* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 30, 2011

လှူဒါန်းခြင်းအကျိုးကျေးဇူး


ဆွမ်းလှူကျိုး ၅ ပါး
သက်ရှည်၊ ဆင်းလှ၊ သုခ၊ ခွန်အား၊ ပညာများ ငါးပါးဆွမ်းအကျိုး။


ပန်းလှူကျိုး ၃ ပါး
ပန်းလိုလှပ၊ ဘဝရုပ်ရည်၊ ခန္ဓာကိုယ်တွင်း သန့်ရှင်းပေသည်၊ နံစော်ကင်းလို့၊ ခံတွင်းမွှေးကြည်၊ ပန်းလှူကျိုး သုံးမျိုး ရနိုင်သည်။

ရေလှူကျိုး ၁၀ ပါး
လျင်မြန် သန့်ရှင်း၊ စင်ကြယ်ခြင်းနှင့် လွတ်ကင်းမွတ်သိပ်၊ မဆိတ်ခြံရံ၊ ဒီဃံသက်ရှည်၊ ရုပ်ရည်ဆင်းလှ၊ သုခခွန်အား၊ ပညာများ၊ ဆယ်ပါး ရေအကျိုး။

မီးလှူကျိုး ၂ ပါး
ဘုရားရှင်အား၊ စိတ်ထားကြည်ဖြူ၊ ဆီမီးလျှပ်ပန်း၊ လှူဒါန်းသောသူ၊ စက္ခုမံသ၊ ဉာဏနှစ်ဆူ၊ ကြည်လင်၏၊ ဖြစ်ဘိဉာဏ်ကြီးသူ။
၁။ မံသစက္ခု - ပကတိမျက်စိ ကြည်လင်အားကောင်းခြင်း။
၂။ ဉာဏစက္ခု - အသိဉာဏ် မျက်လုံးအား ကောင်းခြင်း။


တံမြက်လှည်းအကျိုး ၅ ပါး
ကိုယ့်စိတ်သူ့စိတ်၊ ယိုဖိတ်ကြည်လင်
နတ်တို့လေးစား၊ လွန်ပွားချစ်ခင်
ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်
နတ်ပြည်ရောက် ထွန်းတောက် ကျိုးငါးအင်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP