* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 24, 2009

ပထမဆုံး ဗုဒ္ဓ FM ရေဒီယို Online မှ စတင်ထုတ်လွှင့်

ဝီရ / ၂၂ ဒီဇင်ဘာ ၂၀၀၉

ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓတရားတော်များနှင့် ဓမ္မပူဇာတေးများကို အချိန်ပြည့်နှလုံးသွင်း နာယူနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM ရေဒီယိုက တရက် (၁၆) နာရီအထိ Online မှတဆင့် တိုက်ရိုက်အသံလွှင့်မှု စတင်နေကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက ပြောသည်။

၎င်းက “ဒီဇင်ဘာ (၁၉) ရက်နေ့မှာ စလွှင့်တာ။ ဗုဒ္ဓတရားတော်တွေ၊ ဓမ္မတေးသီချင်းတွေ အခု စမ်းသပ်လွှင့်ပေးနေပြီ။ ဦးဇင်းက Online မှ တိုက်ရိုက်နားထောင်နိုင်သူ အယောက် (၁၀၀) အတွက်ပဲ ဝယ်ထားတာ။ အခု ကမ္ဘာတလွှားက နားထောင်တဲ့သူတွေ အဲဒီထက်များလာတော့ လွှင့်တဲ့အား ထပ်တိုးရတော့မယ်။ မြန်မာနဲ့ အင်္ဂလိပ် (၂) ဘာသာ အသံလွှင့်သွားဖို့ရှိတယ်။ ဗုဒ္ဓဘာသာတရားနဲ့ပတ်သက်ပြီး လွှင့်တဲ့ပထမဆုံး FM ရေဒီယိုပေါ့” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

အရှင်မေတ္တာစာရသည် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး အာဆီယံ ဘလော့ဒ်ဂါဆုနှင့် ၂၀၀၉ အတွက် အကောင်းဆုံး ဘလော့ဒ်ဂါသတင်းဆုကို ရရှိထားသူ မြန်မာသံဃာတော်တပါးဖြစ်ပြီး လက်ရှိသတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှ တဆင့် ဗုဒ္ဓ FM ရေဒီယိုကို ထုတ်လွှင့်နေခြင်းဖြစ်သည်။

ဗုဒ္ဓ FM ရေဒီယိုကို မြန်မာ့စံတော်ချိန် မနက်ပိုင်းမှစ၍ ညနက်ပိုင်းအထိ http://wma1.viastreaming.net/BDFM (သို့မဟုတ်) http://www.buddhafm.blogspot.com/ ဝက်ဆိုက်စာမျက်နှာမှတဆင့် နာယူနိုင်ပြီး မြန်မာဘာသာအပြင် အင်္ဂလိပ်၊ တရုတ်၊ ဆင်ဟာလီ (သီရိလင်္ကာ) စသည့် ဘာသာရပ်များဖြင့် သီဆိုထားသည့် ဓမ္မပူဇာတေးများကိုလည်း ထုတ်လွှင့်ပေးနေကြောင်း သိရသည်။

အရှင်မေတ္တာစာရက “ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာနဲ့ ကင်းကွာနေတဲ့ ဗမာပြည် ပြင်ပက မြန်မာတွေရယ်၊ မလေးရှားက တရုတ်တွေ၊ အင်ဒိုနီးရှားက ဗုဒ္ဓဘာသာဝင်တွေ အားလုံးအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအားလုံးကို တင်ဆက်နိုင်အောင် စီစဉ်နေပါတယ်။ ပြည်ပမှာ ရှိနေပေမယ့် တရားတော်တွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကိုလည်း တင်ဆက်သွားမှာပါ။ ပြီးတော့ တိုက်ရိုက်ဆွေးနွေးပွဲတွေ လွှင့်သွားဖို့ရှိတယ်” ဟု မိန့်ကြားသည်။

ဗုဒ္ဓ Online FM ရေဒီယိုကို အဖြူရောင်သံစဉ် Online ရေဒီယိုမှ ပညာရှင်တို့က နည်းပညာပိုင်းအတွက် ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ကိုယ်ပိုင်ဝက်ဘ်ဆိုက် စာမျက်နှာ ဝက်ဘ်ဆိုက် www.buddhafm.com တွင် လာမည့် (၂) ပတ်အတွင်း ဝင်ရောက်ကြည့်ရှု နိုင်ပြီဖြစ်ကြောင်း အရှင်မေတ္တာစာရက မိန့်ကြားသည်။

ထိုအစီအစဉ်သစ်နှင့် ပတ်သက်၍ စတင်ထုတ်လွှင့်ချိန်မှစ၍ (၄) ရက်အတွင်း ပရိသတ်များထံမှ အကြံပြုချက်ပေါင်းများစွာ လက်ခံရရှိထားပြီ ဖြစ်ကြောင်းနှင့် ဆက်လက် ကြိုဆိုလျက်ရှိကြောင်း ၎င်းက မိန့်ကြားသည်။


ဒီနေရာ မှ ကူးယူဖေါ်ပြပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP