* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 26, 2010

*လမြတ်ကဆုန်*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in: အမှတ်တရစာစုလေးများ
ဆယ်နှစ်လရာသီတွင် ကဆုန်လကို လမြတ်ဟုဆိုရခြင်းအကြောင်း(၄) ချက်ရှိပါသည်။ ပထမအချက် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရား ထံမှ နိယတဗျာဒိတ်ကိုခံယူသည်မှာ ကဆုန်လပြည့်နေ့ဖြစ်ပါသည်...
ဒုတိယအချက်
ဤဘဒ္ဒကမ္ဘာတွင် ဂေါတမမြတ်စွာဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန် လပြည့်နေ့၌ ဖွားမြင်တော်မူပါသည်။
တတိယအချက်
ဂေါတမမြတ်စွာဘုရားလောင်းတော်သည် ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတ ဥာဏ်တော်ကို မဟာသင်္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် ရတော်မူ၍ ဘုရားအဖြစ်ကိုရောက်တော်မူခဲ့ပါသည်။
စတုတ္တအချက်
မလ္လညမင်းတို့၏ အင်ကြင်း ဥယျာဉ်ဝယ် မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် နေ့တွင် ပရိနိဗ္ဗာန် စံတော်မူခဲ့ပါသည်။
အထက်ဖော်ပြပါ ထူးမြတ်သောအချက်လေးချက်သည် ကဆုန်လပြည့်နေ့တွင် ဖြစ်တော်မူခဲ့သောကြောင့် ကဆုန်လကို အမြတ်ဆုံးလဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် သဗ္ဗုညုတဥာဏ်တော်ရရှိရာ ဗောဓိညောင်ပင်ကို ရည်စူး၍ ရေ သွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲတော်ကို မြန်မာနိုင်ငံအနှံ့အပြား တောရောမြို့ပါမကျန် ကျင်းပကြ သည်မှာ ကြည်နူးဖွယ်ရာ အလွန်ကောင်းလှသော မြန်မာရိုးရာပွဲတော်တစ်ခုပင်ဖြစ်ပါသည်။
ထို့အပြင် ကဆုန်လသည် ပူပြင်းခြောက်သွေ့ပြီး လွမ်းမောဖွယ်ရာလည်း အလွန်ကောင်းလှပါသည်။
ပေါ်နွေလလျှင်
တောင်က ခြိမ့်မြူး
မင်းလွင်ဦးနှင့်
ပျံ့ပူးချုပ်ဆိုင်း
မုန်ဆိုင်း ဆင်လို
တိမ်ညို မှိုင်းထပ်
ပြက်လျှပ်ပြကာ
စိမ်းဝါ မိုးပန်း
ထွေထွေစွန်းက
ရေသွန်းသာကြည်
ပျော်ရမည် ဟူ၍ ရှေးဆိုစာဆိုရှင် နတ်သျှင်နောင်က နေပြည်တော်တွင် ကျန်ခဲ့သော ချစ်သူကို တမ်းတ လွမ်းလှသဖြင့် ယခုလိုစပ်ဆိုခဲ့ပါသည်။
ထိုကဲ့သို့ ထူးလည်းထူးပြီး လွမ်းမောဖွယ်လည်း ကောင်းလှသော ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲ တော်ကို တမ်းတမှန်းဆလွမ်းလှစွာဖြင့် ဒီပိုစ်လေးကိုရေးသားပြီး မြတ်စွာဘုရားရှင်အား ရှိခိုးပူဇော်လိုက်ပါ သည်။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP