* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 26, 2010

ပျော်ရွှင်ခြင်း သီအိုရီ

ဣဓ မောဒတိ ပစ္စ မောဒတိ၊
ကတ ပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

Here he rejoices, hereafter, he rejoices, one who performs meritorious deeds rejoices in both existences. He rejoices and greatly rejoices when he sees the purity of his own deeds.

ကောင်းမှုပြုသူ ထိုသည့်လူသည် ပစ္စုပ်တမလွန် နှစ်တန်ဘ၀ ၀မ်းမြောက်ရ၏။ စင်ကြယ်သန့်ရှင် ပြုခဲ့ခြင်း၏ ကောင်းမှုပုညာ မြင်သောခါ၌ လွန်စွာစိတ်မှ ၀မ်းမြောက်ရ၏။

happiness!
Though he had Eden to live in, man cannot be happy alone. (Josephine Pollard)

ပျော်ရွှင်ခြင်း...
ဧဒင်ဥယျာဉ်ကြီးတစ်ခုလုံး ပေးထားပေမဲ့လည်း ယောက်ျားတွေဟာ တစ်ယောက်တည်းနေရတာကို မပျော်နိုင်ကြဘူး။

If happiness truly consisted in physical case and freedom from care, then the happiest individual would be neither a man nor a woman, it would be, I think, an American cow. (unknown)

ပျော်ရွှင်မှုဆိုတာ ရုပ်ပိုင်းအရ သက်သက်သာသာနေရတာရယ်၊ စိုးရိမ်ကြောင့်ကြကင်းတာရယ် ပါဝင်နေတာ တကယ်ပဲဆိုရင်၊ အပျော်ရွှင်ဆုံပုဂ္ဂိုလ်ဟာ ယောကက်ျားလည်းမဟုတ်၊ မိန်းမလည်းမဟုတ်ဘူး၊ ကျွန်တော့အထင် ပြောရရင် အမေရိကန်နွားမပဲ။

(ဘာတွေမှန်းတော့မသိ၊ အဆက်အစပ်လဲ မရှိဘူးထင်တာပဲ၊)

ပျော်ရွှင်မှုအစစ်ကိုရှာတွေ့နိုင်ကြပါစေ။
0 comments Links to this post

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP