* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 19, 2009

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၂)

သတိဖြင့် ဘ၀ပင်လယ် ကူးသူ

ကုသိုလ်တရားတို့၌ မမေ့မလျော့မပေါ့မတန် ထက်သန်သော
သတိရှိရင် ဘ၀ပင်လယ် မြစ်ပြင်ကျယ်ကြီးကို ကူးနိုင်တယ်၊
ခန္ဓာဝန်ထမ်းဆောင်ရင်း စားဝတ်နေရေး အလုပ်လုပ်ရင်းနဲ့တောင်မှ
အပ္ပမာဒဆိုတဲ့ သတိလေးကိုင်ထားတဲ့ ပုဂ္ဂိုလ်ဟာ တရားအလုပ်လုပ်နေတာ၊
ဘ၀ပင်လယ်ကူးနေတဲ့ ပုဂ္ဂိုလ်ပဲ။

မအားလို့ ကုသိုလ်မရဘူးဆိုပြီး အားငယ်စရာမလိုပါဘူး၊ ပိုက်ဆံမရှိလို့ ကုသိုလ်
မလုပ်ရဘူးဆိုပြီး အားငယ်စရာမလိုဘူး၊ နေ့တိုင်းကုသိုလ်ထုပ်ပေါ် တက်ထိုင်နေကြတာ၊
အပ္ပမာဒ သတိရှိသူအတွက် စိတ်မနိုင်လို့ ကိလေသာဖြစ်တာတောင်မှ အမြတ်ထွက်တယ်၊
သတိပဋ္ဌာန်လုပ်ငန်းစဉ် အသိလေးတွေပါလာတဲ့အခါ ကိလေသာဖြစ်တာတောင်မှ ဘာဝနာ
အာရုံဖြစ်သွားတယ်၊

အပ္ပမာဒသတိရှိသူတွေအတွက် တကယ်လို့ လူမမာကြီး ဖြစ်သွားရင်တောင်မှ ဝေဒနာနုပဿနာ
သတိပဋ္ဌာန်လေးကိုင်ပြီး ရှုမှတ် ပွားများ အားထုတ်တတ်ရင် လူမမာဘ၀နဲ့ အမြတ်ထွက်တယ်။
သာသာနာအတွင်း လူဖြစ်တဲ့ သတိရှိသူအတွက် ဘာမှအရှုံးမထွက်တာမရှိဘူး၊
အမှိုက်ပုံထဲက ရွှေထုပ်ကောက်တယ်ဆိုတာ ဒါပေါ့။


လူ့ကိစ္စမျိုးစုံကို ထိန်းချုပ်တာသတိ

လောကရှိသစ်ပင်များမှာ သီးနေတဲ့ သစ်သီးများဟာ အညှာခိုင်ခိုင်မာမာ ရှိနေသမျှ
သူတို့ဟာ တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါ ပေါင်းစုပြီး ကြည့်လို့ကောင်းရှုလို့ကောင်းတာပေါ့။
အညှာမခိုင်လို့ ပြုတ်ကျသွားပြန်တော့လည်း အဲဒီအညှာကို မှီနေကြတဲ့သစ်သီးတွေဟာ ဖရိုဖရဲကျကွဲ
ကမောက်ကမတွေ ဖြစ်ကုန်ကြတယ်၊

ဒါမျိုးလိုပေါ့ ရေတွက်မရအောင်များပြားလှတဲ့ လူ့ကိစ္စမျိုးစုံဆိုသည်မှာ အသီးတစ်ရာနဲ့တူတယ်၊
အဲဒီအသီးတစ်ရာ အားလုံးကိုထိန်းချုပ်ထားသော အရာသည်ကား သာသနာက နံပတ်တစ်တောင်းထားတဲ့
အပ္ပမာဒခေါ်တဲ့ သတိတရားပေါ့။ ။

ကံတရားသည် စည်းကမ်းအတိကျဆုံး

လောကမှာကံတရားဟာ စည်းကမ်းအတိကျဆုံးပါ၊ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပါဘူး၊
ဘယ်တော့မှလည်း မျက်နှာမလိုက်ပါဘူး၊ သူရှိတာပေးမှာပါ၊ မရှိတာကိုလည်း သူမပေးဘူး၊
ရှိလျက်သားနဲ့လည်း လျှို့ဝှက်မထားဘူး၊ ကံတရားဟာ ကိုယ့်အပေါ်မှာ အင်မတန်စည်းကမ်း
ရှိပါတယ်၊ ကောင်းတဲ့ကံတရားဆိုတာ အလွန်သစ္စာရှိပါတယ်၊မကောင်းတဲ့ ကံတရားကတော့
ကိုယ့်အပေါ်အလွန်သစ္စာဖောက်ပါတယ်၊ ဖြစ်ချင်တိုင်းဖြစ်တာမဟုတ်ဘဲ အကြောင်းကံ အရင်းခံ
ရှိသလောက်သာ ဖြစ်နေကြရပုံတွေ မဖြစ်ချင် မလိုချင်သော်လည်း အကြောင်းကံရှိသလို ရနေကြပုံ
တွေဟာ ဥာဏ်ရှိသလောက် ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတဲ့ ဥာဏ်မှန်ပြောင်းတပ်ပြီး ကြည့်လိုက်လို့
ရှိရင် ပြတ်ပြတ်သားသား မြင်ရပါတယ်။

(တိပိဋကယောဆရာတော်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP