* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 20, 2011

သံဝေဂကဗျာနှင့်နိဗ္ဗာန်ကဗျာ

Wednesday, 19 January 2011 04:37

(ပညာရှင် ဆရာ့ဆရာများ ရေးသားစီကုံးသော သံဝေဂ ကဗျာများ

(သစ္စာပါရမီဆရာတော် အရှင်ဇေယျ စုစည်း ပူဇော်သည်)

· ပျိုခြင်းမမြဲ၊ အိုခြင်းမြဲ၊ ငါလည်းအိုရမှာပါတကား။

· နေခြင်းမမြဲ၊ သေခြင်းမြဲ၊ ငါလည်းသေရမှာပါတကား။

· မအိုပါလို၊ ငါကဆိုလည်း၊ ငါဆိုမရ၊ အိုကြရ အနတ္တခန္ဓာကိုယ်။

· မနာပါလို၊ ငါကဆိုလည်း၊ ငါဆိုမရ၊ နာကြရ အနတ္တခန္ဓာကိုယ်။

· မသေပါလို၊ ငါကဆိုလည်း၊ ငါဆိုမရ၊ သေကြရ အနတ္တခန္ဓာကိုယ်။

ဘ၀နိဂုံး မီးသွေးပြာတွင်ဆုံး

မီးလောင်တိုက်ထဲ၊ တံဆူးစွဲလဲ၊ ညှဉ်းဆဲရမြိုက်

မီးပြင်းတိုက်၍၊ ဆိုက်ဆိုက်သင်္ဂြိုဟ်၊ ငါ၏ကိုယ်သည်။

အို အို အနိစ္စ၊ သင်္ခါရဟု၊ ကြွေမွပျက်စဲ၊

မီးသွေးနှင့်ပြာ၊ များစွုာသဘော၊ အရောရောကို၊

တွေးတောသမှု၊ ဆင်ခြင်ရှုသော်၊ တစ်ခုမမြဲ၊

သံသာဝဲ၌၊ တည်မြဲမုချ၊ စိုးမရသည်၊ အနတ္တဟူသည့် ခန္ဓာကိုယ်။

သေဘေးရှောင်မရ

ဇရာ မရဏ၊ ဒုက္ခ၀ဋ်တွင်း

အိုရခြင်းနှင့်၊ သေမင်းလွတ်အောင်၊ ဘယ်သို့ရှေုာင်အံ့၊

တောင်ခုနစ်ထွေ၊ ရေခုနစ်ထပ်၊

လေးကျွန်းရပ်ခွင်၊ ကောင်းကင် သမုဒ္ဒရာ

စကြာဝဠာမြေထဲ၊ ပုန်းခိုလွှဲလည်း၊ အမြဲမချွတ်၊

မလွတ်ဖို့သာ၊ မလွဲရာတည်း။

မြုံးမိငါးသွင် ပုထုဇဉ်

အနိစ္စ အဘိဇ္ဇာနရယ်လို့

စိတ်ကဖြင့် မထင်သကို။

· ဒုက္ခ ဒုက္ခရယ်လို့

နှုတ်ကဘယ်လိုပင် ယောင်လို့ညဉ်းသော်လည်း

လူ့စည်းစိမ် ရတနာ ရွှေ ငွေနှင့်

ဘမယာ ဒါတွေ တွေးလိုက်ပြန်တော့ အေးတော့မလို။

· အနတ္တ ပါးစပ်က ဆိုသာဆို

ကိုယ့်ကိုယ်နဲ့ ပါတကား

ထင်ချက် ကယ်ကွာ တင်လက္ခဏနှင့်

ယဉ်စကြာ ဘယ်လိုပင် သုံးသော်လည်း

ဝဋ်ဘောင်ကို လွတ်အောင်ရုန်းနိုင်ဘူးကွယ်

မြုံးမိတဲ့ ငါး။

အသုဘ ၁၀ ပါး နေ့စဉ်ပွါး

၁။ ဥဒ္ဓုမာတက အသုဘ -သေသည်မှအထက် ၂-ရက် ၃-ရက်ကြာသည့်အခါ ဖူးဖူးရောက်ပုပ်

စက်ဆုပ်ဖွယ်ရာမသာလောင်း။

၂။ ၀ိနီလက အသုဘ -ဖြူနီ သဘော၊ ရောနှောစပ်တွဲ၊ ညိုမဲမဲပုပ်၊ စက်ဆုပ်ဖွယ်ရာ မသာလောင်း။

၃။ ၀ိပုဗ္ဗက အသုဘ -ပြည်တစိုစို၊ ပေါက်ကွဲယိုပြီး၊ စက်ဆုပ်ဖွယ်ရာမသာလောင်း။

၎။ ၀ိစ္ဆိဒ္ဒက အသုဘ -ထက်အောက်နှစ်ရက်၊ မဆက်စပ်အောင်၊ အပိုင်းပိုင်း

ဖြတ်တောက်လျှက်၊ စက်ဆုပ်ဖွယ်ရာ မသာလောင်း။

၅။ ၀ိက္ခာယိတက အသုဘ - ခွေး၊ လင်းတ၊ ကျီး၊ အသီးသီးတို့၊ နည်းမျိုးစုံပြား၊ ဖုံဖုံအားဖြင့်၊ ခဲစားထားသော

စက်ဆုပ်ဖွယ်ရာမသာလောင်း။

၆။ ၀ိက္ခိတ္တက အသုဘ -လက်ခြေခေါင်းကိုယ်၊ ဖရိုဖရဲ၊ ထိုထိုကြဲသဖြင့်၊ လွှင့်ပစ်ထားသော

စက်ဆုပ်ဖွယ်ရာမသာလောင်း။

၇။ ဟတ၀ိက္ခိတ္တက အသုဘ -ကျီးခြေမယွင်း၊ ဓါးဖြင့်မွှန်း၍၊ ညှဉ်းအပ်ထိုထို၊ လက်ခြေကိုယ်တို့၊ ဖရိုဖရဲ၊

ထိုထိုကြဲသဖြင့်၊ လွှင့်ပစ်ထားသော၊ စက်ဆုပ်ဖွယ်ရာမသာလောင်း။

၈။ လောဟိတက အသုဘ -သွေးများထွက်ယို၊ တကိုယ်လုံးပေ၊ လိမ်းကျံနေသော၊ မသာလောင်း။

၉။ ပုဠုဝက အသုဘ -ပိုးလောက်တွေပြည့်၊ ကျိကျိတက်နေ၊ ထွက်စေတတ်သော၊ မသာလောင်း။

၁၀။အဋ္ဌိက အသုဘ -အရိုးစုပေါင်း၊ တချောင်းဖြစ်စေ၊ အသရေယုတ်၊ စက်ဆုပ်ဖွယ်ရာ မသာလောင်း။

နိဗ္ဗာန် ကဗျာများ

ဓာတ်ကြီးလေးပါး၊ ပယ်ရှုားငြိမ်းသည်၊ ကြယ်ရောင်မလင်း၊ လ လင်းမတည်း၊ အမှောင်မသန်း၊ အေးချမ်းနေသည်၊ နိဗ္ဗာန-မိုချရှိပေသည်။ (သစ္စာပါရမီ)

ချမ်းသာ ဆင်းရဲ၊ ကင်းစဲနေသည်၊

ရုပ်နာမ် ဒုက္ခ၊ မုချလွတ်သည်၊

မကောင်းမှုသိမ်း၊ အေးငြိမ်းနေသည်၊

ကိုယ်တိုင်သိ၊ ရောက်ရှိ နိဗ္ဗာန်ပြည်။ (သစ္စာပါရမီ)

ရွေ့လျားသေခြင်း၊ ကင်းရှင်းနေသည်၊

အဆုံးပိုင်းခြား၊ လွန်သွားပေသည်။

အကြောင်းလေးချက်၊ ကင်းလျက်တည်သည်၊

လွန်မြတ်ဘိ၊ သန္တိ နိဗ္ဗာန်ပြည်။ (သစ္စာပါရမီ)

မှတ်ချက်ရေးသားရန် ()

Last Updated ( Wednesday, 19 January 2011 04:38 )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP