အောက်တိုဘာ (၂၂)
မနက်ဖြန် ....မနက်ဖြန်....
အော် ဘာလိုလိုနဲ့
မနက်ဖြန် အမေရိကကိုရောက်တာ
နှစ်နှစ်တောင် ပြည့်ခဲ့ပြန်ပေါ့။
တဖြေးဖြေးနဲ့ရွေ့လာတဲ့ မနက်ဖြန်၊
ခရီးတွေလည်း မပြီးဆုံးခဲ့ပြန်။
စနိုးကိုလည်း ချစ်ခဲ့၊
ဆောင်းနှင်းကိုလည်း တွယ်ခဲ့၊
ခုတော့ နှစ်ပတ်လည် နေ့ရက်နဲ့ စနိုးနဲ့လည်း ဝေးခဲ့ပေါ့။
စနိုးလေးရေ ...
မင်းကတော့ အောက်တိုဘာရဲ့ လေပြေအေးနဲ့တူတူ
ဖွေးဖွေးဖြူနေရောပေါ့။
ငါတော့ မှန်းဆတမ်းတယုံကလွဲလို့
ဘာတတ်နိုင်ဦးမလဲ။
ဘာဖြစ်ဖြစ် ...င့ါရဲ့ ခြေချလာတဲ့
နေ့ရက်မှာ မင်းကြိုဆိုခဲ့သလိုပဲ
မနက်ဖြန်ကျရောက်လာမဲ့
မနက်ဖြန်ရဲ့
အောက်တိုဘာ (၂၂)နေ့ကိုလည်း
ငါ့ကိုလွမ်းတဲ့အနေနဲ့ ဖွေးဖွေးဖြူအောင်
ရွာချလိုက်စမ်းပါ မေပယ်စနိုးရယ်။

0 comments:
Post a Comment