* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 19, 2009

Community Health Fair by MAMS (www.mamsus.org)

ကျန်းမာရေး အသိပညာပေးခြင်းနှင့် ဆေးစစ်ပေးခြင်း


မြန်မာ အမေရိကန် ဆေးပညာပေးအဖွဲ့ (The Myanmar American Medical Education Society Inc.) က နှစ်စဉ် ဆောင်ရွက်ပေးမြဲဖြစ်သော ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဆေးစစ်ပေးခြင်းတို့ကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၃ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ -

(က) အဝလွန်ခြင်း
(ခ) သွေးတိုးရောဂါ
(ဂ) ဆီးချို သွေးချိုရောဂါ
(ဃ) Cholesterol
(င) အသဲရောဂါ ဘီပိုး ရှိ,မရှိ
(စ) အထွေထွေ ကျန်းမာရေး အသိပညာပေးခြင်း
(ဆ) ကင်ဆာရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်း
(ဇ) ကျန်းမာရေးအာမခံ (Health Insurance) နှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို မြန်မာ အမေရိကန် ဆေးပညာပေးအဖွဲ့ ဆရာဝန်များက စေတနာ့ဝန်ထမ်း ပြုလုပ် ဆောင်ရွက်ပေးကြပါမည်။

မိသားစု ကျန်းမာရေးအတွက် ဆေးစစ်လိုကြသူများ၊ ကျန်းမာရေးအာမခံနှင့် ပတ်သက်၍ သိရှိလိုသူများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာ တိုးပွားလိုသူများ စိတ်ဝင်စားကြသူများသည် အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ အသိပေး နှိုးဆော်အပ်ပါသည်။

အစီအစဉ်

နေ့ရက်။ ။ ၂၀၀၉ ခု သြဂုတ်လ ၂၃ ရက် တနင်္ဂနွေနေ့

အချိန်။ ။ နံနက် ၉ နာရီ မှ မွန်းလွဲ ၂ နာရီ

နေရာ။ ။ လောကချမ်းသာဘုရားကျောင်း (အေဘီဘီအေ)
619 Bergen Street, Brooklyn, NY 11238
Phone: (718) 622-8019


ဆေးစစ်ခံလိုသူများသည် ပိုမို တိကျသော အဖြေရရှိစေရန် နံနက်စာ မသုံးဆောင်ဘဲ လာရောက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

မြန်မာ အမေရိကန် ဆေးပညာပေးအဖွဲ့မှ နေ့လယ်စာဖြင့် ကျွေးမွေး ဧည့်ခံပါမည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP