* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 19, 2009

ဆင်းရဲသားဆိုတာ ပြတိုက်ထဲမှာ ပဲကျန်တော့မယ်.. (ဆင်းရဲသားပပျောက်ရေးတရားတော်...)

ပထမပိုင်းမှာ စာထဲက အတိုင်း သေချာပေါက် လူတွေနှင့် အလုပ်လုပ်ကြမယ်လေ။ တစ်နှစ် နှစ်နှစ်လောက် ရှိလာရင်ပဲ အမြတ်တွေ ပေါ်လာပါပြီ။ အမြတ်အစွန်းရလာလျှင် ဘဏ်ထဲမှာ ပြန်ထည့်ကြမယ်။ ဘုန်းကြီးက လည်း ရိုးသားဖြူစင်ပြီး မေတ္တာ ကရုဏာ အပြည့်အ၀ ထားတတ်တဲ့ ရပ်သူ ရွာသားတွေဖြစ်အောင်၊ အမြဲ ဆုံးမ နေမှာပေါ့။ ရပ်မိ ရပ်ဖ တွေကလည်း ကြိုးစားမှု ရှိလာအောင် အမြဲ တွန်းအားပေးနေကြမှာကိုး။



ဒီတော့ ပထမ အသုတ်၊ ဒုတိယ အသုတ်၊ တတိယ အသုတ်လောက်ဆိုရင်ပဲ ရွာက ချမ်းသာလာပါပြီ။ ကျွမ်းကျင်သူတွေလည်း ပိုများလာ လို့ မျိုးဆက်သစ်တွေလည်း ဆက်ပွါးလာနိုင်ပါပြီ။


စိတ်ကူးယဉ်တာတော့ဟုတ်ပါပြီ။ တကယ် အကောင်အထည်ဖေါ်တဲ့အခါ အလွဲသုံးစား လုပ်တာတို့၊ဖြုန်းသုံးပစ်တာတို့၊ အကြောင်းအမျိုးမျိုးကြောင့် အရှုံးပေါ်တာတို့ ၊နောက်ဆုံး ထုတ်ယူသွားတဲ့ ငွေပြန်မဆပ်တာမျိုးတို့ မဖြစ်နိုင်ပေဘူးလား။ ဖြစ်နိုင်ပါတယ်။ ဒါက စိတ်ကူးယဉ် အဆင့်ပါ။ တကယ်အကောင်အထည်ဖေါ်ကြတဲ့ အခါ၊ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ကြရအုံးမှာပါ။ ဒါပေမဲ့ ပုရောဟိတ်ကြီး လုပ်ခဲ့တာကိုလည်း သတိမူသင့်တယ်။ သူက တစ်ယောက်နှင့် တစ်ယောက် ယုံကြည်စိတ်ချမှုကို အလေးထားပြီးတော့ လက်မှတ်တောင် မထိုးခိုင်းဘဲနှင့် အရင်းအနှီးတွေ ပေးအပ်လိုက်တယ်။ စာထဲမှာပါတယ်။ တစ်ဦးနှင့် တစ်ဦး အပေးအယူပြုကြတဲ့အခါမှာ မေတ္တာ ကရုဏာဟာ အလွန်အင်မတန် မှ တာသွားပါတယ်။ ဒါကြောင့် မသင့်လျော်တာ အနည်းအကျဉ်းဖြစ်နိုင်ချေရှိတာနှင့် အားလုံးအတွက် အလွန်များပြားတဲ့ အကျိုးစီးပွါးကို မဖျက်ဆီးသင့်ပါဘူး။ မအောင်မမြင်ချင်း နည်းအမျိုးမျိုးသုံးပြီး ကြိုးစားကြရမှာပါ။


အခက်အခဲမှန်သမျှကိုလည်း မေတ္တာ ကရုဏာရှေးရှုထားပြီးတော့၊ ဖြေရှင်းကျော်လွှားသွားကြရမှာ ပါ။ မေတ္တာ ကရုဏာနှင့် တကယ်တန်း အလုပ်လုပ်ကြတဲ့အခါ၊ အခက်အခဲ သိပ်မတွေ့ရဘူး ဆိုတာ၊ အလုပ်က သက်သေပြ သွားမှာပါ။ ရွာသားတွေ ချမ်းသာလာပြီ ဆိုတော့၊ (၃) သိန်းတန်ဆောက်မယ် ဆိုတဲ့ ကျောင်းကလေးဟာ၊ သိန်း (၃)(၄)(၅၀) တန် တဲ့ ကျောင်းကြီးဖြစ်လာပါတယ်။

ရွာမှာ သာရေးနာရေးရှိတော့ အခြားရွာက ဘုန်းကြီးတွေ ကြွလာကြမယ်။ ကိုယ်တော့် တိုက်ကျောင်းကြီးက ကောင်းလှချီလားလို့ ချီးမွမ်းကြမယ်ပေါ့။ ဒီတော့ ဘုန်းကြီးက ပြန်ပြောမယ်။ တပည့်တော် တို့ ရွာက ဒကာ ဒကာမတွေက ချမ်းသာကြတယ်။ ငွေကြေးတတ်နိုင်သူ များတယ်။ ဒီတော့ တိုက်ကျောင်းကြီး ကောင်းကောင်း ဆောက်နိုင်တာပေါ့။


သူတို့က ပြောမယ်။ အရင်က ကိုယ်တော်တို့ ရွာ ဆင်းရဲသားတွေချည်းပါ ကိုယ်တော်၊ တပည့်တော် တို့ သိပါတယ်။


ဘုန်းကြီးက လည်း အသံနည်းနည်းမြှင့်ပြီးတော့ ကိုယ်တော်၊ မနေ့က ဟိုအခြေအနေ ဖြစ်နေပေမယ့် ကနေ့ ဒီအခြေအနေ မဖြစ်နိုင်ဘူးလို့ပြောလို့ ရမလား။ လူ့ဘ၀ ဆိုတာ လုပ်ယူလျှင် လုပ်ယူနိုင်သလောက် ရနိုင်တယ်။ တပည့်တော် တို့ ရွာသားတွေက ချမ်းသာအောင် လုပ်ယူလို့ ချမ်းသာ လာကြတာ ကိုယ်တော်တို့ရ။


ဒီတော့ အခြားရွာက ဘုန်းကြီးတွေက ဒီလိုချမ်းသာအောင် ဘယ်လို လုပ်လိုက်တာတုန်း၊ ကိုယ်တို့လည်း ပြောပါအုံး လို့ ၀ိုင်းမေးကြတော့၊ ဘုန်းကြီးကလည်း အကြောင်းစုံ ပြောပြ၊ တစ်ရွာပြီး တစ်ရွာ စနစ် တကျ ကျေးရွာ ဘဏ်တွေ ဖွင့်ပြီးတော့၊ အရင်းနှီးတွေ ဖြည့်ကြ၊ နည်းပညာတွေ စုဆောင်းကြနှင့်။ စနစ်တကျ ကြိုးပမ်းလိုက်တာ၊ တနယ်လုံး ဆိုပါတော့။


ဟိုတုန်းကတော့ တရားဟောရင် ဒီ စိတ်ကူးယဉ်လေးပါ ထည့်ဟောလေ့ရှိတယ်။ ဒါပေမယ့် အကောင်အထည် တော့ မဖေါ်ဖြစ်ခဲ့ပါဘူး။ မနှစ်လောက် တုန်းကတော့ ဘင်္ဂလားဒေ့ရှ် ပါမောက္ခတစ်ယောက် ဆင်းရဲသား အမျိုးသမီးတွေအတွက် အသေးစား ငွေချေး ဘဏ်ကလေး ထောင်ပြီး၊ ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေး ကို၊ တစိုက်မတ်မတ် ကြိုးစားလို့၊ နိုဘယ်လ် ဆုတောင် ရသွားတယ်လို့၊ စာစောင်တွေထဲမှာ ဖတ်လိုက်ရတယ်။ ဟိုတလောတုန်းက သူက ပြောတယ်။ ဒီလိုသာ လုပ်ပေးနိုင်မယ် ဆိုရင် ဆင်းရဲသား ဆိုတာ ပြတိုက်ထဲမှာ ပဲ ကျန်တော့မယ် လို့ ပြောတာ ဖတ်လိုက်ရတယ်။


ဘုန်းကြီးက လည်း လွန်ခဲ့တဲ့ (၇)နှစ်လောက်က ဒီတရားကို ဟောတော့၊ ဒီအတိုင်းသာ လုပ်နိုင်ရင်၊ ဒီကမ္ဘာမှာ ဆင်းရဲသားရွာ၊ ဆင်းရဲသား ရပ်ကွက် ဆိုတာ ဘယ်မှာမှ မရှိနိုင်ပါဘူး။ ခုတော့ ဆင်းရဲမွဲတေမှု တိုက်ဖျက် ရေးလို့ ကြွေးကြော်နေကြပေမဲ့ လို့ တကယ်အကူအညီပေး ကြတဲ့အခါမှာတော့ ၊ မဖြစ်စလောက် ဆင်ပါးစပ် နှမ်းပက် ဆိုတာလို အကူအညီလေးတွေသာ ပေးကြပါတယ်။ တကယ်တော့ နိုင်ငံတကာက၊ အကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ နောက်ဆုံး အစိုးရကပါ ကူညီနိုင်သည်ဖြစ်စေ၊ မကူညီနိုင်သည်ဖြစ်စေ၊ စေတနာရှင်များက ၊ လူမှုရေးအသင်းအဖွဲ့များက၊ ကျေးရွာ ဘုန်းတော်ကြီးများနဲ့ ရပ်မိ ရပ်ဖ တို့က တပိုင်တနိုင် ကြိုးစားကြမယ် ဆိုရင်လဲ အောင်မြင်မှု ရကြမှာပါ။


ဒါကြောင့် စွမ်းနိုင်သူများက၊ စွမ်းနိုင်သမျှ ကြိုးစားတော်မူကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP