသန်းသန်းဋ္ဌေး မိသားစုအပေါင်းတို့၏ မတည် လှူဒါန်းမှု့ တို့ဖြင့် ညောင်ကန်အေး ပုည၀ဎနအသင်းကြီမှ ဦးဆောင်စီစဉ်ဖွင့်လှစ်အပ်သော မြန်မာ့အားမာန် ပညာရေးလေ့ကျင့်သင်တန်းကျောင်းတော်သည် ပညာလိုလား လူငယ်များအတွက် ရည်ရွယ်လျှက် လက်တွေ့အသုံးချ ကွန်ပြူတာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျှက်ရှိရာ ယခုအခါတွင် ဒုတိယမြောက် အပတ်စဉ်ကို အောင်မြင်စွာ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီးဖြစ်ပါသည်။
သင်တန်းကြီးတွင် ပါဝင်ပို့ချ ပညာဒါနပြုခဲ့ကြသော ဆရာဆရာမများအား ဂုဏ်ပြုခြင်း နှင့်အတူ သင်တန်းကာလပြီးဆုံးအောင် တက်ရောက်လေ့လာ သင်ယူခဲ့သော သင်တန်းသား သင်တန်းသူတို့အား သင်တန်းဆင်းလက်မှတ် အပ်နှင်းခြင်းအခမ်းအနားကို (၂၅ .၁၀ .၂၀၀၉ ) တနင်္ဂနွေနေ့ နံနက်တွင် မြန်မာ့အားမာန် ပညာရေးလေ့ကျင့်ရေးသင်တန်းကျောင်းတည်ရာ ညောင်ကန်အေးသာသနာ့ရိပ်သာ ကြီးတွင်အစီစဉ်တကျ ကျင်းပမည်ဖြစ်ပါသည်
သို့ဖြစ်ရာ အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက် ထောက်ပံ့လျှက်ရှိပါကုန်သော စေတနာရှင် ကုသိုလ်ရှင်များနှင့်အတူ ပညာရှင်ကြီးများ .သင်တန်းနည်းပြ ဆရာဆရာမများ. သင်တန်းသူ သင်တန်းသား များ အားလုံးတို့အား ၂၅.၁၀.၂၀၀၉ တနင်္ဂနွေနေ့ နံက် ၉ နာရီအရောက် မပျက်မကွက် ပါဝင်တက်ရောက်နိုင်ပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
တာဝန်ခံ
မြန်မာ့အားမာန် ပညာရေးလေ့ကျင့်သင်တန်းကျောင်း
ဖုံး ၀၁၃၃၀၆၈၈၂၀


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP