မိတ္တူနေ့ စွဲများ
အလေ့ရိုးရိုး နေ့ မျိုးများစွာ
ဘ၀ခါးခါး ညများစွာနဲ့ 
ထပ်တူကျခဲ့...ကိုယ့်နေ့ စွဲများ..
ဘ၀ပင်လယ် အ၀ကျယ်မို့ 
နိမ့်သူ ဖိနှိပ်
မကောင်း စိတ်ကြောင့်…
နှုတ်ဆိတ်နေထား..
မပြောအားဘူး….
ကောင်းကင်မော့ကြည့်
ဟော အတိနဲ့  တိမ်စိုင်တိမ်ခဲ
ထိုမိုးသားလည်း…ပြိုကာပျက်ကျ
ငိုကာချဖို့  သူအားကူလို့ ….
ဆွေမနီး မျိုးဝေး
ထိုအတွေးက ရေးရေးနှိပ်စက်
အိပ်ဖို့ ခက်ခဲ…
တွေးနက်ဆဲမို့ …
ကြယ်ကလေး ဟန်ဆောင်
သူ ပြုံးယောင်လည်း…
လမင်းကြီးဝါ
သူ ထိန်သာလည်း…
စိတ်မှာ မပျော်….
အိပ်ယာပေါ်မှ…
ကမ်းနှင့် ခရီး..
လှမ်းလင့်ပြီးမို့ …
ရှေ့ သို့ မျှော်ရည်
ဆက်ရပေမည်….
အာရုံမိုးသောက်…
ချိန်ခါရောက်ပေါ့…
ဘ၀ခါးခါး ညများစွာနဲ့ 
ထပ်တူကျခဲ့...ကိုယ့်နေ့ စွဲများ..
ဘ၀ပင်လယ် အ၀ကျယ်မို့ 
နိမ့်သူ ဖိနှိပ်
မကောင်း စိတ်ကြောင့်…
နှုတ်ဆိတ်နေထား..
မပြောအားဘူး….
ကောင်းကင်မော့ကြည့်
ဟော အတိနဲ့  တိမ်စိုင်တိမ်ခဲ
ထိုမိုးသားလည်း…ပြိုကာပျက်ကျ
ငိုကာချဖို့  သူအားကူလို့ ….
ဆွေမနီး မျိုးဝေး
ထိုအတွေးက ရေးရေးနှိပ်စက်
အိပ်ဖို့ ခက်ခဲ…
တွေးနက်ဆဲမို့ …
ကြယ်ကလေး ဟန်ဆောင်
သူ ပြုံးယောင်လည်း…
လမင်းကြီးဝါ
သူ ထိန်သာလည်း…
စိတ်မှာ မပျော်….
အိပ်ယာပေါ်မှ…
ကမ်းနှင့် ခရီး..
လှမ်းလင့်ပြီးမို့ …
ရှေ့ သို့ မျှော်ရည်
ဆက်ရပေမည်….
အာရုံမိုးသောက်…
ချိန်ခါရောက်ပေါ့…


0 comments:
Post a Comment