* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 20, 2011

*သဒ္ဓါပညာ ညီစေ မျှစေ*

သဒ္ဓါလွန်ကဲ ပညာနည်းခြင်း အပြစ်

အထူးအားဖြင့် သဒ္ဓါနှင့် ပညာ၊ ဝီရိယနှင့် သမာဓိတို့၏ ညီမျှခြင်းကို ပညာရှိတို့ ချီးမွမ်းကြတယ်။ သဒ္ဓါအားကြီးပြီး ပညာနည်းရင် ဥာဏ်ဖြင့် သက်ဝင်ယုံကြည်ပြီး ကြည်ညိုတတ်မှု မရှိပဲ အချည်းနှီး အကျိုးမရှိသော ကြည်ညိုခြင်းမျိုးဖြင့် ကြည်ညိုတတ်တယ်။ မကြည်ညိုထိုက်သော ဝတ္ထုများ၌ ကြည်ညိုတတ်တယ်။

ဒါတွင်မက ပညာနည်းတဲ့ သဒ္ဓါကြီးရှင်ဟာ ဘုရားရှင်ကို ပူဇော်ရာ စသည်မှာလည်း ဂုဏ်တော်တွေထဲ အသိမရောက် ရုပ်ပွားဆင်းတုတော် လောက်မှာသာ အာရုံရောက်ပြီး ကြည်ညိုမှု မလေးနက်ပဲ ရှိတတ်ပါသေးတယ်။ တရားတော် အရာမှာလည်း တကယ်မွန်မြတ်တဲ့ တရားအစစ် တရားမြတ်တို့၏ ဂုဏ်တော်ကို အာရုံမပြုတတ်၊ ပြုရမှန်းပင် မသိဘဲ အဟောတရား အပြောတရားလောက်သာ တရားထင်ပြီး အမြင်မလှ ဖြစ်တတ်ပါတယ်။ သံဃာကြည်ညိုရာမှာလည်း ထို့အတူပဲ ဂုဏ်တော်ကို မမှန်းတတ်၊ ပုဂ္ဂိုလ်မျှလောက်မှာသာ စိတ်ရောက်ပြီး တဏှာပေမ မကင်းတဲ့ ကြည်ညိုခြင်းမျိုးသို့ ရောက်သွားတတ်တယ်။

ဒါနပြုရာမှာလည်း ဘုရားရှင်အလိုကျ ဒါနမျိုးဖြစ်အောင် ဆေးမှားလို့ဖြစ်လာတဲ့ ရောဂါကဲ့သို့ ကုစား ခက်လှသတဲ့၊ စိတ်ဖြစ်မလှူတတ်၊ ဝိဝဋ္ဋနိဿိတဖြစ်အောင် စိတ်မထားတတ် ပကာသန အကျော်အစောတွေ လိုလားတဲ့ စိတ်ထားတွေဝင်လာ အကုသိုလ်ခြံရံလာနဲ့ အကျိုးရသင့်သလောက် မရပဲရှိတတ်ပါတယ်။ ထို့အတူ သီလဆောက်တည်မှု စသည်မှာလည်း တကယ့်သီလဖြစ်အောင် မရည်ရွယ်တတ် စိတ်မထားတတ်လို့ အမြတ် ရသင့်သလောက် မရဘဲ ရှိတတ်ပါတယ်။ ဒါ့ကြောင့် သဒ္ဓါအားကြီး ပညာနည်းလျှင် ကုသိုလ်အရာမှာ အကျိုး ရသင့်သလောက်မရ မရတဲ့အပြင် အပြစ်တွေပင် ဖြစ်လာတတ်ပါသေးတယ်။

ပညာလွန်ကဲ သဒ္ဓါနည်းခြင်း၏ အပြစ်

ပညာအားကြီးပြီး သဒ္ဓါနည်းသူအဖို့ စင်းလဲကောက်ကျစ်တဲ့ဘက် သက်ရောက်သွားတတ်တယ်။ ဆေးကြောင့်ဖြစ်တဲ့ ရောဂါရရုံမျှဖြင့် ကုသိုလ်ဖြစ်တယ်လို့ လွန်ပြေးသွားပြီး၊ ဒါနစသည် မပြုဘဲ ငရဲ၌ဖြစ်ရတတ်တယ်။ စိတ်ဖြစ်ရုံနဲ့ ကုသိုလ်ဖြစ်တယ်ဆိုတာ လှူဖွယ်ဝတ္ထုမပါပဲ စိတ်ထဲက လှူရုံ (သို့မဟုတ်) သူများအလှူ ဝမ်းမြောက်ရုံနဲ့ ဒါနဖြစ်တယ်၊ စသည်ဖြင့် အကြောင်း အတုအယောင်တွေနဲ့ အလှည့်စားခံရပြီး အကြံဆန်းတွေ ကြံလာတယ်။ စိတ်ကောင်းထားပြီးတာပဲ သီလစောင့်ဖို့မလို စသည်ဖြင့် တခြား ကုသိုလ်တွေကိုလည်း စိတ်နဲ့ပဲ စကားပြောပြီး ပစ်တတ်တယ်။

ဒီလိုပုဂ္ဂိုလ်မျိုးဟာ နူးညံ့ပျော့ပျောင်း စိတ်ကောင်းကလေးတွေကို သဒ္ဓါအစေး ခြောက်ခန်း ကြမ်းတမ်းတဲ့ တွေးတော ခံယူချက်က လုယက်ဖျက်ဆီးထားပြီး ဖြစ်လေတော့ ပညာရှိတို့စကားကို မလိုက်နာနိုင်ပဲ ရှိတော့တယ်။ ဘယ်လိုပင် သဘောယုတ္တိကျမ်းအရှိနဲ့ ပြောပြပေမယ့် သဘောကျ နားလည်မှု မရှိနိုင်တော့။ ဒါကြောင့်ပဲ ဆေးမှားတဲ့ ရောဂါလို အကုရခက်ကြောင်း မိန့်ဆိုကြခြင်းဖြစ်ပါတယ်။

သဒ္ဓါနဲ့ ပညာ မျှလျှင်တော့ ကြည်ညိုသင့်တဲ့ အရာမှာသာ ကြည်ညိုတတ်၊ ပြုသင့်တဲ့ ကုသိုလ်တွေ ပြုတတ်၊ ပြုတဲ့အခါလည်း အကျိုးရှိအောင် အမြတ်ရအောင် ပြုတတ်ပါတယ် ။

သပြေကန် ဆရာတော်ဘုရားကြီး၏ ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာကျမ်းစာမှ

ကိုနိုင်လင်းဦး စာစီစာရိုက် ပူဇော်သည်။

လေးစားစွာဖြင့်
ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP