* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 30, 2011

If Sleepy - အိပ်ငိုက်ရင်

“အခုတလော စာကျက်လို့ မရဘူး။ စာကျက်ရင် အိပ်ငိုက်တယ် အိပ်မငိုက်ရအောင် ဘယ်လို ကျက်ရမလည်း ပြောပြပါ။”

ဘုရားရှင် လက်ထက်တုန်းက ဖြစ်ခဲ့တာလေး တစ်ခုပါ။ အဲဒီထဲက နည်းလမ်းကို သင့်တော်သလို ကျင့်သုံးကြည့်ဖို့ ဖြစ်ပါတယ်။ အဲဒီတုန်းက အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီး အိပ်ငိုက်နေတာကို ဘုရားရှင် တွေ့တော်မူလို့ အိပ်ငိုက်တာ ပြေပျောက်စေတဲ့နည်းလမ်း ညွှန်းကြားတော်မူပါသတဲ့။

“မောဂ္ဂလာန် အိပ်ငိုက်နေတာလား။”
“မှန်လှပါ ဘုရား။”

၁။ အာရုံပြောင်းပါ။
“အိပ်ချင်စရာ ကောင်းတာကို အာရုံမစိုက်ပါနဲ့။ တစ်ခြား အာရုံတစ်ခုခုကို ပြောင်ပြီး အာရုံပြုနေလိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၂။ စိတ်ထဲမှာ ရွတ်ဆိုပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် ရထားတဲ့ တရားကို စိတ်ထဲမှာ ဆင်ခြင်နေလိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၃။ အသံထွက် ရွတ်ဆိုပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် ရထားတဲ့ တရားကို အထံထွက်ပြီး ရွတ်လိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၎။ နားရွက်ကို ဆွဲပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် နားရွက်တွေကို လက်နဲ့ ဆွဲပါ။ ပွတ်သပ်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၅။ မျက်နှာသစ်ပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် ထပြီး မျက်နှာသစ်လိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၆။ အလင်းထဲမှာ နေပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် လင်းလင်းချင်းချင်း နေပါ။ မီးထွန်းပါ။ နေ့ခင်းကြောင်တောင်လို လင်းနေပါစေ။ အလင်းကို အာရုံစိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၇။ လမ်းလျှောက်ပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် ထပြီး လမ်းလျှောက်လိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

“ဒါမှ အိပ်ချင် မပြေသေးရင်တော့ အိပ်သာ အိပ်လိုက်ပါတော့။ အိပ်တယ် ဆိုပေမယ့် ဘယ်အချိန် ဘယ်အချိန်မှာ ထမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတိ ၀ီရိယထားပြီး အိပ်ပါ။”

:)
ရှင်အာစာရ

ကျမ်းညွှန်း -
ပစလာယမာနသုတ်
အဗျာကတ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တရနိကာယ် (သုတ္တန္တပိဋက)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP