ဇယ်မဂၤလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်တရားပွဲအစီအစဉ်များ
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးသည် ၁၉၆၂ခုနှစ်တွင် ခန္ဓာဝန်ချတော်မူခဲ့ပြီး၊ ဓါတ်တော်များ ကြွင်းကျန်ရစ်၍ ရဟန်းန္တာ အဖြစ် သာဓကရှိခဲ့သည်မှာ ယခု ဆိုလျှင် ၄၈နှစ်တာကာလသို့ ရောက်ရှိခဲ့ပါပြီ။
မိုးကုတ်ဆရာတော်ဘုရားကြီးက `ငါမရှိတဲ့နောက်ပိုင်း ငါရဲ့တရားတွေပြန့်ပွားလိမ့်မယ်၊ ကြိုးစားပြီး အသံဖမ်းထားကြ` ဟု အမျှော်အမြင်ကြီးစွာ မိန့်ဆိုခဲ့မှုကြောင့် ထိုခေတ်အခါက ရနိုင်သမျှ technology ဖြင့် ၁၉၅၃ မှ ၁၉၆၂ထိ ဟောကြားခဲ့သော တရားတော်အပုဒ်ပေါင်း ထောင်ကျော်မက၏ အသံတော်များကို ဖမ်းယူနိုင်ခဲ့သဖြင့် ယခုအခါ ဆရာတော်ဘုရားကြီး၏ MP3 အသံတော်များကို ဓမ္မစေတီများအဖြစ် ယနေ့ခေတ် ဓမ္မမိတ်ဆွေများက ဆက်လက် လေ့လာ၊ နာယူ၊ မှတ်သား နေကြဆဲဖြစ်ပါသည်။
ထူးကြီးဆရာတော်ကြီးကလည်း မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမမှု ဝိပဿနာ တရားကျင့်နည်းစနစ်များကို ထူးကဲစွာ လေ့လာခဲ့သည့်အလျောက် မိုးကုတ် ဆရာတော်ဘုရာကြီး၏ ဥပနိဿယခံအဖြစ် ချွင်းချက်မရှိ ခံယူခဲ့ပြီး မိုးကုတ် ဆရာတော်ဘုရားကြီး၏ လွန်ခဲ့သည့် ၄၈နှစ်တာကာလက သုံးစွဲခဲ့သည့် မြန်မာ့ရိုးရာ ဝေါဟာရနှင့် အသုံးအနှုန်းများကို ယခုခေတ်လူငယ်များနှင့် နီးစပ်နိုင်သမျှ နီးစပ်အောင် ကိုယ်ပိုင်အတွေ့အကြုံများနှင့် ပေါင်းစပ်၍ ထိမိပိုင်နိုင်စွာ ပြန်လည် သင်ကြားပို့ချ ပေးလျှက်ရှိပါသည်။
မြတ်ဗုဒ္ဓ၏ အမွေအနှစ်၊ တရားတော်၏ အဆီအနှစ်ဖြစ်သော ဝိပဿနာတရားပွဲကို Singapore ရှိ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကျောင်း (Clementi Temple) မှ ကမကထပြုလျှက် အောက်ပါ အချိန်။ နေရာ အတိုင်း စီစဉ်ခဲ့ပါပြီ၊
ဓမ္မမိတ်ဆွေ ..လူ..နတ်..ဗြဟ္မာ..သတ္တဝါ...အားလုံး... တရားပွဲကို ကြွရောက် နာကြားဖို့ ဖိတ်ခေါ်ပါရစေ.....
တရားပွဲအစီအစဉ်များ
ပထမနေ့ တရားပွဲ အစီအစဉ်
နေ့ရက်- ၂၂ ရက် မေလ စနေနေ့ ( ည ၇ နာရီ မှ ၈:၃၀ နာရီဲ အထိ)
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)
ဒုတိယနေ့ တရားပွဲ အစီအစဉ်
နေ့ရက်- ၂၃ ရက် မေလ တနင်္ဂနွေနေ့ ( ည ၅ နာရီ မှ ၆:၃၀ နာရီ အထိ )
နေရာ- Informatics Centre, Jurong East
၅ ရက်တရားစခန်းပွဲ အစီအစဉ်
နေ့ရက်- မေလ ၂၆ ရက် မှ ၃၀ ရက် ( ဗုဒ္ဓဟူးနေ့ မှ တနင်္ဂနွေနေ့ အထိ )
အချိန်- နေ့လည် ၁:၀၀ နာရီ မှ ၆:၃၀ နာရီ အထိ
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)
အထူး အစီအစဉ်များ
ပဋ္ဌာန်းစုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ
နေ့ရက်- ၂၈ ရက် မေလ သောကြာနေ့ (Vesak Day)
အချိန်- ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)
ဓမ္မစကြာ စုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ
နေ့ရက်- ၂၉ ရက် မေလ စနေနေ့ ( ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ )
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)
ဆရာတော် အတွက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း ကပ်လှူလိုသူများ နှင့် တရားပွဲဖြစ်မြောက်ရေး အတွက် ပါဝင်လှူဒါန်းလိုသူများ အောက်ပါ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ သို့ ဆက်သွယ်လှူဒါန်းနိုင် ပါသည်။
ဆက်သွယ်ရန်-
ဆရာတော် ဒေါက်တာဦးဝိစိတ္တ ( ဖုန်း - ၆၇၇၈၁၆၇၈)
ဦးကြည်ထွန်းDavid (ဖုန်း -၉၁၇၆၁၉၆၄) + ဒေါက်တာဒေါ်လဲ့လဲ့မိုး (ဖုန်း- ၉၁၀၈ ၂၂၆၄ )
ဒေါ်မူမူအေး (ဖုန်း- ၉၄၅၂ ၄၂၇၃)
ကိုထွန်းအောင် ကျော် ( ဖုန်း- ၉၈၅၁ ၇၁၉) + မအေးနုခင် ( ဖုန်း- ၈၁၀၉ ၂၀၃၅ )
မခင်လေးမွန် (ဖုန်း - ၉၀၀၆ ၇၀၁၀)
မနှင်းရီလွင် (ဖုန်း - ၉၂၇၀ ၇၆၄၅ )
JAYAMANGALA BUDDHIST VIHARA ( Clementi Temple )
23A Jalan Mas Puteh, Along West Coast Road , Near Esso, Oppostie Blk 701, Singapore 128628
Tel:(65) 6778-1678
Mobile:(65) 8123-0769
jayamangala.bv@gmail.com
23A Jalan Mas Puteh, Along West Coast Road , Near Esso, Oppostie Blk 701, Singapore 128628
Tel:(65) 6778-1678
Mobile:(65) 8123-0769
jayamangala.bv@gmail.com


0 comments:
Post a Comment