* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 30, 2011

ခြင်္သေ့ လည်ပြန်

အဓမ္မ၀ါဒီများဖေါ်ထုတ်ဟန့် တားတဲ့  အသင်းလေးရယ်လို့  ဖြစ်လာတော့ အားပေးတဲ့ သူလဲ ရှိသလို ကန့် ကွက်ရှုံ့ ချတဲ့ သူတွေလဲ ရှိပါတယ်။
လောကဓံ တရားထဲ အ၀င်မို့ မဆန်းလို့ ပြောလို့  ရသလို အသင်းအနနဲ့ လဲ မိမိဦးတည်ရာကို လျှော့လိမ့်မယ်လို့ မဟုတ်ပါ ။
ဒါပေမဲ့  ခြင်္သေ့ လည်ပြန်ပေါ့လေ ။ ကန့် ကွက်ကြသူတွေ ဆဲဘာပေးကြသူတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ကြစို့  ။

@အုပ်စု ၁) အသင်းမှ အဓမ္မ၀ါဒီအဖြစ်ဖေါ်ထုတ် ခံရသူများနဲ့  အပေါင်းပါများ @
ဒီပုဂ္ဂိုလ်တွေကိုတော့  အထူးပြောစရာမရှိလို့ ဘဲ ဆိုပရစေ ။
နိုင်ငံတော်သီးခြားခုံရုံး အမှတ် ၂) လူသေလူဖြစ်ဝိနိစ္ဆယဆရာတော်များ မိန့် ကြားခဲ့သလိုပါဘဲ ။
မိမိဘာသာ ယူချင်တဲ့  အယူယူခြင်းသည် ခုံရုံးရောက်ကြောင်းမဟုတ် ။ ဗုဒ္ဓဘာသာလို့  အမည်ခံပြီး ဗုဒ္ဓဟောမြွက်တော်မူသော တရားတော်များနဲ့  ဆန့် ကျင်ဘက် ဟောကြားဖြန့် ဝေနေခြင်းသည်သာ အကြောင်းဖြစ်ပါတယ် ။
ဦးဥက္ကဋ္ဌဘာသာ ၊ ဦးဥာဏဘာသာ လို့ လွတ်လပ်စွာ ထူထောင်ကြပါက မိမိတို့ အနေနဲ့ ပါတ်သက်စရာမရှိပါ ။ ဗုဒ္ဓဘာသာလို့  ပါနေလို့ သာ မိမိတို့  ပါတ်သက်နေရတာပါ ။
ဒီနေရာမှာ တချက် ထောက်ပြလိုတာက မိမိတို့ အနေနဲ့ လဲ အရိယာများနဲ့  ဖွဲ့ စည်းထားတဲ့ အဖွဲ့ မဟုတ်လို့  အမှားလုံးဝကင်းမယ်လို့  မခံယူထားပါ ။ မိမိတို့ ရေးသားခဲ့ တဲ့  ဆောင်းပါ့းများမှာ အမှားပါတယ်ဆိုပါက ဘာကြောင့်မှားတယ်ဆိုတာကို ပါဠိတော် ၊အဋ္ဌာကထာဋီကာအကိုးအထောက်များနဲ့  ဖြေရှင်းနိုင်က မိမိတို့ အနေနဲ့  အမှားကို ၀န်ခံ တောင်းပန်ဘို့ အမြဲ အသင့်ပါ ။ ( ခုချိန်ထိတော့ အဲလိုဖြေရှင်းတာ မတွေ့ ရသေးဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သော ဆဲစာများသာ ၀မ်းနဲစွာတွေ့ နေရပါတယ် ။ )

@အုပ်စု၂) ဒီမိုကရေစိခေတ်ကြီးထဲ မင်းတို့ တွေထေ၇၀ါဒစည်းတွေ ကမ်းတွေ လုပ်မနေပါနဲ့  ။ ဟူမင်းရိုက်ဆိုတာ ငါတို့ ထင်ရာလုပ်ခွင့်ကွတဲ့  ။ @
အင်း ။ ဒီလူစုတွေအတွက်ကတော့ အသင်းနဲ့ ဆိုင်မယ် မထင်ပါဘူး နိုင်ဂံယေးဆြာကြီးတွေသာ သူတို့ လူသူတို့ ရှင်းရမှာပါ ။
ဒိသတင်းတိုလေးသာဖတ်ကြပါတော့ပြောရမလိုပါဘဲ ။
http://www.bbc.co.uk/news/uk-england-london-12159581

@အုပ်စု၃) ကိုယ့်ဆရာတို့ အော်နေတာလဲ အာညောင်းလှရော့မယ် ။ ကိုယ့်ဆရာတို့ အော်လို့  ဘယ်အဓမ္မ၀ါဒီမှ ပလိပ်ဖမ်းတယ်လဲ မကြားမိပါဘူး ။ ဒီတော့ လေကုန်ခံမနေပါနဲ့ @
ဒါကတော့ အသင်းနဲ့  ဥပဒေဆိုင်ရာ အဖွဲ့ အစည်းများကို ခွဲမမြင်တာပါ ။ အသင်းရဲ့ တာဝန်က အယူတခုဟာ ထေရ၀ါဒနဲ့  မကိုက်မညီဘဲ ဗုဒ္ဓဘာသအမည်ခံနေသော အယူများကို ထောက်ပြဘို့ သာဖြစ်ပါတယ် ။ အရေးယူခြင်းမယူခြင်းဟာ တည်ဆဲ ဥပဒေနဲ့  သက်ဆိုင်ရာ အဖွဲ့ အစည်းများနဲ့ သာဆိုင်ပါတယ်

@အုပ်စု၎) ကိုယ့်ဆရာတို့ ထေရ၀ါဒတိပိဋကတွေ နဲ့  ခုကိုးကားနေတဲ့  ဆဋ္ဌမူဟာ ဘယ်လောက်တိကျလို့ လဲ @
ဒါမှာတော့ သံဂါယနာဆိုတဲ့  သဘောကို သိပြီးသူတွေ ဒီအမေးမျိုးမမေးပါ။
တချက်ဘဲထောက်လိုတာက သီရိလင်္ကာ နဲ့  ထိုင်းဆရာတော်များဟာ စတုတ္ထသံဂါယနာ ပါဠိတော်များကို အဓိက သုံးဆဲပါ ။ မြန်မာကတော့ ဆဋ္ဌမူသုံးပါတယ် ။ ဒီမူ ၂ခုကို အင်္ဂလိပ်ပြန်နဲ့ မြန်မာပြန်များ အလွယ်တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ် ။ မိမိကိုယ်တိုင် ၆နှစ်မက အင်္ဂလိပ်မူရော မြန်မာမူပါ သုံးနေခဲ့တာမှာ ကွဲလွဲချက်ကြီးကြီးမားမားမတွေ့ မိပါ ။

@အုပ်စု ၅) ကွာ လူ့ ဘ၀တိုလှတဲ့ ထဲ မင်းတို့ တွေ သူများလိုက်ပြောနေ အချိန်ကုန်ပါတယ် ။ ကိုယ့်ဟာကိုယ်မဂ်ဖိုလ်ရအောင်လုပ်စမ်းပါ @
ဒါမှာ အပေါ်ယံကြည့်ရင်မှန်ပါတယ် ။ တကယ်လဲ အချိန်မရကြပါဘူး ။ ရဟန်းလဲ ရဟန်းကိစ္စ။လူလဲ လူကိစ္စနဲ့ ပါ ။ နောက်တချက်က သူများဝေဘန်မယ်ဆိုတဲ့ အလုပ်က မလွယ်ပါဘူး။ သူရေးတာ ပြောတာကို သဘောပေါက်တဲ့ ထိ အဖန်ဖန်ဖတ်ရနားထောင်ရပါတယ် ။ တခါမှားနေတယ်လို့  ယဆရင် ဘယ်လိုမှားလဲဆိုတာ ပါဠိတော်အဋ္ဌာကထာဋီကာ နဲ့  ရှာပြီးထောက်ရပါတယ်။ အဲလိုစုံပြန်တော့ ချရေးရ တင်ပြရပြပါတယ် ။ တင်ပြပြီးနဲ့ ပြီးသလားဆိုတော့ မဟုတ်ပြန်ပါ ။ မိမိတင်ပြခဲ့ တဲ့ အဆိုကို ထောက်ပြလာခဲ့သော် ပြန်လှန် ရှင်းပြနိုင်ဘို့  ပြင်ထားရပြန်ပါတယ် ။
ဒါဆိုရဘာလို့ လုပ်နေသေးလဲ ။ မေးစရာပါ ။
ရတနာ ၃ပါးဟာ မိမိတို့ ဘ၀မှာကျေးဇူးကြီးလှပါတယ် ။
ထိုကျေးဇူးကြီးလှသော ရတနာ ၃ပါးအ၀င်တရားတော်တွေကို ပြင်ဆင်လာ နောင်လူတွေအထင်မှားအောင်လုပ်လာတဲ့  အခါ ငါနဲ မဆိုင်ပါဘူးလို့  ထိုင်ကြည့်နေမယ်ဆို ရပါတယ်။ ဒါပေမဲ့  မိမိတို့  ဘ၀မှာကျေးဇူးများလှတဲ့  တရားတော်တွေ နှောင်းလူတွေ အကျိုးမခံစားရတော့မဲ့ အနေကို လက်ပိုက်ကြည့်မယ်လို့  တွေးမိတိုင်း အရှင်မဟာကဿပကစလို့  ပျံလွန်တော်မူသွားပြီဖြစ်တဲ့  မြောင်းမြဆရာတော်ဘုရား ဦးဥာနက နဲ့  မကွေးဆရာတော်ဘုရားတို့ ရဲ့  ကျေးဇူးဂုဏ်ကို သတိရလို့  သူတို့ မျက်နှာတော်ထောက်ရမယ်ဆိုတဲ့  အသိက အမြဲဝင်ဝင်လာပါတယ်။ ဒီကိုယ်တော်ကြီးများ သာကြောင့်ကြမဲ့ နေခဲ့သော် ငါတို့ တွေ ဘုရားရှင်နှုတ်ခပါတ်တော်ကို နာနိုင်မယ်မဟုတ်ဆိုတဲ့ အသိလေးကြောင့် သားကျွေးမှုမယားကျွေးမှု ၊ ပညာရေး ၊ လူမှုရေး အလုပ်တွေကြားက ရသမျှရေးဖြစ်ညှစ်ရေးနေခဲ့ တာဖြစ်ပါကြောင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP