* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 30, 2011

ပိုင်းလော့ဆရာတော်ဘုရားကြီး ၏ ထိုင်းနိုင်ငံ သို့ ပထမဆုံး ဓမ္မဒူတ ခရီးစဉ်


ပိုင်းလော့ဆရာတော်ဘုရားကြီး ၏ ထိုင်းနိုင်ငံ သို့ ပထမဆုံး ဓမ္မဒူတ ခရီးစဉ်

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးသည် ထိုင်း နိုင်ငံ တွင်မှီတင်းနေထိုင် လျက်ရှိကြကုန်သော ဝေနေယျများ အတွက် ကရုဏာရှေ့ထား ၍ ပထမဆုံးသော ဓမ္မဒူတ ခရီးစဉ် ကြွရောက်တော် မူမည်ဖြစ်ပါသည်။

ကြွရောက်မည့် ရက်မှာ ၂၅.၇.၂၀၁၁ မှ ၂.၈.၂၀၁၁ အထိဖြစ်ပါသည်။

ကြိုတင် ညှိနှိုင်းချက်များအရ တရားပွဲအစီအစဉ် များကို သတ်မှတ်ထားရှိပါသည်။

၂၈.၇.၂၀၁၁ --- Asian Institute of Technology -ခင်ပွန်းကြီး ဆယ်ပါးကန်တော့ပွဲ

၃၀.၇.၂၀၁၁----Assumption University တရားစခန်း

၃၁.၇.၂၀၁၁----Assumption University တရားစခန်း

တစ်ဦးချင်း အိမ်သို့ ပင့်ဖိတ်ဆွမ်းကျွေး လိုသောသူများ၊ နေထိုင်ရာ အုပ်စု အလိုက် တရားပွဲပင့်ဖိတ်လိုသောသူများသည် အောက်ပါ ဖုန်းနံပါတ်များသို့ ကြိုတင်စီစဉ် နိုင်ပါရန် အတွက် ဆက်သွယ် နိုင်ပါကြောင်း အကြောင်းကြား နှိုးဆော်အပ်ပါတယ်။

၁။ ဦးဇော်ဇော်လှိုင်---၀၈၉၁၁၇၂၇၃၁

၂။ ဒေါက်တာလှသိဂီင်္----၀၈၀၉၉၅၄၂၄၀

၃။ မသက်ထားမြင့်----၀၈၉၈၉၉၀၃၅၇

၎။ ဒေါက်တာသန်းသန်းစိန်----၀၈၅၆၈၉၇၅၈၂

ဆရာတော်ဘုရားကြီး ၏ ဓမ္မဒူတ ခရီးစဉ် အောင်မြင်စေရန် ကူညီပံ့ပိုးပေး ပါသော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး နှင့်ဇနီး

အရှင်ပညာဇောတ(ပညာဇာနည်၊မျိုးဇာနည်)၊ မကျော့ကေကေခိုင် (မန်နေဂျာ-Piavate Hospital ) နှင့်

Assumption University မှ ဆရာ ဆရာမများ ၊ချစ်ခင်ရပါသော AIT Community အားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖေါ်ပြအပ်ပါတယ်ရှင့်..။

သတ္တဝါ မှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ။

မေတ္တာဖြင့်-သစ္စာအလင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP