28-6-2011 ကိုမောင်မောင်ဦး ၊ မသန္တာ မိသားစု (USA) မှ မသန္တာမွေးနေ့အလှူ။
သာသနာတော်နှစ် ၂၅၅၅ ခု ကောဇာသက္ကရာဇ် ၁၃၇၃ ခု နယုန်လပြည့်ကျော် (၁၂)ရက် အင်္ဂါနေ့။ ၂၈-၆-၂၀၁၁။
ကိုမောင်မောင်ဦး+မသန္တာ (USA) မိသားစုတို့မှ
မသန္တာ မွေးနေ့အလှူပွဲဖြစ်ပါသည်။
အရုဏ် ကြက်သားကြာဇံချက်ဆွမ်းနှင့်
နေ့ဆွမ်းလောင်းလှူခြင်း
ဆွမ်း
ကြက်သားဟင်း
သရက်ချဉ်သုတ်
မြေထောက်ပဲနှပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူ
ပေးခဲ့ပါသည်။
အလှူရှင်မိသားစုတို့မှ သီလရှင်အပါး၁၀၀အတွက် အရုဏ်ဆွမ်းကပ်ရန်အကြောင်းကြားထားသော်လည်း
ယနေ့ အဝေး ဖိတ်နေ့ဖြစ်၍ သီလရှင်များ အလှူခံကြွသောနေ့ဖြစ်သဖြင့် ဆွမ်းလောင်းအသင်းမှ သီလရှင်များ
ကပ်လှူချိန်တွင် သီလရှင်များကြွရောက်ပေးနိုင်ရန်အခက်အခဲရှိသဖြင့် ၄.၇.၂၀၁၁ ရက်နေ့တွင် လှူဒါန်းပေးမည်
ဖြစ်ကြောင်း အလှူရှင်အားမေတ္တာရပ်ခံအပ်ပါသည်။
ဝေယျာဝစ္စ ကုသိုလ်ရှင်များကတော့ ကိုလတ် ၊ ကိုဇော်သိင်္ခ နှင့် ရှိမ်းမကား မှ ဒါယကာ နှစ်ဦး နှင့် ကိုလှမိုးတို့ ဖြစ်ကြပါသည်။အလှူရှင်မိသားစုတို့မှ သီလရှင်အပါး၁၀၀အတွက် အရုဏ်ဆွမ်းကပ်ရန်အကြောင်းကြားထားသော်လည်း
ယနေ့ အဝေး ဖိတ်နေ့ဖြစ်၍ သီလရှင်များ အလှူခံကြွသောနေ့ဖြစ်သဖြင့် ဆွမ်းလောင်းအသင်းမှ သီလရှင်များ
ကပ်လှူချိန်တွင် သီလရှင်များကြွရောက်ပေးနိုင်ရန်အခက်အခဲရှိသဖြင့် ၄.၇.၂၀၁၁ ရက်နေ့တွင် လှူဒါန်းပေးမည်
ဖြစ်ကြောင်း အလှူရှင်အားမေတ္တာရပ်ခံအပ်ပါသည်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...။

0 comments:
Post a Comment