* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 30, 2011

လည်.. ကိုယ်လှပ၊ ဘောဂ ခြွေရွေ

မတ်စွာဘုရားရှင်ဟာ အလောင်းတော်သူမြတ်ဖြစ်စဉ်ဘ၀များစွာတွေမှာ သတ္တ၀ါများရဲ့ ကြီးပွားချမ်းသာကြောင်းကို အလိုရှိတော်မူပါတယ်။ ပြုလေသမျှ ကိစ္စအ၀၀မှာ ပရဟိတ- သူတစ်ပါးအကျိုးစီးပွား ဖြစ်ထွန်းမှုကိုပဲ အထူးဂရုပြု အာရုံစိုက်တော်မူပါတယ်။

သတ္တ၀ါတွေဟာ ဘယ်လိုနည်းနဲ့များ ကိုးကွယ်ရာအစစ်အမှန်ကို ယုံကြည်သက်ဝင်ခြင်း သဒ္ဓါ၊ ကိုယ်ကျင့်တရား ကောင်းမွန်မှုသီလ၊ အကြားအမြင် များမှု သုတ၊ စွန့်ကြဲပေးကမ်းခြင်း စာဂ၊ အရာရာဆင်ခြင်တိုင်းထွာ ကောင်းစွာ သိမြင်နိုင်မှု ပညာ၊ မကောင်းမှုမှရှက်ခြင်း ဟီရိ၊ မကောင်းမှုကိုကြောက်လန့်ခြင်း သြတပ္ပစတဲ့ သူတော်တော်ကောင်း ဥစ္စာ (၇)ပါးနဲ့ ကြီးကျယ်မြင့်မြတ်ကြပါ့မလဲလို့ ကြံစည်ပွားများအားထုတ်တော်မူခဲ့ပါတယ်။

တစ်ခါတုန်းက ဘုရားအလောင်းတော်ဟာ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးရဲ့ သားတော်ဖြစ်ချိန် အရွယ်ရောက်လာတော့ ပညာသင်ကြားပြီါ် တက္ကသိုလ်ပြည်က ပြန်လာတဲ့အခါ ခမည်းတော်မင်းကြီးက သားတော်ကို အိမ်ရှေ့စံအရာ အပ်နှင်းလိုက်ပါတယ်။

အဲဒီအချိန်မှာ ဗာရာဏသီပြည်သူပြည်သားတွေဟာ နတ်ကိုးကွယ်သူတွေများပြီး ကြက်-၀က်စတဲ့ တိရိစ္ဆာန်တွေကို သတ်ဖြတ်ပြီး ယဇ်ပူဇော်သူတွေ များလှပါတယ်။ ဒါကိုသိတဲ့ ဘုရားအလောင်းဟာ အကုသိုလ်စရိုက်တွေ ထူပြောနေကြတယ် တိုင်းပြည်ပေါ်မှာ ပါဏာတိပါတတိမ်တိုက်တွေ အုပ်မိုးနေတယ် ငါမင်းအဖြစ်ရောက်ခဲ့လိုရှိရင် ဒီ အကုသိုလ်တိမ်တိုက်ကြီးကို ဥပါယ်တံမျဉ်၊ ပရိယာယ်တစ်မျိုးနဲ့ ဖယ်ရှားပစ်ရမယ်လို့ ကြံစည်စိတ်ကူးနေပါတယ်။

တစ်နေ့မှာတော့ အိမ်ရှေ့မင်းသာ ဟာ ရထားစီးပြီး မြို့ပြင်ထွက်လာတဲ့အခါ ညောင်ပင်ကြီး တစ်ပင်အောက်မှာ လူအများစုပြီး ညောင်ပင်စောင့်နတ်မင်းထံ ဆုတောင်းနေကြတာကို တွေ့ရတာမို့ အိမ်ရှေ့မင်းသားလည်း အများပြည်သူတွေ နည်းတူ ပန်း၊ နံ့သာ၊ ဆီးမီးတွေနဲ့ ပူဇော်ဟန်ပြုပြီး တစ်စုံတစ်ရာဆုတောင်းဟန် ပြုပါတယ်။ အဲဒီအချိန်က စပြီး အိမ်ရှေ့မင်းသားဟာ အဲဒီ ညောင်ပင်ကြီးအောက်ကို မကြာခဏရောက်ရောက် လာတတ်ပါတယ်။

ခမည်းတော်ကြီး နတ်ရွာစံပြီး ဘုရင်မင်းမြတ်ဖြစ်လာတဲ့ ဘုရားအလောင်းတော်ဟာ ညီလာခံတစ်ခု ခေါ်ယူစည်းဝေးကာ အချင်းတို့၊ ငါ့အဘယ်ကြောင့်မင်း အဖြစ်ရလာတယ်ဆိုတာ သိကြသလား...လို့ အစည်းအဝေးလာ ပရိသတ်ကိုမေးပါတယ်။ အမတ်တွေက မသိကြောင်းပါ လျောက်ထားတဲ့အခါ မြိုတော်အပြင်ဘက်က ညောင်ပင်ကို ငါရှိခိုး ပူဇော်တာမြင်ဖူးကြသလား လို့ ဆက်ပြီါ်မေးမြန်းပါတယ်။ ငါဟာ ညောင်ပင်စောင့်နတ်ကို ကိုးကွယ်လို့ မင်းအဖြစ်ရခဲ့ရင် ငါ့နိုင်ငံတော်အတွင်းမှာ ပါဏာတိပါတ စတဲ့ ကံငါးပါးကျူးလွန်တဲ့သူတွေနဲ့ ဒုစရိုက်ဆယ်ပါး ပြုလုပ်နေသူတွေရဲ့ အသွေး၊အသား၊ အူသိမ်တွေနဲ့ ညောင်ပင်စောင့်နတ်ကြီးကို ပူဇော်ပါမယ်လို့ ကတိပြုထားခဲ့တယ်။ အခုအခါ အဲဒီကတိအတိုင်း ဆောင်ရွက်ဖို့ တာဝန်ရှိလာပြီမို့ သင်တို့ဟာ ပါဏာတိပါတစတဲ့ ဒုစရိုက်အမှု ကျူးလွန်ပြုလုပ်သူပေါင်းတစ်ထောင်ကို ရှာဖွေပြီး ယဇ်နတ်ပူဇော်ဖို့ ဆက်သွင်းကြရမယ်...လို့ အမိန့်တော်မြတ် ချမှတ်ပေးလိုက်ပါတယ်။

အမတ်တွေလည်း ဘုရင်ရဲ့အမိန်တော် အတိုင်း စည်လည်တီးပြီး ယဇ်ကောင်ရှာကြပါတယ်။ စည်သံကြားချိန်ကစပြီး သူ့အသက် သတ်သူ၊ ငါးပါးသီလကျူးလွန်သူ၊ ဒုစရိုက် ၁၀ပါးပြုလုပ်သူဆိုတာ တစ်ယောက်မျှ မရှိတော့ပါဘူး။

အဲဒီနည်းနဲ့ ဘုရားအလောင်းတော်ဟာ မိမိနိုင်ငံအတွင်း အကုသိုလ်ဒုစရိုက်မှုတွေကို ဘယ်သူ့ကို မျှ မညှဉ်းဆဲရဘဲနဲ့ ကင်းပျောက်အောင် ဆောင်ရွက်ပြီး သက်တမ်းကုန်တော်မူတဲ့အခါ နတ်ပြည်သို့လားတော်မူ ပါတယ်။


အဲဒီလို ထူးခြားတဲ့ အကြောင်းကောင်းမှုတွေကြောင့် အလောင်းတော်သူမြတ်ဟာ တုသိတာနတ်ပြည်မှာ ဂုဏ်ထူး (၁၀)ပါးနဲ့ တခြားနတ်တွေ ထက်သာလွန်ထူးကဲ့စွာ ခံစားစံစားရပါတယ်တဲ့။ မဟာပုရိသ လက္ခဏာတော်ကြီး ၃ပါးနဲ့ ပြည့်စုံတော် မူတာ ကြောင့် အလောင်းတော်သူမြတ်ဟာ လူ့ဘောင်မှာ နေရင် စကြာမင်းဖြစ်ပြီး မင်းအသုံးအဆောင်ခပ်သိမ်းသော စည်းစိမ်ချမ်းသာ၊ အခြွေအရံတွေ ကနေ မလျော့ပါး၊ မဆုတ်ယုတ်ခြင်းဆိုတဲ့ အကျိုးတရားကို ရတော်မူကာ၊ တောထွက်ပြီး ရဟန်းပြုရင်တော့ သဗ္ဗညုတဗုဒ္ဓမြတ်စွာ ဖြစ်တော်မူကာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာအစရှိတဲ့ လောကီ လောကုတ္တရာ ဂုဏ်ကျေးဇူးအစုစုတို့မှ မလျော့ပါး၊ မဆုတ်ယုတ်ခြင်းဆိုတဲ့ အကျိုးဆက်ကို ရတော်မူပါတယ်။

လည်.. ကိုယ်လှပ၊ ဘောဂ ခြွေရွှေ၊ မယုတ်ပေတည်း။

ညခင်း
26.6.2011

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP