* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 30, 2011

*ဘ၀တကွေ့မှာ ကံကြုံရင် ပြန်လည် ဆုံတွေ့ကြပါစို့*

မင်္ဂလာပါခင်ဗျာ။
ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ် အားပေးကြသော ဘလော့ဂ်ဂါ သူငယ်ချင်းများ စာဖတ်သူ ဓမ္မမိတ်ဆွေများကို ကျွန်တော် မကြာမီ အချိန်မှာ အမိမြန်မာပြည်ကို ပြန်တော့မည် ဖြစ်ပါသဖြင့် ဒီပိုစ်လေးနဲ့အတူ နှုက်မဆက်ချင်ပေမယ့် အားလုံးကို လေးစားစွာဖြင့် နှုက်ဆက်ခဲ့ပါတယ်။ ကျွန်တော် နှုက်ဆက်ပို့စ်ရေးမယ် စဉ်းစားလိုက်တော့ ဘာရေးရမှန်း မသိဘူး။ ရေးဖို့ ပြောဖို့ စကားလုံးတွေ ထွက်မလာဘူး။ အဲဒါနဲ့ ကျွန်တော် စိတ်ထဲရှိတာ ရေးချလိုက်မိတယ်။ လိုအပ်တာလေးများလည်း ရှိရင် အားလုံးနားလည် ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ကျွန်တော်လည်း ပုထုဇဉ် လူသားတစ်ယောက်ဖြစ်၍ ဘလော့ဂ်ဂါ လောကကြီးနှင့် သူငယ်ချင်းများကို ခွဲခွာရမည်ဆိုတော့ စိတ်ထဲမှာ ၀မ်းနည်းသလိုတော့ ခံစားမိပါတယ်။ ဒါပေမယ့် လောကမှာ တွေ့ကြုံဆုံကွဲ ဓမ္မတာ ဖြစ်ပါတယ်။ ကံကြုံ ရှေးရေစက်တွေ အကြောင်းဖန်လာပါက ဘ၀ရဲ့ တစ်နေရာရာမှာ ပြန်လည် ဆုံတွေ့နိုင်ပါသေးတယ်။ အဲဒီလို ဆုံတွေ့သောအခါတွင်လည်း ညီအကိုမောင်နှမ အရင်းလို ဆက်ဆံနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော် ဒီဆိုဒ်လေးကို ရေးသားခြင်းဖြင့် မိတ်ကောင်းဆွေကောင်းတွေ အများကြီးရခဲ့သလို ဆရာသမားကောင်းများစွာကိုလည်း ရရှိခဲ့ပါတယ်။ ကျွန်တော် ရေးသားသော စာများကို အချိန်ပေးပြီး လာရောက်ဖတ်ရှု့ အားပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းများအားလုံးကို ကျွန်တော် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျွန်တော် စာရေးတတ်လွန်း၍ ရေးသားနေခြင်း မဟုတ်ဘဲ ၀ါသနာအရ လူ့ဘ၀ရဲ့ ဖြတ်သန်းနေသော ခရီးလမ်းတွင် မပြီးဆုံးသော နေ့ရက်များကို ကျော်ဖြတ် နေသရွေ့ မိတ်ဆွေသူငယ်ချင်းများအတွက် တစ်ဘက်တစ်လမ်းမှ အကျိုးပြုစေရန်အလို့ငှာ ဓမ္မစာပေများ နှင့် ဆောင်းပါး လေးများကို ရေးသားမျှဝေခြင်း ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ဘယ်အလုပ်ကို လုပ်နေပါရစေ မြတ်စွာဘုရားရှင်၏ အဆုံးအမများကို သိရှိလိုက်နာပြီး သတိတရားနဲ့ ဆောင်ရွက်သွားမည်ဆိုပါက အားလုံးအတွက် ပန်းခင်းသောလမ်းကို ဖြောင့်ဖြူးစွာဖြင့် လျှောက်လှမ်းနိုင်မည် ဖြစ်ပါတယ်။
ကျွန်တော် မြန်မာကိုရောက်ရင်လည်း အချိန်ရရင် ဆက်လက်၍ စာများကို ရေးနိုင်အောင် ကြိုးစားမည် ဖြစ်ပြီး ပရဟိတ လုပ်ငန်းများဖြစ်သော ကျွန်တော်ဒေသရှိ စာသင်ကျောင်း၊ ဓမ္မရုံနှင့် ပရိယတ္တိစာသင်တိုက်တို့အတွက် လိုအပ်နေသေးသော လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန်လည်း ရည်ရွယ်ထားပါတယ်။ အဲဒီအတွက် စာဖတ်သူ မိတ်ဆွေသူငယ်ချင်းများ အနေဖြင့် နည်းများမဆို ဆက်သွယ်လှူဒါန်နိုင်ပါကြောင်း ထပ်မံပြီး ကျွန်တော် နှိုးဆော်သွားပါရစေခင်ဗျာ။ ဒီနေရာလေးမှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်ခင်ဗျာ။
ကျွန်တော်ကို အမြဲတမ်း ဆုံးမသွန်သင်ပြီး လိုအပ်တာများကို လမ်းညွှန်သင်ကြားပေးသည့် ဆရာတော်များကိုလည်း ဒီပို့စ်လေးနဲ့အတူ တပည့်တော် ရိုသေစွာ ရှိခိုးကန်တော့ နှုက်ဆက်ခဲ့ပါတယ်ဘုရား။ ကျေးဇူးတင်စရာ လူတွေများတော့ နာမည်တွေကို အကုန်လုံး ရေးပြနိုင်ခြင်း မတတ်နိုင်ပါသဖြင့် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ကျွန်တော် ပြောကြားလိုပါတယ်ခင်ဗျာ။
နိဂုံးချုပ်အနေဖြင့် မိတ်ဆွေသူငယ်ချင်း အားလုံးကို လက်ဆောင်စကားလေး အဖြစ် လောကဓမ္မနိတိ ပဒေသာ စာအုပ်မှ လူ့သဘောကို ဖော်ပြပေးလိုက်ပါတယ်။
“လူတို့တွင် အပြောနှင့်အလုပ်၊ အလုပ်နှင့်စိတ်ထား၊ တစ်သားတည်း ညီညွတ်ဖြောင့်စင်းသူ အလွန်ရှား၏။ အပြင်တစ်မျိုး အတွင်းတစ်မျိုး၊ မရိုးမသား ကောက်ကျစ်စဉ်းလဲခြင်းသာ များ၏။ တိရိစ္ဆာန်တို့ကား အတွင်းအပြင် ဖြောင့်သောသဘောရှိ၍ မုန်းလျှင် မုန်းသည့်အလျောက်၊ ချစ်လျှင် ချစ်သည့်အလျောက် ပြုမူတတ်ရကား တိရိစ္ဆာန်တို့ အပြုအမူများကို အလွယ်တကူအားဖြင့် သိနိုင်၏။ လူတို့၏ သဘောကိုမူ အလွယ်နှင့် သိနိုင်ရန် ခဲယဉ်းလှချေ၏တကား။”
ပုထုဇဉ် လူသားတို့အနေဖြင့် လောကီလူ့ဘောင် ဖြတ်သန်းနေရသော ဘ၀ခရီးတစ်လျှောက်တွင် ကောင်းတာ ဆိုးတာ အခက်အခဲ အတားအဆီးများ ဒုက္ခ၊ သုခများကို တွေ့ကြုံခံစားလာနိုင်ပါတယ်။ အဲဒီလိုတွေ့ကြုံလာသောအခါ ကြံ့ကြံ့ခိုင်ပြီး -
ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ၀ယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
“သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကြသည်။ သင်ချစ်သားတို့ မမေ့ မလျော့သော သတိတရားတို့ ဖြင့် အားထုတ်ကြကုန်လော့” ဟု မြတ်စွာရှင် ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးမှာကြားခဲ့သော အဆုံးအမလေးကို လက်ကိုင်ထား၍ သတိတရားဖြင့် ဆင်ခြင်ပွားများပြီး ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေလို့ ကျွန်တော် ဆုတောင်းပေးခဲ့ပါတယ်။
နှုက်ဆက်ခြင်းနှင့်အတူ ဆိုဒ်အသစ်တစ်ခုကိုလည်း တစ်ခါတည်း မိတ်ဆက်ပေးခဲ့ပါရစေ။ အမှတ်တရ ရင်ခွင်ရိပ်မွန် ဆိုဒ်လေးဖြစ်ပါတယ်။ ဒီဆိုဒ်လေးကိုလည်း လာရောက်လည်ပတ် အားပေးကြရန် ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
ကျွန်တော် ဒီနှုက်ဆက်ပို့စ်လေးကို ပြန်ဖို့ရက်နီးပြီး ဖြစ်၍ ပြင်ဆင်နေပါသဖြင့် နောက်ရက်တွင် မအားလပ်မှုများကြောင့် ကြိုတင်၍ ရေးသားပြီး တင်လိုက်ခြင်း ဖြစ်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ၊ ဘလောဂ်ဂါ သူငယ်ချင်းများ စာဖတ်သူမိတ်ဆွေ သူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကံကြုံရင် ဘ၀တကွေ့ ခရီးလမ်းတွင် ပြန်လည်ဆုံတွေ့ကြပါစို့လို့ လေးစားစွာဖြင့် ကျွန်တော် နှုက်ဆက်ခဲ့ပါတယ်။
အားလုံးကို ခင်မင်လေးစား ကျေးဇူးတင်စွာဖြင့်
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP