* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 19, 2009

ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း



ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း

အေးချမ်းလေး ဘလော့မှ ကူးယူဖေါ်ပြပေးပါသည်။

ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်

at 4:15 AM
၁ ။ မည်သူ့အပေါ်တွင် မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း နှလုံးကောင်း ထားပါ ။

၂ ။ ကောင်းသော ဣဌာရုံနှင့် တွေ့သောအခါ လွန်စွာဝမ်းသာ အားရ သောမနဿ လောဘမဖြစ်ပါနှင့် ။

၃။ မကောင်းသော အနိဌာရုံနှင့် တွေ့သောအခါ၌လည်း ၀မ်းနည်းပက်လက် မနှစ် သက်သော ဒေါမနဿဒေါသမဖြစ်ပါနှင့် ။

၎ ။ မိမိပိုင် မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လို့သည့် မတရားရယူလိုသည့်လောဘ မထွက်ပါနှင့်။ ရောင့်ရဲပါ ၊ တင်းတိမ်ပါ၊ ဆင်းရဲသည်ကို ဂုဏ်ယူပါ ။ မတရားချမ်းသာတာကို ဂုဏ်မယူပါနှင့် ။

၅ ။ သတ္တ၀ါတို့ကို မညှဉ်းဆဲပါနှင့် ၊ မနှိပ်စက်ပါနှင့် ၊ကာယ အားဖြင့် ၊ နှုတ်အားဖြင့် ၊စိတ်အားဖြင့်မညှဉ်းဆဲပါနှင့်။

၆ ။ သတ္တ၀ါအားလုံး မိမိနှင့် ထိတွေ့သိရှိသူ ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ ၊ မိမိအား ချစ်ခင်လိုလားသူ ၊မိမိအား မုန်းတီးစက်ဆုပ်သူ ၊မိမိအားချစ်လည်းမချစ် ၊ မုန်းလည်းမမုန်း အလယ်အလတ်သဘောရှိသူ အားလုံးအပေါ် သန့်ရှင်းကြည်လင်သော မိမိနှင့်ထပ်တူဖြစ်သော မေတ္တာထားရှိပါ။

၇ ။ လိမ်ညာ မုသားစကားပြောခြင်းမှ ရှောင်ကြည်ပါ ။

၈ ။ မည့်သည့်စိတ်ဖြင့် ဖြစ်စေ ၊ ကောင်းစေလို၍ပဲ ဖြစ်ဖြစ် ၊ ဆိုးစေလို့၍ပဲဖြစ်ဖြစ် ၊ ဖရုသ၀ါစာတည်းဟူသောဆဲဆိုခြင်းမှ ရှောင်ကြဉ်ပါ ။

၉ ။ ချစ်သူနှစ်ယောက်ကွဲသွားအောင် ကုန်းတိုက်သော ၊ ရန်တိုက်ပေးသော ပိသုဏ၀ါစာစကားကိုရှောင်ကြဉ်ပါ။

၁၀။ ကလေးသူငယ်များနှင့် လူဖျင်းလူပေါ့တို့ နားထောင်၍ ကောင်းရုံသာ ဖြစ်သော( အနက်အဓိပ္ပာယ်မရှိ ၊အကျိုးမရှိသော)
အပျက်အချော် ပျော်ရုံသာဖြစ်သော သမ္ဇပ္ပလာပစကားကို ရှောင်ကြဉ်ပါ ။ ဟိုစပ်စပ် ဒီစပ်စပ်ပါဝင်ကာ အာလာပ သလ္လာပ
ဗရုတ်သုတ်ခမဟုတ်က ဟုတ်ကစကားများ မပြောပါနှင့် ။


၁၁။ ဆိုရေးရှိက ဆိုသည့်စကားကို နားခံသာအောင် ၊ သဘောပေါက်လွယ်အောင် သာယာပျောင်းညင်းစွာ ပြောဆိုပါ ၊ လူပုံအလယ်တွင်အရှက်ကွဲစေခြင်း ၊ ဒေါသတကြီး ပြုမူ ပြောဆိုခြင်းတို့မှရှောင်ကြဉ်ပါ ။

၁၂ ။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံအားထုတ်ပါ ။

၁၃ ။ သရဏဂုံသုံးပါးကို တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ ၊ မေတ္တာဘာဝနာကိုပွားပါ ။ဝိ ပဿနာလမ်းသို့တက်လှမ်း နိုင်ပါစေ ။

၁၄ ။ သူတော်ကောင်းတို့ကို ဆည်းကပ်ပါ ။

၁၅ ။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများပါ ။

၁၆ ။ အစဉ် ကြည်လင်သော ကောင်းသော စိတ်ကိုမြှုပ်နှံထားပါ ။

၁၇ ။ လောကုတ္တရာတရားတော်တွင် စိတ်ကို မြှုပ်နှံထားပါ ။

၁၈ ။ * ခန္တီစ သည်းခံခြင်းတရားကို မမေ့မလျော့လေနှင့် ။
* ရန်ကိုရန်ချင်း မတုံနှင်းနှင့် ။
* မေတ္တာဖြင့်သာ ရန်ကို အောင်နိုင်ရာ၏ ။

၁၉ ။ ကာယ ၊ ၀စီ ၊ မနောအားဖြင့် ပြုမှုလှုပ်ရှား ပြောဆိုမှု ၊ ကြံစည်တွေးတောမှု မှန်သမျှသည် သင့်မသင့်လျော်မလျော် ၊ အချိန်အခါဟုတ် မဟုတ် ၊ ပြောလျှင်ဘာဖြစ်မလဲ ၊မပြောလျှင်ဘာဖြစ်မလဲ ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏ ၊ လုပ်သင့်၏ ၊ စဉ်းစားသင့်၏ ။အကျိုးအပြစ်ဝေဖန်ပြီးမှလုပ်သင့်၏ ။ စိတ်နောက်ကိုပါ ၊ အချွန်းမရှိ ၊ ပညာမရှိ မပြုမူသင့် ။

၂၀ ။ ဧကောဓမ္မော ဟူသည့်အတိုင်း မိမိစိတ်ကို စောင့်ထိန်းမှသာ တရားလည်းရ ၊ လူကောင်း သူကောင်းလည်းဖြစ် ၊ ယခုဘ၀တွင်ရော ၊သံသရာတွင်ပါ ချမ်းသာသုခ ရနိုင်သည် ။နိဗ္ဗာန်ရောက်ကြောင်း ၊ မဂ်တရား ၊ ဖိုလ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ ။

၂၁ ။ စိတ်ကို မေတ္တာဖြင့် ထုံမွမ်းပါလေ ။

၂၂။မိမိစိတ်ကိုအစဉ်သတိဖြင့်ကပ်ထားပါလေမလွတ်လိုက်ပါနှင့်။စိတ်ဟူသည်ဖြန့်ကျက်တက်သောသဘောရှိ၏ ။

စာဖတ်သူ မိတ်ဆွေများ ပျော်ရွင်ချမ်းမြေ့ပါစေ...


Posted by ye Sunday, August 16, 2009
Labels: ဘာသာရေူး


အေးချမ်းလေး ဘလော့မှ ကူးယူဖေါ်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁၇)ရက်၊ ည(၁၀း၂၀)နာရီတွင် ကူးယူပါ၏။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP