အင်္ဂလိပ် Idioms သင်ခန်းစာ (၅)
- စိတ်ကူးထဲမှာ - in one’s mind’s eyes
(1) In my mind’s eye, I can still see the house where I was born.
ကျွန်တော့် မျက်စိထဲမှာ ကျွန်တော့် ဇာတိချက်မြှပ်အိမ်ကို မြင်ယောင်နေတုန်းပါပဲ။
(2) In his mind’s eye, he can imagine the effect he’s having.
သူ့စိတ်ကူးထဲမှာတော့ သူဟာ အကျိုးရလာဒ် ရှိနေတုန်းပဲလို့ စိတ်ကူးနိုင်တယ်။
(3) He was dreaming his parents were still alive in his mind’s eye.
သူ့မိဘတွေ အသက်ရှင်နေသေးတယ် ဆိုပြီး သူ့စိတ်ကူးထဲမှာ ပြန်တွေးနေမိတယ်။
- စိတ်ရောကိုယ်ပါ - heart and soul
(1) The clever sons and daughters devoted themselves heart and soul to caring for their parents.
လိမ္မာကြတဲ့ သားသမီးတွေဟာ မိဘတွေကို စိတ်ရောကိုယ်ပါ ပြုစု စောင့်ရှောက်ကြတယ်။
(2) They threw themselves heart and soul into the project.
သူတို့တွေဟာ လုပ်ငန်းအထဲမှာပဲ သူတို့ကိုယ် သူတို့ စိတ်ရောကိုယ်ပါ မြုပ်ထားလိုက်တော့တယ်။
(3) If you put your heart and soul into something, you can do it with a great deal of enthusiasm and energy.
တကယ်လို့ မင်းဟာ တစ်ခုခုမှာ စိတ်ရောကိုယ်ပါ စိတ်ဝင်စားမယ် ဆိုရင် မင်းဟာ စိတ်ထက်သန်မှုနဲ့ စွမ်းအင် များစွာကို အဲဒီ တစ်ခုခုမှာ လုပ်နိုင်မယ်။
- တခြားစီပဲ/ဘာမှမဆိုင်ဘူး/မီကိုမမီဘူး - not anything like
(1) He isn’t anything like my first boss.
သူက ငါ့ရဲ့  ပထမ သူဌေးနဲ့တော့ တခြားစီပဲ။
(2) The film wasn’t anything like as good as E.T.
ဒီရုပ်ရှင်က အီးတီဇာတ်ကားလောက် ကောင်းကို မကောင်းဘူး။
(3) The book wasn’t anything like as good as her first one.
ဒီစာအုပ်က သူမရဲ့ ပထမ စာအုပ်လောက် ကောင်းကို မကောင်းဘူး။ တခြားစီပဲ။

0 comments:
Post a Comment