* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 19, 2009

သိရသ္မိံ ဂါထာတော်

သိရသ္မိံ မေ ( တေ ) ဗုဒ္ဓသေဋ္ဌော ၊

သာရိပုတ္တော စ ဒက္ခိဏေ ။
ဝါမအံသေ မောဂ္ဂလ္လာနော ၊
ပုရတော ပိဋကတ္တယံ ။

ပစ္ဆိမေ မမ ( တ၀ ) အာနန္ဒော ၊
စတုဒ္ဒိသာ ခီဏာသ၀ါ ။
သမန္တာ လောကပါလာ စ ၊
ဣန္ဒာဒေ၀ါ သဗြဟ္မကာ ။

ဧတေသံ အာနုဘာဝေန ၊
သဗ္ဗေ ဘယ ဥပဒ္ဒ၀ါ ။
အနေက အန္တရာယာပိ ၊
ဝိနဿန္တု အသေသတော ။

( အနက် )
ဗုဒ္ဓသေဋ္ဌော-သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင် လူရှင်ဥက္ကဌ် ဘုရားမြတ်သည်။
မေ-အကျွန်ုပ်၏။
( တေ-တုမှာကံ-ပရိတ်တရား သဒ္ဓါပွား၍ နားကြားကြသူ များဗိုလ်လူတို့၏။)
သိရသ္မိံ-နှစ်ကုဋေငါးသန်း မြတ်ပန်းကေသာ ပေါက်ရောက်လာသည့် ရဟန္တာပလ္လင် ဦးထိပ်ပြင်၌။
ဌာတု-အန္တရာယ်ခပ်သိမ်း ရန်စွယ်ငြိမ်းဖို့ စောင့်ထိန်းသောအား ကရုဏာထားလျက် မားမားရွှင်ကြည် ရပ်တည်နေတော်မူပါစေသတည်း။

သာရိပုတ္တော-ပညာထက်မြက် ဧတဒဂ်ဂုဏ် သင်းထုံပြန့်ပြူး ချီးကျူးမြှောက်စား သားကြီးရတနာ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်။
မေ-အကျွန်ုပ်၏။
( တေ-တုမှာကံ-ပရိတ်နာအပေါင်း သင်သူတော်ကောင်းတို့၏ )
ဒက္ခိဏေ-ပဉ္စက္ခန္ဓာ ကိုယ်အင်္ဂါတွင် လက်ယာခေါ်သုံး ညာပခုံး၌။
ဌာတု-ပညာတော်ရောင် ၀င်းဝင်းပြောင်လျက် မိုက်မှောင်ပယ်ချွေ ကျက်သရေဖြင့် တည်နေကိန်းဝပ်တော်မူပါစေသတည်း။

မောဂ္ဂလ္လာနော-ဣဒ္ဓိဆယ်မျိုး တန်ခိုးတန်တန် နှိုင်းရန်ပုံတူ မရှိသူဟု မြွက်ကျူဗျာဒိတ် မြတ်တံဆိပ်ကို ခပ်နှိပ်ချီးဝှဲ လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးသည်။
မေ-အကျွန်ုပ်၏။
( တေ-တုမှာကံ-ပရိတ်တရား စိတ်ထားသာရွှင် သဒ္ဓါဝင်၍ နာချင်ကြတောင်း သင်သူတော်ကောင်းတို့၏။)
ဝါမအံသေ-ကိုယ်ဒြပ်တွင် ဆက်စပ်ယှဉ်တွဲ ပညတ်စွဲဖြင့် လက်ဝဲခေါ်သုံး ဘယ်ပခုံး၌။
ဌာတု-ဣဒ္ဓိလျှံဖြိုး ဈာန်တန်ခိုးဖြင့် ရန်မျိုးပယ်ချွေ ဘုန်းမိုးစေလျက် တည်နေကိန်းဝပ်တော်မူပါစေသတည်း။

ပိဋကတ္တယံ-သုတ္တန် ဘိဓမ္မာ ၀ိနယာဟု သုံးဖြာသတ်မှတ် ပိဋကတ်တော်မြတ်သည်။
မေ-အကျွန်ုပ်၏။
( တေ-တုမှာကံ-ပရိတ်နာအပေါင်း သင်သူတော်ကောင်းတို့၏။)
ပုရတော-ရှေ့ရပ်မျက်နှာ မင်္ဂလာစုံဘိ ရပ်သီရိ၌။
ဌာတု-တောင်ကြီးပမာ ဘေးရန်ကာလျက် ကောင်းစွာမသွေ တည်နေတော်မူပါစေသတည်း။

အာနန္ဒော-ဧတဒဂ်ကြိမ် ဂုဏ်သိန်ဝင်းလျှပ် ရှစ်ရပ်ဌာနံ ရာခံအရေး လုပ်ကျွေးလိမ္မာ ဘွဲ့မည်သာသည့် ရှင်အာနန္ဒာခေါ် မထေရ်ကျော်သည်။
မမ-အကျွန်ုပ်။
( တ၀-တုမှာကံ-ပရိတ်နာအပေါင်း သင်သူတော်ကောင်းတို့၏။)
ပစ္ဆိမေ-လက်ပြင်နှစ်ခု လည်ဟုခေါ်ဆို ကျောဗဟို၌။
ဌာတု-နောက်ဖက်ဘေးရန် တွန်းလှန်ဖြိုဖျက် နှစ်သက်ရွှင်ကြည် ရပ်တည်နေတော်မူပါစေသတည်း။

ခီဏာသ၀ါ-အာသဝေါလေးပါး ရန်သူများကို အရဟတ္တမဂ် ဓားသန်လျက်ဖြင့် ပယ်ဖျက်ခုတ်ထွင် သုတ်သင်အပ်ပြီးသော ရဟန္တာသခင် အရှင်မြတ်အပေါင်းတို့သည်။
မမ-အကျွန်ုပ်၏။
( တ၀-တုမှာကံ-ပရိတ်နာအပေါင်း သင်သူတော်ကောင်းတို့၏။)
စတုဒ္ဒိသာ-စတုဒ္ဒိသာသု-ရှေ့နောက်ဝဲယာ လေးဖြာသော အရပ်တို့၌။
တိဋ္ဌန္တု-လေးဘက်လေးတန် ရန်ဟူသမျှ မြူမခရလေအောင် ကိန်းဝပ်ပုံသေ တည်နေတော်မူပါစေသတည်း။

သဗြဟ္မကာ-ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ ရှစ်ပါးသမာပတ် ၀င်းဝင်းလျှပ်သည့် ထက်ရပ်ကပ်ချဉ်း ဗြဟ္မာမင်းတို့နှင့်တကွ ဖြစ်ကြပေကုန်သော။
ဣန္ဒာဒေ၀ါစ-၀တိံကြီးစိုး မောက်ဖြိုးဣဒ္ဓိ သိရိကျက်သရေ ထွေထွေများပြား နတ်များသနင်း သိကြားမင်းနှင့် မယွင်းမမှား တရားလက်သုံး မပျက်ပြုံးသည့် စက်ဆုံးရှည်လတ် နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည်၎င်း။
လောကပါလာစ-လောကစောင့်ငြား နတ်အများတို့သည်၎င်း။
မမ-အကျွန်ုပ်၏။
( တ၀-တုမှာကံ-ကောင်းကျိုးချမ်းသာ လိုလားပါသည့် ပရိတ်နာအပေါင်း သင်သူတော်ကောင်းတို့၏။)
သမန္တာ-ထက်ဝန်းကျင်ဒိသာ အရပ်ဆယ်မျက်နှာမှ။
တိဋ္ဌန္တု-ငါးပါးကံကြမ္မာ ဂြိုဟ်ထီးကွာ၍ လိုရာပြီးမြောက် ကြံတိုင်းပေါက်အောင် စောင့်ရှောက်ပုံသေ တည်နေတော်မူကြပါစေကုန်သတည်း။

ဧတေသံ-ဤဘုရား, တရား, သံဃာ, သိကြား, ဗြဟ္မာ, နတ်များစွာတို့၏။
အာနုဘာဝေန-တန်ခိုးရှိန်စော် မေတ္တာတော် အစွမ်းသတ္တိကြောင့်။
သဗ္ဗေ-ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။
ဘယဥပဒ္ဒ၀ါစ-နှစ်ဆဲ့ငါးပါးသော ဘေး, တဆယ့်ခြောက်ပါးသော ဥပဒ္ဒဝေါတို့သည်၎င်း။
အနေက အန္တရာယာပိ-တပါးမက များလှထောင်သောင်း ရောဂါရန်စွယ် အန္တရာယ်အပေါင်းတို့သည်၎င်း။
အသေသတော-ဘုန်းတော်ဒဏ်ကို မခံနိုင်ဘဲ ရှောင်လွှဲပယ်ရှား အကြွင်းအကျန်မရှိသောအားဖြင့်။
ဝိနဿန္တု-နေခြည်ထိရောက် နှင်းရည်ပေါက်ကဲ့သို့ သွေ့ခြောက်ပျက်ပြယ် အန္တရာယ်မလား ရောဂါများမှ ဝေးခြားလွင့်စင်ကြပါစေကုန်သတည်း။
( သုခမင်္ဂလာနိပိ-ကောင်းကျိုးချမ်းသာ မင်္ဂလာသုခ ဟူသမျှတို့သည်လည်း။ ၀ဍ္ဎန္တု-တနေ့တမျိုး ဒီရေတိုးသကဲ့သို့ ဖွံ့ဖြိုးစည်ပင်နိုင်ကြပါစေကုန်သတည်း။)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP