* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 20, 2011

အင်ဒိုခရီးစဉ် (၂)


၁၁၊ ၁၊ ၂၀၁၁ ရက်နေ့ မနက် ၉ နာရီ မိနစ် ၅၀ မှာ
မလေးရှားနိုင်ငံ LCCT လေဆိပ်မှ AirAsia လေယာဉ်နဲ့
အင်ဒိုနီးရှားကို သွားပါတယ်။

AirAsia လေကြောင်းက ဈေးအတော်သက်သာပါတယ်။
မလေးရှားနဲ့ အင်ဒိုနီးရှား အသွားအပြန်မှ ရင်းဂစ် ၅၈၀ ဘဲပေးရတယ်။
အမေရိကန်ဒေါ်လာနဲ့ဆို ၁၆၀ ၀န်းကျင်လောက်ကျတယ်။
လေယာဉ်ပေါ်လက်ဆွဲသယ်ဆောင်ခွင့် (Hand Carry) ခုနစ်ကီလိုပဲ ခွင့်ပြုတယ်။
ဒီထက်ပိုယူချင်ရင်တော့ သီးသန့်အပို ထပ်ပေးရတယ်။

ဆိုပါစို့။
၁၅ ကီလိုပိုယူချင်ရင် ရင်းဂစ် ၂၀ ပေးဝယ်ရတယ်။
ဒီဈေးနှုန်းကလည်း လေယာဉ်လက်မှတ်ဝယ်ကတည်းက ကြိုဝယ်ရတာ။
လေဆိပ်ရောက်မှဆိုရင် ဒီဈေးနှုန်းနဲ့မရနိုင်ဘူး။

လေယာဉ်ပေါ်မှာ ဘာအစားအစာမှ အလကား မကျွေးပါဘူး။
ရေတောင် မတိုက်ပါဘူး။
အဲ၊ စားချင် သောက်ချင်တယ်ဆိုရင်တော့
လေယာဉ်လက်မှတ်ဝယ်ကတည်းက တစ်ခါတည်းဝယ်ထားလို့လဲရတယ်။
လေယာဉ်ပေါ်ရောက်မှ ၀ယ်စားလို့လဲ ရတယ်။
ခြုံပြီးပြောရရင် AirAsia လေကြောင်းလိုင်းစီးရတာ တန်ပါတယ်။

လေကြောင်းလိုင်းရဲ့ ဆောင်ပုဒ်က Now everyone can fly တဲ့။
လူတိုင်း လေယာဉ်စီးနိုင်ပြီ ပေါ့။
ဆိုလိုတာက AirAsia လေကြောင်းက ဈေးနှုန်းသက်သာလို့
လူတိုင်း လေယာဉ်စီးနိုင်ပြီဆိုတဲ့သဘောပဲ။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကတာမြို့တော်မှာရှိတဲ့
ဂျာကာတာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို
မနက် ၁၀ နာရီ မိနစ် ၅၀ မှာ ဆိုက်ရောက်တယ်။

ဂျာကာတာလေဆိပ်ကို
Soekarno-Hatta International Airport လို့ခေါ်ပါတယ်။

Soekarno ဆိုတာ အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတရဲ့ နာမည်ဖြစ်ပြီး
(Mohammad) Hatta ဆိုတာ ဒုတိယသမ္မတရဲ့ နာမည်ဖြစ်ပါတယ်။

ဂျာကာတာလေဆိပ်ကြီးရဲ့ နာမည်ကို
အင်ဒိုနီးရှားနိုင်ငံ ပထမဦးဆုံး သမ္မတနဲ့ ဒုတိယသမ္မတတို့ကို
ဂုဏ်ပြုတဲ့အနေနဲ့ Soekarno-Hatta International Airport လို့ခေါ်တာပါ။
လေဆိပ်ကြီးက အင်မတန်ကြီးကျယ်ခန်းနာပါတယ်။

မလေးရှားနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံက လာရောက်အလုပ်လုပ်နေတဲ့
အလုပ်သမားတွေ တွေ့ဘူးပါတယ်။
အများစုက ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုသွားကြပြီး
သူတို့အသွင်အပြင်က ခပ်နွမ်းနွမ်းလေးတွေပါ။

သူတို့လေးတွေကို ကြည့်ပြီး အင်ဒိုနီးရှားနိုင်ငံကို
ရင်ထဲက မသိမသာ အထင်သေးနေမိပါတယ်။
ဂျာကာတာလေဆိပ်ကိုလဲ
ကိုယ်တို့နိုင်ငံက မင်္ဂလာဒုံလေဆိပ်လောက် ခန်းနားမယ်မထင်ခဲ့ပါဘူး။

ဒါပေမဲ့ ဒီဂျာကာတာလေဆိပ်ကြီးထဲကို ၀င်လိုက်တာနဲ့
အထင်နဲ့အမြင်တခြားစီဖြစ်သွားပါတယ်။
အထင်သေးစိတ်တွေလဲ ပျောက်သွားပါတယ်။
လေဆိပ်ကြီးက အတော်ကြီးကျယ်ခန်းနားတာပဲ။
လေဆိပ်အ၀င်အထွက်ဂိတ်ပေါက်များ၊ သန့်စင်ခန်း၊
အမိုး၊ အမိုးကြီးတွေမှာရှိတဲ့သံပိုက်လုံးကြီးတွေ။
အကုန်လုံးခန်းနားထည်ဝါနေတယ်။

သူတို့နိုင်ငံက ခန်းနားထည်ဝါလှတဲ့လေဆိပ်ကြီးကို ကြည့်ပြီး
ကိုယ့်နိုင်ငံက မင်္ဂလာဒုံလေဆိပ်ကို မျက်စိထဲ မြင်ယောင်လာတယ်။
ချက်ချင်း မြန်မာနိုင်ငံသားဖြစ်တဲ့
မြန်မာနိုင်ငံပတ်စ်ပို့ကို လက်ထဲမှာကိုင်ဆောင်ထားတဲ့ကိုယ်တောင်
Immigration ၀င်ပေါက်မှာတန်းစီရင်း
ရင်ထဲကို သိမ်ငယ်စိတ် (အားငယ်စိတ်) ၀င်ရောက်လာတယ်။
ဒီလိုသိမ်ငယ်စိတ်ဝင်ရောက်လာတာ မကောင်းဘူးဆိုတဲ့အသိက
ချက်ချင်းဝင်ရောက်လာပြန်ပါတယ်။
ဒီသိမ်ငယ်စိတ်က ရင်ထဲက ထုတ်ပစ်ဖို့ ကြိုးစားပါတယ်။
မရပါဘူး။

နောက်ဆုံးတော့ အတွေးတစ်ခု ခေါင်းထဲ ချက်ချင်းဝင်လာပါတယ်။

နောက်တခါခရီးထွက်ရင် ရန်ကုန်က မင်္ဂလာဒုံလေဆိပ်လောက်မကောင်းတဲ့
နိုင်ငံကို ခရီးထွက်မှ ဒီသိမ်ငယ်စိတ်ပျောက်မယ် ဆိုတဲ့ အတွေး။

ကဲ၊ နောက်တခါ ဘယ်နိုင်ငံကို ခရီးထွက်ရမလဲ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP