* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 25, 2010

Future of Doctor-Patient Online Relationship

ဆေးဘက်ဆိုင်ရာ အမေးအဖြေတွေကို လုပ်ချင်လားလို့ မေးတယ်။ မလုပ်ချင်ဘူး။

မလုပ်ချင်တဲ့ အကြောင်းက ပုံရိပ်ယောင် လောကမှာ ဖိုရမ်တွေ ဘလော့ဂ်တွေမှာ ဆေးပညာအမေးအဖြေတွေ လုပ်ကြတာတွေ့ဖူးတယ်။ ကိုယ်တိုင်လည်း မေလ်းကတဆင့် Medical Check-up တွေ အကုန်တောင်းကြည့်ပြီး တစ်ခွန်းစ နှစ်ခွန်းစ အကြံဥာဏ်ပေးဖူးတယ်။ လေ့လာကြည့်တော့ တွေ့ရသလောက်က ဖြေကြားလေ့ရှိတဲ့ ဆရာဝန်တွေက ရိုးရိုးဆရာဝန်ဘွဲ့ရတွေကနေ သက်ဆိုင်ရာပါရဂူတွေ၊ ပါရဂူတန်းကျောင်းသားတွေ အထိ ပါတတ်တယ်။ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ အမြင်တွေဟာ အတော်တန်ဖိုးရှိတယ်။

ပုံရိပ်ယောင်လောကက မေးမြန်းသူတွေက အဲဒီအမြင်တွေကို ဘယ်လိုတန်ဖိုးသတ်မှတ်ရမလဲ မသိကြဘူး။ တခါတလေ စိတ်ရှုပ်ထွေးဟန်တူစွာနဲ့ လျစ်လျူရှုလေ့ရှိတယ်။ တချို့က သူငယ်ချင်းပြောပြောပြီး၊ ပျော်စေပျက်စေ မေးကြတာတွေတောင် ရှိတယ်။

မေးမြန်းသူက သူ့ရဲ့ လက္ခဏာတွေကို တင်ပြတဲ့အခါ ဆရာဝန်က ရောဂါရာဇ၀င်နဲ့ ဆက်စပ်တဲ့ မေးခွန်းတွေ ပြန်မေးရလေ့ရှိတယ်။ အဲဒီလို မေးမြန်းတဲ့အခါ အဖြေမပေးဘဲ ရှောင်ထွက်သွားတာ ကြုံရတယ်။ (အဲဒီလို ရောဂါရာဇ၀င်ကို ပြန်မေးတဲ့အခါမှ အဖြေမပေးဘဲ ရှောင်ထွက်သွားတာမျိုးကို ကိုယ်တိုင်လည်း ကြုံဖူးတယ်။ အဲဒီလိုကြုံရလို့ ရောဂါရာဇ၀င်မေးမြန်းတဲ့ ကိုယ့်မေးခွန်းကိုတောင် ရှက်ရှက်နဲ့ ပြန်ဖျက်ခဲ့ရတယ်။ )အမှန်တော့ လူနာရဲ့ ရောဂါရာဇ၀င်ကို မယူဘဲ ဆေးဘက်ဆိုင်ရာ အကြံဥာဏ်ပေးလို့ မဖြစ်နိုင်တာတွေ အများကြီးရှိပါတယ်။ နိုင်ငံခြားက ဆရာဝန်တွေလည်း အတွေ့အကြုံရဖို့အတွက်နဲ့ (စေတနာရှိလို့ ကူညီတတ်လို့ ) အလကားပဲတင်း ဖြေပေးတတ်တဲ့ ဖိုရမ်တွေရှိပါတယ်။ အဲဒီမှာလည်း အဲဒီလိုပဲ တကယ်လိုအပ်လာတဲ့အခါ ရောဂါရာဇ၀င်တွေ အကုန်ပြန်ပေး၊ စစ်ထားတဲ့ ရလဒ်တွေကို ပြန်တောင်းပြီးမှ အကြံဥာဏ်ပေးရတာပဲ။ ဒါတောင်မှ လူနာက အမှန်အတိုင်း မဖြေလို့ အကြံဥာဏ်ပေးလို့ မဖြစ်နိုင်တာတွေ ရှိပါတယ်။

" အသည်းကင်ဆာအကြောင်း ရေးပေးပါ"ဆိုလို့ ရေးပေးရတာက ပြဿနာမရှိဘူးပေါ့။ "ဆရာခင်ဗျား။ ကျွန်တော် အသားတွေဝါနေတယ် ဘာဖြစ်လို့ရှိရင် အသားဝါတတ်ပါသလဲ"လို့ မေးမြန်းပြီဆိုရင် မေးမြန်းခံရတဲ့ ဆရာဝန်ဟာ သေချာပေါက် ရောဂါရာဇ၀င်ကို ပြန်မေးရပါပြီ။ အဲဒီလိုမေးပြီဆိုရင် အပြန်အလှန် မေးကြမြန်းကြရင်း ဆောင်းပါး ဆယ်ပုဒ်စာလောက်တော့ ရေးကြရတော့တယ်။ အနည်းဆုံး သုံးနာရီလောက်စီ အချိန်ပေးရပါတယ်။ တကယ်တော့ မမြင်ရတဲ့ လူနာပြောသမျှကို ယုံကြည်ဖို့ဆိုတာ မလွယ်ပါဘူး။ မမြင်ရတဲ့ လူနာဖြေတဲ့ အဖြေတွေကို မြင်ရတဲ့လူနာထက် နှစ်ဆလောက် သုံးသပ်ရပါတယ်။ တချို့က မိသားစုဆရာဝန်ကို ပြစ်တင်ဖို့ ဒါမှမဟုတ် တရားစွဲဖို့ အွန်လိုင်းမှာ ဗဟုသုတ လာရှာတာ ရှိပါတယ်။ သူက အစွန်းလေးတွေထားပြီး မေးခွန်းထုတ်ပါတယ်။ ပြည့်စုံတဲ့ ရောဂါရာဇ၀င်ကို မယူခဲ့ရင် အပြင်မှာ တကယ်တမ်းကုနေတဲ့ ဆရာဝန်ကို အပြစ်ဖို့မိစရာပါပဲ။

အဲဒါနဲ့ ယူကျု မှာ တင်ထားတဲ့ လက်ချာတွေက တဆင့် သိရတဲ့ အိန္ဒိယလူမျိုး ဒေါက်တာ နာဂျက်ဗ် ကြီးကို ဆေးပညာဆိုင်ရာ အကြံဥာဏ်တောင်းတာတွေကို ဖေ့စ်ဘွတ်ခ်မှာ တွေ့ဖူးတယ်။ လေးစားရတဲ့ ဆရာသမားပီပီ သူဘယ်လိုတုန့်ပြန်သလဲ လေ့လာကြည့်မိတယ်။ ဆရာကြီးက သာမန်အချိန်မှာ သဘောကောင်းပေမယ့် ဒီနေရာမှာ လုံးဝအားမနာဘူး။ ဘာတစ်ခွန်းမှ ပြန်မဖြေဘူး။ မှန်တယ်။ မမြင်ရတဲ့ လူနာကို ရောဂါရာဇ၀င်မမေးမြန်းဘဲ၊ လူနာကို တိုက်ရိုက်ကုသနေတဲ့ (မိသားစု) ဆရာဝန်ရဲ့ ဆေးဘက်ဆိုင်ရာအမြင်ကို မသိရဘဲ၊ laboratory tests တွေရဲ့ ရလာဒ်တွေကို မသိရဘဲ ဆေးမကုသအပ်ဘူး ။ ယေဘုယျဆန်တဲ့ ဆေးဘက်ဆိုင်ရာ အကြံဥာဏ်နဲ့ ဗဟုသုတတွေ ရေးပေးမယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် များသောအားဖြင့် မေးမြန်းသူတွေဟာ အခွင့်အရေးကို ဖြုန်းတီးပစ်တာ တွေ့ရတယ်။ များသောအားဖြင့် ဆေးဘက်ဆိုင်ရာ အကြံဥာဏ်တောင်းပြီးရင် အကျိုးအကြောင်း အဆိုးအကောင်း feedback ပြန်ပေးလေ့မရှိဘူး။ ကျေးဇူးစကား မဆိုတတ်တာက အများစုပဲ။ ဒါပေမယ့် ကျေးဇူးတင်စကားက သိပ်အရေးမကြီးဘူး။ အပြန်အလှန် လေးစားသမှုနဲ့ သင့်တင့်လျောက်ပတ်တဲ့ ဆက်ဆံမှုတွေရှိဖို့က အရေးကြီးတယ်။ ပုံရိပ်လောကမှာ အဲဒီ doctor-patient relationship ကို တည်ဆောက်ဖို့က မလွယ်ဘူးလို့ ယူဆရတယ်။

တချို့ ခေတ်လွန်အတွေးအခေါ် ရှိတဲ့သူတွေက "မင်းလည်း ပရော်ဖက်ရှင်နယ် တို့လည်းပရော်ဖက်ရှင်နယ်၊ မင်းကိုဘာလို့တို့က ထူးပြီးလေးစားရမှာတုန်း" လို့ ပြောကြတယ်။ အပြင်မှာ ဆေးကုတဲ့ ပရော်ဖက်ရှင်နယ်က ပိုက်ဆံရတယ်။ ပုံရိပ်လောကမှာ အဖြေပေးတဲ့ဆရာဝန် ဒါမှမဟုတ် ကုသိုလ်ဖြစ်ဆေးခန်းက ဆရာဝန်က ပိုက်ဆံမရဘူး။ ဒါလည်းပဲ "အတွေ့အကြုံရတဲ့အတွက် အလုပ်နဲ့ဆိုင်ပြီး နှစ်ဘက်စလုံးအတွက် အကျိုးရှိတယ်"လို့ သဘောထားကြီးတဲ့ ဆရာဝန် (တနည်းအားဖြင့် အားနာတတ်တဲ့ ဆရာဝန်မိတ်ဆွေ) ကတော့ ဖြေမြဲဖြေပေးကြမှာပါပဲ။ ဖြေပေးကြတဲ့အခါမှာ အလုပ်ကိုတန်ဖိုးထားတဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ ဆရာဝန်ဟာ ဦးနှောက်နဲ့ အချိန်ကို အတော်အတန် အသုံးချရမှာပဲ။ တခါတလေ မေးမြန်းတဲ့ရောဂါဟာ ကိုယ့်ရဲ့ အထူးပြုမဟုတ်တဲ့အခါ မိတ်ဆွေတွေ ဆရာသမားတွေရဲ့ မေးငေါ့တာကို ခံပြီး သူတို့ဆီက ထပ်ဆင့်အကြံဥာဏ်တွေကို အလကားပဲတင်း တောင်းကြရတာပဲ။ ဒါကြောင့် အဲဒီလို ပြတ်ပြတ်သားသား ပြောကြေးဆိုရင်တော့ လူထဲက လူသားဖြစ်တဲ့ ဆရာဝန်တွေဟာ ဖုန်းနဲ့ဖြေပေးရုံနဲ့ နာရီဝက်ကို ဒေါ်လာ ၇၀ လောက်ရတဲ့ ကိုယ့်အကြံဥာဏ်တွေရဲ့ ငွေကြေးတန်ဖိုးကို စိတ်တွက် မတွက်မိဘဲ နေဖွယ်မရှိ။

တချိန်က အရှိန်အဟုန်နဲ့ အားကြိုးမာန်တက်ခဲ့သူတွေဟာ အလကားပဲတင်း ကိစ္စတွေမှာ နောက်ဆုတ်သွားခဲ့တယ်။ အတိုင်းအတာ တစ်ခုအထိ နောက်ဆုတ်တာဟာ မသင့်လျော်ဘူးလို့ ပြောလို့မရပါဘူး။ နည်းပါးတဲ့ဗဟုသုတနဲ့ ပြုတဲ့ ဝေဖန်ရေးတွေ၊ လူ့ကျင့်ဝတ်ကို လျစ်လျူရှုမှုတွေ၊ အပြန်အလှန် ယုံကြည်မှုကင်းမဲ့လာမှုတွေ ဟာ ရလဒ်ကောင်းတွေကို ဖန်တီးနိုင်လေ့ မရှိဘူး။

ဒီ အမြင်ပါတဲ့ စာစုဟာ နားလည်မှု တည်ဆောက်ရေးအတွက် အဖြစ်မှန်ကို တင်ပြထားတာ ဖြစ်ကြောင်း အနာဂတ်မှာ သတိပြုမိပါလိမ့်မယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP