HOPE မျော်လင့်ချက်ဆိုတာဘာလဲ
မျှော်လင့်ချက်နဲ့ လမ်းလျှောက်နေတာဖြစ်ရမယ်ဘုရားရှင်က လိုချင်တယ်ဆိုတာကို တဏှာ လောဘလို့ဟောတော်မူတဲ့အတွက်ကြောင့် မျော်လင့်ချက်ဆိုတာဟာလည်း လောဘဖြစ်ပါတယ်၊ မျော်လင့်ချက်ထားတဲ့အခါ ကိုယ်ထင်သလောက်မရလာခဲ့ရင် မဖြစ်လာခဲ့ရင် ပူပင်မှု၊ စိတ်သောကရောက်မှုတွေဖြစ်လာတတ်သလို ဘေးဒုက္ခတွေဖြစ်လာတတ်ပါတယ်တဲ့၊ ဒါကြောင့်ဘုရားရှင်က ဓမ္မပဒပါဠိတော်မှာ “တဏှာယ ဇာယတေ သောကော၊ တဏှာယ ဇာယတေ ဘယံ ”လို့ ဟောတော်မူတာပါ၊ လိုချင်တော့ မျော်လင့်နေတော့ တဏှာဖြစ်တယ်။ လိုချင်တာ၊ မျော်လင့်တာကို မရရင် ဒေါသဖြစ်တယ်၊ အဲဒီလိုဖြစ်နေရတာဟာ မသိတဲ့အဝိဇ်ဇာတရားတွေကြောင့်ပေါ့၊ မသိတဲ့အခါ အမျိုး၂တွေကို ပြုလုပ်မိတော့ သံသရာရှည်ရတာပေါ့၊ ဒါကြောင့် လောဘ တဏှာကို သံသရာရှည်စေတဲ့တရားလို့ ဘုရားရှင်ဟောတော်မူပါတယ်၊ ဘုရာငရှင်က သူတစ်ပါးကို မေတ္တာပို့တာတောင်မှ ရလိုချင်တဲ့ မျော်လင့်ချက်နဲ့ မေတ္တာမပို့ပါနဲ့တဲ့၊ အဲဒီလို မေတ္တာပို့ရင် အကုသိုလ်လွမ်းခြုံပြီး ပို့တဲ့ မေတ္တာဖြစ်တယ်လို့ဟောတော်မူပါတယ်၊ မေတ္တာပို့တဲ့အခါ သူတစ်ပါးရဲ့အကျိုးကို လိုလားတဲ့စိတ်နဲ့ပို့ရမေလို့ မိန်းတော်မူပါတယ်၊ ဒါမှမေတ္တာစစ် မေတ္တာမှန်ဖြစ်တာပါ၊ ကုသိုလ်လုပ်တဲ့အခါလည်း ငါဘယ်လိုဖြစ်ရပါလို့၏ ဘယ်ဘဝရောက်ရပါလို၏် စသဖြင့် မျော်လင့်ချက်လောဘစိတ်နဲ့ မလှူပါနဲ့တဲ့၊ အဲဒီလို လှူရင် သံသရာရှည်အောင် လုပ်နေတာဖြစ်ပြီး ဒုက္ခကို ရအောင်ဆုတောင်းနေတာနဲ့တူပါတယ်တဲ့၊ ဒါကြောင့် မျော်လင့်ချက်ဆိုတာဟာ လောဘ၊ တဏှာအကုသိုလ်ဖြစ်တဲ့အတွက် တဏှာယ ပဇာဟတိ တဏှာ ရာဂ ကိလေသာတရားကို ပယ်သတ်ရမယ်လို့ ဘုရားရှင်ဟောကြားတော်မူပါတယ် ။
မေတ္တာဖြင့်...သစ္စာရောင်ခြည်
မေတ္တာဖြင့်...သစ္စာရောင်ခြည်
(၂၀-၁-၂၀၁၁)

0 comments:
Post a Comment