* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 24, 2009

မြင့်မြတ်သော ဘ၀နေနည်း

မြင့်သူတွေထဲမှာ နိမ့်သူဖြစ်ပါ။
နိမ့်သူတွေထဲမှာ မြင့်သူဖြစ်ပါ။
မနေသူတွေထဲမှာ နေပါ။
ပျော်သူတွေထဲမှာ မပျော်ပါနဲ့။

မိမိဖတ်ဖူးထားတဲ့
ဘုရားရှင်လက်ထက်က အရှင်ပိယဉ္ဖဟထေရ် ရဲ့ ချစ်စရာ၊အတုယူစရာကောင်းတဲ့ ဘ၀နေနည်းလေးတွေပါ။ အရှင်ဟာ လိစ္ဆ၀ီမင်းမျိုးက ပေါက်ဖွားလာခဲ့ သူတစ်ယောက်ပါ။ စစ်တိုက်တာ အလွန်ဝါသနာသန်ခဲ့သူတစ်ယောက်ဖြစ်လို့ သူရဲ့ ဘ၀မှာတော့ စစ်ပွဲတိုင်းကို အောင်နိုင်သူကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘာပဲလုပ်လုပ် ၀ါသနာအရင်းခံရင်တော့ အောင်မြင်မှုရရှိတာ များပါတယ်။ ကြိုးစားအားထုပ်မှုလေးပဲ ရောထဲ့ပေးလိုက်ရုံပါ။ အရှင့်ဘ၀ရဲ့ နေ့တစ်နေ့မှာတော့ ဘုရားရှင်နဲ့တွေ့ ဆုံခဲ့လို့  ရဟန်းဝတ်ဖြစ်ခဲ့ပါတယ်။ ဘုရားရှင်ဟာ အရှင့်အတွက်လည်းလာခြင်းကောင်းသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ လောကမှာ လူရယ်လို့ ဖြစ်လာရင် အားလုံးအတွက် မဟုတ်တောင်မှ မိမိရဲ့ မိသားစု၊ မိမိရဲ့ ဆိုင်ရာ ဆိုင်ရာ ပတ်ဝန်းကျင်လေး အတွက်တော့ မိမိဟာ အပို၊အရှုပ်ထုပ် မဟုတ်ဘဲနဲ့  ကောင်းကျိုးပြုနိုင်မယ့်လာခြင်းကောင်း သူတစ်ယောက် ဖြစ်အောင်ကြိုးစားဖို့ လည်းလိုပါတယ်။ အရှင်ဟာ ၀ိပသနာတရားကို ကြိုးစားအားထုပ်လို့  ရဟန္တာ ဖြစ် သွားခဲ့ပါတယ်။ ဒါက အရှင့်ရဲ့ ဘ၀သမိုင်း အကျဉ်းချုပ် ခပ်တိုတိုလေးပါ။ အခုပြောချင်တာက အရှင့်ရဲ့ ဘ၀ နေနည်း လေးတွေ အကြောင်းပါ။ မြင့်သူတွေထဲမှာ နိမ့်သူဖြစ်ပါတဲ့။ လောကမှာဘ၀င် မြင့်ကြသူတွေ မာနကြီးသူတွေ စသဖြင့် မဟုတ်တဲ့နေရာမှာ မြင့်နေကြတဲ့ သူတွေထဲမှာ မိမိက ဘ၀င်မမြင့် မာနမကြီးဘဲ နိမ့်ချတဲ့ စိတ်ထားနဲ နေရမှာပါ။ စပါးနှံလို အနှစ်ရှိလေနိမ့်လေဖြစ်ရမှာပါ။ နိမ့်သူတွေထဲမှာတော့ မြင့်သူဖြစ်အောင် နေရမယ်တဲ့။ လောကမှာ ပျင်းလို့  ကြိုးစားအားထုပ်မှု မရှိလို့  စိတ်ဓာတ် မကောင်းလို့  နိမ့်ကြသူတွေ ထဲမှာတော့ မိမိက ကြိုးစား အားထုပ်မှုစိတ်ဓာတ်မြင့် မြတ်အောင် လုပ်ယူပြီး စိတ်ထားမြင့်မြတ်သူ၊ သဘေားထားကြီးသူ အဖြစ် မြင့်မြတ်သော ဘ၀ပိုင်ရှင် ဖြစ်အောင် ကြိုးစားရမှာပါ။ မနေသူတွေထဲမှာ နေပါတဲ့။ ကောင်းသောနေနည်း၊ အရိယာသူတော်စဉ်တို့ ရဲ့ နေနည်းတွေနဲ့  မနေသူတွေထဲမှာတော့ မိမိက ကောင်းတာတွေနဲ့  ပဲနေသူ၊ မကောင်းတာတွေကို အတက်နိုင်ဆုံးကြိုးစား ရှောင်ကြဉ်ပြီးနေသူ၊ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒအတိုင်း နေနိုင်သူ ဖြစ်အောင် နေရမှာပါ။ နောက်ဆုံးတစ်ခုက ပျော်သူတွေထဲမှာတော့ မပျော်ပါနဲ့ တဲ့။ အပူပျော်ဖြစ်တဲ့ မကောင်းတဲ့ အာရုံတွေနဲ့  ပျော်နေတဲ့ သူတွေထဲမှာမိမိပါလိုက်ပြီး ပျော်မိဘို့ပါ။တော်တော်များများက လောကီ၊လောကုတ္တရာနှစ်ဖြာ ဘာအကျိုးမှ မိမိအတွက် မဖြစ်စေတဲ့အပျော်တွေနဲ့  အချိန်ကုန်ခံ၊ ငွေအကုန်ခံပြီး အကန်းပျော်၊ ပျော်နေကြတာပါ။ ပျော်စရာ အာရုံတွေ များလွန်းတဲ့ ခေတ်ကြီးမှာ အပျော်တွေနဲ့ ကြီး ဘ၀ကို နိဂုံးမချုပ်မိဘို့  လိုပါတယ်။လူ့ ဘ၀ အချိန် ခပ်တိုတိုလေးမှာ အရှင်ချပြခဲ့တဲ့ ဘ၀နေနည်း လေးတွေနဲ့သာ အတက်နိုင်ဆုံး ကြိုးစား နေလိုက်မယ် ဆိုရင်တော့.....



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP