* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 22, 2009

*ဗုဒ္ဓ၏ နေ့စဉ်အလုပ်များ*


မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးချိန်မှ ပရိနိဗ္ဗာန်ပြုတော်မူသည့်အချိန်ထိ (၄၅)၀ါပတ်လုံး
သတ္တ၀ါတို့အား တရားရေအေးအမြိုက်ဆေးကိုနေ့စဉ်တိုက်ကျွေးခဲ့ပါသည်။
ဗုဒ္ဓရှင်တော်မြတ်သည် နံနက်စောစောထ၍ ယနေ့အဖို့ ကျွတ်ထိုက်သူများကို ဥာဏ်တော်ဖြင့် ဖြန့်၍
ကြည့်ရှု့တော်မှု၏။ဥာဏ်တော်အတွင်း၌ ပါဝင်တွေ့မြင်လာလျှင်သင့်တော်သောအချိန်၌ ထိုသူရှိရာ
ကြွ၍ တရားဟောတော်မူ၏။နံနက်မိုးသောက်သော် အလင်းရောက်သောအခါ ရောက်လေရာ မြို့ရွာ
တွင်းသို့ကိုယ်တော် တစ်ပါးတည်းသီးခြားဖြစ်စေ၊ ရဟန်းတော်များနှင့်အတူဖြစ်စေ ထိုက်သလိုဆွမ်းခံ
ဝင်တော်မူ၏။ထို့သို့ဆွမ်းခံတော်မူရင်းမကြာမကြာတရားဟော၍အကျွတ်တရားရစေတော်မူ၏။ဆွမ်း
ခံပြန်၍ ဆွမ်းဘုဉ်းပေးတော် မူပြီးနောက် ရဟန်းတော်အားလုံး ဆွမ်းစားပြီးသည့်တိုင်အောင်စောင့်
ဆိုင်းတော်မူပြီးလျှင် စုံညီသည့်အခါ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” အစရှိသော သြ၀ါဒကိုပေး
တော်မူ၏။ထိုနေရာ၌အချို့ရဟန်းတို့အား ကမ္မဋ္ဌာန်း ပေးတော်မူ၏။ထို့နောက်ဂန္ဓကုဋ္ဋိသို့ဝင်တော်
မူ၍ တစ်ခဏမျှ ကျိန်းစက်လိုလျှင်ကျိန်းစက်တော်မူ၏၊ထို့နောက် ထတော်မူ၍ ချွတ်ထိုက်သူများကို
ကြည့်တော်မူပြီးလျင်နေလွဲအချိန်၌ တရားတော်နာ လာကြသော ပရိတ်သတ်တို့အား တရားဟော
တော်မူ၏။ညနေစောင်း၍ပရိတ်သတ်များပြန်သွားသောအခါ ရေသုံးသပ်တော်မူ၏။ထို့နောက်တစ်ခ
ဏမျှတစ်ပါးတည်းကိန်းအောင်းတော်မူသည်။
နေ၀င်၍မကြာခင် ရဟန်းတော်များ ရောက်လာကြ၏။တချို့ကပြသနာမေးကြ၊ တစ်ချို့က ကမ္မဋ္ဌာန်း
တောင်းကြ၊တချို့ကတရားဟောတော်မူရန်တောင်းပန်ကြ၏။ဗုဒ္ဓရှင်တော်မြတ်လည်းအားလုံးအလိုကို
ဖြည့်ပေးတော်မူ၏။ထိုရဟန်းများပြန်သွားသောအခါညဉ့်ဦးယံကုန်လွန်၍(၁၀)နာရီကျော်လူခြေတိတ်
ချိန်လောက်ရောက်နေလေပြီ။ထိုအခါနတ်ဗြဟ္မာအများပင်ဘုရားဖူးတရားနာပြဿနာမေးလာကြ၏။
ထိုနတ်ဗြဟ္မာများလည်း အလိုပြည့်၍ပြန်ကြသောအခါ သန်းခေါင်ကျော်၍ နာရီပြန်(၂)ချက်လောက်
ရှိပေမည်။ထိုအခါမှစ၍ နောက်ဆုံးမိုးသောက်ယံကို(၃)ပိုင်းပိုင်းပြီးလျှင်ပထမပိုင်းအချိန်ဝယ်တစ်နာရီ
ကျော်ကျော်စင်္ကြံလျှောက်တော်မူ၏။(တစ်နေ့လုံး တစ်ညလုံးအထိုင်များသောကြောင့်အညောင်းဖြေ
တော်မူခြင်းဖြစ်ဟန်တူပါသည်။)ဒုတိယပိုင်းအချိန်၌ ဂန္ဓကုဋ္ဋိသို့ဝင်တော်မူ၍ လျောင်းစက်တော်မူ၏။
တတိယပိုင်းအချိန်၌ကား အစ၌ပြခဲ့သည့်အတိုင်းချွတ်ထိုက်သူများကိုကြည့်ရှု့တော်မူကာထို့နေ့အ
တွက်ကိစ္စလုပ်ငန်းများကိုစတော်မူပြန်သည်။
အထက်ဖော်ပြပါတို့သည် မြတ်စွာဘုရားရှင်၏ နေ့စဉ်လုပ်ဆောင်သောတစ်နေ့တာလုပ်ငန်းများပင်
ဖြစ်ပါသည်။ဤသို့အားဖြင့် မြတ်စွာဘုရားရှင်သည် သက်တော် (၈၀) ပရိနိဗ္ဗာန်ပြုတော်မူသည်အထိ
ဆောင်ရွက်ခဲ့ပါသည်။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP