ကိုနေလွင်+မစုမြတ်ခိုင် တို့၏ သမီးလေး မယွန်းမြတ်နေလွင်(ဂျပန်)၏ ၁ နှစ်ပြည့်မွေးနေ့အလှူ။(၁၉.၁.၂၀၁၁)
မင်္ဂလာပါရှင်။
ဒီနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့)သည် ကိုနေလွင်+မစုမြတ်ခိုင် တို့၏ သမီးလေး မယွန်းမြတ်နေလွင်(ဂျပန်)၏ (၁)နှစ်ပြည့်မွေးနေ့အလှူရက် ဖြစ်ပါတယ်ရှင်။
သမီးလေး ယွန်းမြတ်နေလွင်ရဲ့မွေးနေ့မှာ..
သံဃာတော်များအား...
အရုဏ်ဆွမ်း +နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ၊
သီလရှင်အပါး(၁၀၀)တို့အား
အရုဏ်ဆွမ်း လောင်းလှူခဲ့ပါသည်။

ယနေ့ ဦးဇင်းမှ မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ)၏ တရားပွဲ သွားရန်ရှိနေပါသောကြောင့် အလှူဓါတ်ပုံများ ပေးပို့ခြင်းကို နောက်ကျနိုင်ပါကြောင်း ဖုန်းဆက်လာပါသဖြင့် အလှူဓါတ်ပုံများကို လက်ခံရရှိပါက အလှူရှင်များ ၀မ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ကြစေရန်အတွက် မွေးနေ့အမှတ်တရပို့စ်အဖြစ် တင်သွားပါမယ်ရှင်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:
Post a Comment