* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 26, 2010

“သာမန္လူသား နိဗၺာန္သြား(၁)”

Posted 4:28 AM by ကိုနော in Labels:

သဒ္ဓမ္မောပါယနံ
(သာမန်လူသား နိဗ္ဗာန်သွား)
----------------------
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အမြိုက်လမ်းညွှန်ပြ ဂုဏ်ပေါင်းခတဲ့ မြတ်အရှင်,
အရှင်ရဲ့စကား ,အရှင့်သား
အားရပါးရ ကန်တော့ပါ၏ ။ [၁,၂]

ဗုဒ္ဓသောမ ချစ်လှအဆွေ
ဖိအားတွေ ပေးတာကြောင့်
တရစပ် မနှေး အပြတ်ရေးလိုက်ရပါပေါ့
သဒ္ဓမ္မောပါယန ကျမ်းရွှေစာ...
ကိုယ့်အမည်က အာနန္ဒာ...။ [၃]

ရခဲတဲ့ အခြေအနေတစ်ရပ် ရရှိထားတယ် မဟုတ်လား...?
ပြုလိုက်တော့ ကောင်းမှု...
တွေးတတ်သူ ဆိုရင်ပေါ့....။(၄)

အမှန်တရားများ လင်းလက်ဆဲ....၊
စွမ်းအားများလည်း ပိုင်ဆိုင်ဆဲ....၊
ဓားလည်းထက်တုန်း...အားလည်းသွက်တုန်း မဟုတ်လား...?

လေးပါးအပါယ် လွတ်နေတဲ့ အိုလူသား...
ရုပ်မရှိသူလည်း မဟုတ်ခဲ့...
ရုပ်သက်သက်လည်း မဟုတ်ခဲ့...
ဆွံ့ အ နားမကြားသူလည်း မဟုတ်ခဲ့...
လက်လှမ်းမမီတဲ့အရပ်လည်း မဟုတ်ခဲ့....
အကြောင်းအကျိုး အကောင်းအဆိုးလည်း
သိသားနဲ့ကွယ်.....။(၅,၆)

ငရဲစခန်း,ပွဲကြမ်းတဲ့ဘ၀မှာ….
အမြဲပြေးလွှား,ချောက်ချားတဲ့ဘ၀မှာ….
ငတ်မွတ်လှ,ပေတတို့ဘ၀မှာ….
နာကြားခွင့်ကင်း,ထက်ဖျားဘုံမှာ….
လမ်းညွှန်သူမဲ့,ခေါင်းပါးတဲ့အရပ်မှာ….
ဗီဇဖျင်း,ဉာဏ်ကင်းတဲ့ဘ၀မှာ….
အကြောင်းအကျိုးပယ်,လွဲနေခဲ့အယူမှာ….
ဘုရားမပွင့်,အမှောင်နစ်တဲ့ကမ္ဘာမှာ….
ကုသိုလ်ဆို ဘယ်မှာရ ဝေးလှသည်ပင်…..။
ကောင်းမှုဝေးတဲ့ ထိုခဏ `ဆုံးရှုံးရတဲ့ဘ၀´….။ (၇-မှ-၁၅အထိ)

ကောင်းလိုက်တဲ့ ကာလ,အကျိုးရှိအောင်အသုံးချ,
မေ့နေကြရင် ငတုံးငအ….။
ဗုဒ္ဓလမ်းပြ,ပြည့်စုံတဲ့ လူ့ဘ၀,နိဗ္ဗာန်တိုင်အောင် အသုံးချကြ…။
ဘယ်လိုကြည့်ကြည့် အနှစ်ပြည့်တဲ့လူ့ဘဝ
အဲဒါ ရခဲစွ…..။
လူ့ဘ၀ရကြောင်း ကုသိုလ်ပေါင်း ကြိုးစားပြုသင့်လှ…။
ကောင်းတာ အခက်,မခက်တာ အဖျက်,
ဒါသိလျက် မမိုက်နဲ့…။(၁၆-မှ-၂၀အထိ)

မကောင်းတဲ့ဘက်မှာ စိတ်ပျော်ကြ….မရိုသေခြင်းက စခဲ့တာပါ့..။
ကောင်းတာကျတော့ စိတ်ကမသွား…ပြုဖို့အခက်သား…။

အကုသိုလ်အကျိုး တမျိုးမြင်လွယ်၊
ကုသိုလ်တန်ခိုး အတွေ့ခက်တယ်။

အပေါက်တစ်ခုမှ ပုရွက်ဆိတ်ဗရပွ ခုန်က ထွက်သလို
လူသားများက သံသရာအပေါက်မှ ထွက်နိုင်ပါ့မလား..?

ကောင်းမှု ပြုခက်,လူ့ဘ၀ရဖို့ခက်၊
မျိုးစေ့ မရှိ အသီးမရှိ။

လောကမှာ လူ့ဘ၀ရရှိခြင်းဟာ တန်ဖိုးကြီးဆုံးပဲနော်…။

`မြင့်မြတ်တဲ့ကောင်းမှုဟာ နိဗ္ဗာန်ကိုဦးတည်နေတယ်´
ဒီလိုနားလည်သူကတော့ ကောင်းတာမှန်သမျှ သိမ်းကျုံးလုပ်ပြီပေါ့..။
ရခဲတဲ့ လူ့ဘ၀,လွဲချော်ခဲ့ရင် နစ်နာလှပေါ့…။
နိမ့်ကျသူများ လူ့ဘ၀ရအောင်ကြိုးစားကြ…။
အဲဒါ ကိုယ့်အတွက်ဗျ…။
မြင့်မြတ်သူများ အများအကျိုးဆောင်ကြ,
အပြောလွယ်သလောက် ခက်တယ်ဗျ….
ပမာပြစရာ ရှာမရ….။

ကိုယ်ကောင်းဖို့ သားကို ဒုက္ခပေးနိုင်တဲ့လောက,
အများအကျိုးဆောင်ဖို့ဆိုတာ အားပါးပါး…မလွယ်ဘူးဗျ…။

သဗ္ဗာသ၀၀ိနိမုတ္တံ ၊ သဗ္ဗသာဓုဂုဏာကရံ။
သဗ္ဗလောကဂရုံ ၀ီရံ ၊ ဟိတံ အမတမဂ္ဂဒံ ။ (၁)

သဗ္ဗာဒရေန ၀န္ဒိတွာ ၊ သမ္မာသမ္ဗုဒ္ဓမာဒိတော ။
အထ ဓမ္မဉ္စ သံဃဉ္စ ၊ သဒ္ဓါယ မုဒ္ဓနာ အဟံ ။ (၂)

သဒ္ဓမ္မောပါယနံ ကိဉ္စိ ၊ ရစယိဿာမိ ပေသိတုံ ။
နာမတော ဗုဒ္ဓသောမဿ ၊ ပိယသဗြဟ္မစာရိနော ။ (၃)

အဋ္ဌက္ခဏ၀ိနိမ္မုတ္တံ ၊ ခဏံ ပရမဒုလ္လဘံ ။
ဥပလဒ္ဓေန ကတ္တဗ္ဗံ ၊ ပုညံ ပည၀တာ သဒါ ။(၄)

တယော အပါယာ အာရုပ္ပါ - သညံ ပစ္စန္တိမမ္ပိ စ ။
ပဉ္စိန္ဒြိယာနံ ဝေကလ္လံ ၊ မိစ္ဆာဒိဋ္ဌိ စ ဒါရုဏာ ။(၅)

အပါတုဘာဝေါ ဗုဒ္ဓဿ ၊ သဒ္ဓမ္မာမတဒါယိနော ။
အဋ္ဌက္ခဏာ အသမယာ ၊ ဣတိ ဧတေ ပကာသိတာ ။(၆)

ကာရေန္တော ကမ္မကရဏံ ၊ နိရယေ အတိဒါရုဏံ ။
ဘယာနကံ ဘုသံ ဃောရံ ၊ ကထံ ပုညံ ကရိဿတိ ။(၇)

သဒ္ဓမ္မသညာရဟိတေ ၊ သဒါ ဥဗ္ဗိဂ္ဂဇီဝိတေ ။
တိရစ္ဆာနဘဝေ သန္တော ၊ ကထံ ပုညံ ကရိဿတိ ။(၈)

ဂန္တွာန ပေတ္တိဝိသယံ ၊ သန္တာပပရိသောသိတော ။
ခုပ္ပိပါသာပရိဿန္တော ၊ ကထံ ပုညံ ကရိဿတိ ။(၉)

အာရုပ္ပါသညာလောကေပိ ၊ သ၀ဏောပါယ၀ဇ္ဇိတော ။
သဒ္ဓမ္မသ၀ဏာဟီနော ၊ ကထံ ပုညံ ကရိဿတိ ။(၁၀)

အစ္စန္တာဓမ္မဗဟုလေ ၊ မုနိန္ဒသုတ၀ဇ္ဇိတေ ။
ပစ္စန္တ၀ိသယေ ဇာတော ၊ ကထံ ပုညံ ကရိဿတိ ။(၁၁)

ဇလော မူဂါဒိကော ၀ါပိ ၊ ၀ိပါကာဝရဏေ ဌိတော ။
ဂဟဏောပါယရဟိတော ၊ ကထံ ပုညံ ကရိဿတိ ။(၁၂)

ပက္ခန္တော ပါပိကံ ဒိဋ္ဌိံ ၊ သဗ္ဗထာ အနိဝတ္တိယံ ။
သံသာရခါဏုဘူတော ဟိ ၊ ကထံ ပုညံ ကရိဿတိ ။(၁၃)

ဗုဒ္ဓါဒိစ္စေ အနုဒိတေ ၊ သိဒ္ဓိမဂ္ဂါဝဘာသကေ ။
မောဟန္ဓကာရေ ၀တ္တန္တော ၊ ကထံ ပုညံ ကရိဿတိ ။(၁၄)

ယံ ဘာဝနာမယံ ပုညံ ၊ သစ္စာဘိသမယာဝဟံ ။
တဿ အနောကာသဘာဝေန ၊ ဧတေ အက္ခဏသမ္မတာ ။(၁၅)

အဋ္ဌက္ခဏ၀ိနိမုတ္တော ၊ ခဏော ပရမဒုလ္လဘော ။
တံ လဒ္ဓါ ကော ပမဇ္ဇေယျ ၊ သဗ္ဗသမ္ပတ္တိသာဓကံ ။(၁၆)

အဝေကလ္လမနုဿတ္တံ ၊ ဗုဒ္ဓါဒိစ္စာဘိမဏ္ဍိတံ ။
သုဒုလ္လဘတရံ တမှိ ၊ ခဏေ နိဗ္ဗာနသိဒ္ဓိယာ ။(၁၇)

ဟေတုဒုက္ကရတော စေ၀ ၊ သာရတော စ မဟဂ္ဃတော ။
မဟာသာရံဝ ရတနံ ၊ မနုဿတ္တံ သုဒုလ္လဘံ ။(၁၈)

မနုဿတ္တဿ ဟေတု ဟိ ၊ ပုညံ တံ အတိဒုက္ကရံ ။
လောကေ ဟိ ပုညကာမာနံ ၊ မန္ဒတာ တဿ သာဓိကာ ။(၁၉)

ပုညဿ ဒုက္ကရတ္တဉ္စ ၊ အပုညသုကရတ္တနံ ။
ဃရံ ကတွာန ဒါနေန ၊ ဒဟနေန စ ဝေဒိယံ ။(၂၀)

ပါပေ အနာဒရေနာပိ ၊ သတတံ ၀တ္တတေ မနော ။
ပုညေ အစ္စာဒရေနာပိ ၊ နဒိယာ သာဓိတဗ္ဗကံ ။(၂၁)

ယထာ ဒိဿန္တိ သမ္ပုဏ္ဏာ ၊ အပုညာဖလဘူမိယော ။
တထာ ပုညာ န ဒိဿန္တိ ၊ ပုညာနံ ဖလဘူမိယော ။(၂၂)

ပိပီလိကာနံ ပုဉ္ဇော ဟိ ၊ ဗိလာ ဧကာ ၀ိနိဂ္ဂတော ။
ကိံ နု သော နာတိရိစ္စေယျ ၊ မနုေဿ ဇမ္ဗုဒီပကေ ။(၂၃)

ပုညဿ ဒုက္ကရတ္တာ စ ၊ မနုဿတ္တံ သုဒုလ္လဘံ ။
ဗီဇာဘာဝေ ဖလာဘာဝေါ ၊ အလံ တံ ပဋိဘာဝိတုံ ။(၂၄)

ယံ ယံ ဟိ သမ္မတံ လောကေ ၊ တတ္ထ တံ သာရသညိတံ ။
တတော သာရံ မနုဿတ္တံ ၊ သာဓုသမ္မတဘာဝတော ။(၂၅)

ဥဠာရဖလဒံ ကမ္မံ ၊ နိဗ္ဗာနာဝဟမေ၀ စ ။
ဣဓ ဣဇ္စ္ပျတိ သဗ္ဗံ တိ ၊ ဉေယျာ ဧတ္ထမဟဂ္ဃတာ ။(၂၆)

ဧ၀မာဒီဟိ ဟေတူဟိ ၊ မနုဿတ္တံ သုဒုလ္လဘံ ။
တဿာလာဘေ တု သဂ္ဂါဒိ ၊ သမ္ပတ္တိ စေ၀ ဒုလ္လဘာ ။(၂၇)

အစ္စန္တလာမကာယာပိ ၊ အတ္တတ္ထပဋိပတ္တိယာ ။
လဘနီယံ မနုဿတ္တံ ၊ ယဒိ ဧ၀ံ သုဒုလ္လဘံ ။(၂၈)

အထော အစ္စန္တသေဋ္ဌာယ ၊ ပရတ္ထပဋိပတ္တိယာ ။
ဒုက္ကရတ္တဿ ဥပမာ ၊ တိလောကေပိ န ၀ိဇ္ဇတိ ။(၂၉)

ပုတ္တဿ ဒုက္ခံ ကတွာပိ ၊ လောကေ အတ္တသုခတ္ထိကေ ။
ပရတ္ထံ ပဋိပဇ္ဇန္တော ၊ ကော ဟိ နာမ ဘ၀ိဿတိ ။(၃၀)


“ချင်နိုင်ဆေး”
Posted 6:31 AM by ကိုနော in Labels:
ရချင် ပိုင်ချင်,ချမ်းသာချင်,အလွန်ကိုက်တဲ့ချင်…။
သာချင် နိုင်ချင်,လွှမ်းမိုးချင်,အလွန်ဆိုးတဲ့ချင်…။
ချစ်ချင် မုန်းချင်,လှပချင်,အလွန်ကမြင်းတဲ့ချင်…။
သတိ-တစ်လုံး,လက်ကိုင်သုံး,ချင်တွေ ပြုတ်ပြုတ် ပြုန်း….။
ကိုနော
၂၆.၄.၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP