* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 30, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ(၃)

Vocabulary

အသရဆုံး ပုလ္လိင်နာမ်ပုဒ်များ (Masculine nouns ending in-a)

ရထ (ရထား)

သကဋ (လှည်း)

ဟတ္ထ(လက်)

ပါဒ (ခြေထောက်)

မဂ္ဂ(လမ်း)

ဒီပ (ကျွန်း၊ဆီးမီး)

သာဝက (တပည့်)

သမဏ (ရဟန်း)

သဂ္ဂ (နတ်ပြည်)

အဿ( မြင်း)

မိဂ (သမင်)

သရ (မြား)

ပါသာဏ (ကျောက်ဆောင်၊ကျောက်တုံး)

ကကစ (လွှ)

ခဂ္ဂ(ဓါး)

စောရ (သူခိုး)

ပဏ္ဍိတ(ပညာရှိ)

(ကရိုဏ်း) (Instrumental Case)(ကရဏကာရက)

ရေးခဲ့ပြီးတဲ့ ၀ါကျတွေကိုပဲ ပြန်ဖတ်ကြည့်..

ယောက်ျားသည် သွား၏။

ယောက်ျားသည် ရွာသို့ သွား၏။

သင်ခန်းစာအသစ်မှာ ပြောမှာက အဲဒီယောက်ျားက ရွာကို ဘယ်လို သွားမှာလဲ၊ ဘာနဲ့ သွားမှာလဲ ၊ ဘယ်သူနဲ့ သွားမှာလဲ ဆိုတဲ့ မေးခွန်းတွေအတွက် အဖြေပါ...။ How does he go? By what? With who? မြန်မာစကားမှာ နှင့် သို့မဟုတ် ဖြင့် လို့ဘာသာပြန်ဆိုရေးသားရတဲ့ စကားလုံးမျိုးကို ပါဠိဘာသာနဲ့ ကရဏကာရကလို့ ခေါ်ပါတယ်။ အလွယ်မှတ်တော့ ကရိုဏ်းပေါ့..။ (သဒ္ဒါအသုံးအနှုံးတွေကို ခေါင်းကိုက်အောင် သိပ်မမှတ်နဲ့.. သဘောကိုပဲ နားလည်အောင် လုပ်..။)

ကဲ ယောက်ျားက ရွာကို ရထားနဲ့ သွားမယ်..။မြန်မာဝါကျလေး ကောက်ရေးလိုက်ပြီ..။

ယောက်ျားသည် ရွာသို့ ရထားဖြင့် သွား၏။

ရထ (ရထား)ဆိုတဲ့ ပါဠိစကားလုံးရဲ့ နောက်မှာ ဧန (ena) ဆက်ပေးလိုက်..။

ratha+ena=rathena

ရထ+ဧန=ရထေန (ရထားဖြင့်)

ကဲ အနည်းကိန်းကရိုဏ်းတွေအများကြီးရေးပေတော့

ဟတ္ထ+ဧန=ဟတ္ထေန (လက်ဖြင့်)

မဂ္ဂ+ဧန=မဂ္ဂေန (လမ်းဖြင့်)

ပါဒ+ဧန=ပါဒေန(ခြေထောက်ဖြင့်)

အများကိန်းမှာတော့ ဧဟိ ( ehi) သို့မဟုတ် ဧဘိ (ebhi)ဆက်ပေးရုံပါပဲ..။

ratha+ehi=rathehi

ratha+ebhi=rathebhi

ရထ+ဧဟိ=ရထေဟိ(ရထားတို့ဖြင့်)

ကဲ ပါဠိဝါကျလေးတွေ ရေးလို့ရသွားပြီ..

အနည်းကိန်းဧက၀ုစ်ဝါကျ

ပုရိသော ဂါမံ ရထေန ဂစ္ဆတိ။

ယောက်ျားသည် ရွာသို့ ရထားဖြင့် သွား၏။

အများကိန်းဧဟုဝုစ်ဝါကျ

ပုရိသာ ဂါမေ ရထေဟိ(ဘိ) ဂစ္ဆန္တိ။

ယောက်ျားတို့သည် ရွာများသို့ ရထားတို့ဖြင့် သွားကြကုန်၏။

ဒီမှာ ဆက်ပြီးတော့ လေ့လာရမှာက ရွာကို ရထားနဲ့ သွားတာတော့ ဟုတ်ပြီ..။ ဘယ်သူနဲ့ အတူ သွားတာလဲ..။ စာသံပေသံဆိုရင်တော့ မည်သူနှင့် ပေါ့..။ အဲဒီမှာနှင့် ဆိုတာလေးကို သတိထား...။ နှင့်ဆိုရင် အတူ ဆိုတာလေး ကပ်ပါလာလေ့ရှိတယ်..။ ပါဠိမှာလည်း အတူတူပဲ နှင့် လို့ ဘာသာပြန်ရတဲ့ ကရိုဏ်းစကားလုံးရဲ့နောက်မှာ သဟ သို့မဟုတ် သဒ္ဓိံ ဆိုတဲ့ ပါဠိစကားလေးကို မမေ့မလျော့ထည့်ပေးရမယ်..။ ဖြင့် လို့ ဘာသာပြန်ရတဲ့ စကားလုံးနောက်မှာတော့ အတူ ဆိုတာ ထည့်စရာမလို..။ ဖြင့် အတူ လို့ မသုံး..။ နှင့်အတူ သာ သုံးကြလေရဲ့..။

ဆိုကြပါစို့

ယောက်ျားသည် မိတ်ဆွေနှင့် အတူ ရွာသို့ ရထားဖြင့် သွား၏။

မိတ်ဆွေနှင့် (မိတ္တ+ဧန=မိတ္တေန)အတူ (သဟ/သဒ္ဓိံ)

ရေးလိုက်ကြရအောင်..

ပုရိသော မိတ္တေန သဟ ဂါမံ ရထေန ဂစ္ဆတိ။

(ယောက်ျားသည် မိတ်ဆွေနှင့် အတူ ရွာသို့ ရထားဖြင့် သွား၏။)

မြန်မာဝါကျလေးတွေ ပါဠိလို ရေးကြစေဗျား..။

  1. ရဟန်းသည် ဘုရားရှင်ကို မိတ်ဆွေနှင့် အတူ ဖူးမြင်၏။
  2. သာဝကတို့သည် ဘုရားရှင်နှင့်အတူ ကျောင်းတော်သို့ ကြွကြလေ၏။
  3. မြင်းသည် ခွေများနှင့် အတူ တောင်သို့ ပြေးသွား၏။
  4. လူငယ်သည် ဆီးမီးကို ကျောက်ခဲဖြင့် ထု၏။
  5. ကုန်သည်တို့သည် သမင်ကို မြားဖြင့် ပစ်ခတ်ကြ၏။
  6. လယ်သမားတို့သည် တွင်းများကို လက်တို့ဖြင့် တူးကြ၏။
  7. လူငယ်တို့သည် ဦးလေးနှင့် အတူ ကျောင်းသို့ ရထားဖြင့် သွားကြ၏။
  8. ပုဏ္ဏားကြီးသည် မိတ်ဆွေနှင့်အတူ ထမင်းကို ချက်၏။
  9. ဘုရင်သည် ပညာရှိများနှင့်အတူ ကျွန်းကို ကာကွယ်စောင့်ရှောက်၏။
  10. ဘုရင်တို့သည် သားတော်များနှင့် အတူ ရဟန်းတို့ကို ဖူးမျှော်၏။

ခက်ချင်လည်း ခက်ပေလိမ့်မယ်..။ မခက်စေနဲ့..။

နှင့်နဲ့ ဖြင့် ကိုတော့ သတိမူကြလေ..။

နှင့် ဆိုရင် အတူ (သဟ သို့မဟုတ် သဒ္ဓိံ) ထည့်ရေးကြလေ..။

(တပည့်တစ်ဦးက ပါဠိအသံထွက်ထူးခြားတာလေးတွေ ရှင်းပြပေးဖို့ လျှောက်ထားလာပါတယ်..။ နိုင်ငံတကာမှာတော့

စ ဆ ဇ စ် ဒီေလးလံုးကို က် ခ် ဂ် ဃ်

ကိုတော့ လို့ အသံထွက်ပါကြောင်း..

တ ထ ဒ ဓ ဒီလေးလုံးကိုတော့ ဆရာဘုန်းတော်ကြီးကိုယ်တိုင်လည်း သေချာအောင် အသံမထွက်နိုင်ပါကြောင်း..။ ဋ ဌ ဍ ဎ တို့နဲ့ အသံတူသယောင်ယောင်ရှိပေမယ့် ဘာသာဗေဒဂုရုကြီးများရဲ့ အလိုအရ လုံးဝ လုံးဝ မတူပါကြောင်း..။)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP