* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 19, 2009

အာဝေဏိကဂုဏ်တော် သစ္စာပြု ဆုတောင်း ပါဠိ

၁။ ( အသက် )
ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ( တေ ) ဟောတု ။

၂။ ( ဉာဏ်ပညာ )
ဗုဒ္ဓါနံ သဗ္ဗညုတဉာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ( တေ ) ဟောတု ။

၃။ ( ဥစ္စာပစ္စည်း )
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ( တေ ) ဟောတု ။

၎။ ( ဂုဏ်ကျက်သရေ )
ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ၀ါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ( တေ )
ဟောတု ။

၅။ ( လေးပါးအပေါင်း )
ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ( တေ ) ဟောတု ။

အမှာ။
မေ ( တေ ) နှစ်မျိုးတွင်
ကိုယ့်အတွက် ရွတ်လိုက မေ-ဟု ရွတ်ပါ။
သူများအတွက် ရွတ်လိုက တေ-ဟု ရွတ်ပါ။

( မြန်မာပြန် )
၁။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ အသက်ဇီဝကို မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပေ။
ထိုနည်းတူစွာ အကျွန်ုပ်၏ ( အသင်တို့၏ ) အသက်ဇီဝကိုလည်း မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပါစေသတည်း။

၂။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သဗ္ဗညုတ ရွှေဉာဏ်တော်ကို မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပေ။
ထိုနည်းတူစွာ အကျွန်ုပ်၏ ( အသင်တို့၏ ) အသိအလိမ္မာ ဉာဏ်ပညာကိုလည်း မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပါစေသတည်း။

၃။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပစ္စည်းလေးပါးတို့ကို မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပေ။
ထိုနည်းတူစွာ အကျွန်ုပ်၏ ( အသင်တို့၏ ) ပစ္စည်းဥစ္စာ ရတနာ အဖြာဖြာတို့ကိုလည်း မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပါစေသတည်း။

၎။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ရှစ်ဆယ်သော လက္ခဏာတော်ငယ်နှင့် တလံမျှလောက်သော ရောင်တော်ဝန်းကို မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပေ။
ထိုနည်းတူစွာ အကျွန်ုပ်၏ ( အသင်တို့၏ ) လှပတင့်တယ်ခြင်း ဂုဏ်ကျက်သရေ အထွေထွေတို့ကိုလည်း မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပါစေသတည်း။

၅။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ အသက်တော်, သဗ္ဗညုတဉာဏ်တော်, ပစ္စည်းလေးပါး, လက္ခဏာတော်ငယ် ရှစ်ဆယ်တို့နှင့် တလံမျှလောက်သော ရောင်တော်ဝန်း တည်းဟူသော ဤလေးပါးတို့ကို မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပေ။
ထိုနည်းတူစွာ အကျွန်ုပ်၏ ( အသင်တို့၏ ) အသက်ဇီဝနှင့်, အသိအလိမ္မာ ဉာဏ်ပညာ, ပစ္စည်းဥစ္စာ ရတနာအဖြာဖြာနှင့်, လှပတင့်တယ်ခြင်း ဂုဏ်ကျက်သရေ အထွေထွေဟူသော ဤလေးပါးတို့ကိုလည်း မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပါစေသတည်း။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP