မနက်ဖြန်ခရီးသွားများ
(၁)
အရေးကြီးနေတယ်
ရေနစ် မနေကြနဲ့
ခုန်ထွက်…။
ဉာဏ်ပညာကို ကိုးကွယ်ကြ
ကရုဏာတရားတွေ မွေးဖွားကြ
မာယာတွေကို တွန်းဖယ်ကြ
သတ္တိရှိရင် အသက်သွင်းပြ...။
သံသရာချီ သေခဲ့ပြီပဲ
မောဟ နဲ့ နေခဲ့ရခြင်းများအတွတ်
သေခြင်းတရားကို ဇာချဲ့မပြောတော့ပြီ...။
ဉာဏ်ပညာ နှင့် သေမည်
ကရုဏာ တရားနှင့်သေမည်
သတ္တိရှိရှိ သေမည်
ရင့်ကျက်တဲ့ တမလွန်တခု ရဖို့ ရည်…။
(၂)
မိုးမလင်းသေးလို့ ဆက်အိပ်နေတဲ့ကောင် မဟုတ်ဘူး
ကျီးအော်သံ ကြားလို့ နိုးထလာတဲ့ကောင်လဲ မဟုတ်ဘူး
ရောက်လာမယ့် မနက်ဖြန်ကို စောင့်မနေဘူး
ဘာလဲလို့ ဆွဲဖွင့်ကြည့်မယ်...။
လက်ယားလို့ ဖျောက်နေတာလဲ မဟုတ်ဘူး
လေသေနတ် ဖောက်နေတာလဲ မဟုတ်ဘူး
အရေးကြီးရင် သက်လုံကောင်းဖို့
ချပ်ဝတ်ချုပ်နေတယ်
ဘယ်သူ့အတွက်မှ မဖြစ်ရင်
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဖြစ်ရင်ဖြစ်မယ်...။
လရောင်ကို
တိမ်ပုပ်နဲ့ လိုက်လိုက်ပြီး မဖုံးကြနဲ့
အလင်းရောင်တွေ အကျဉ်းထောင်မှာ ပိတ်လှောင်မထားကြနဲ့
တိုးတိုးပြောတာ နားဝင်
အကျယ်ကြီး ထင်ရင် ဆင်ခြင်...။
သေခြင်းတရားက
စာရင်းပေါက်ပြီးသား
မှတ်ချက်။ ။………
ဘာရေးထားလဲ…။ ။
ကိုပိန်
(၂၃.၀၈.၂၀၁၀)
အရေးကြီးနေတယ်
ရေနစ် မနေကြနဲ့
ခုန်ထွက်…။
ဉာဏ်ပညာကို ကိုးကွယ်ကြ
ကရုဏာတရားတွေ မွေးဖွားကြ
မာယာတွေကို တွန်းဖယ်ကြ
သတ္တိရှိရင် အသက်သွင်းပြ...။
သံသရာချီ သေခဲ့ပြီပဲ
မောဟ နဲ့ နေခဲ့ရခြင်းများအတွတ်
သေခြင်းတရားကို ဇာချဲ့မပြောတော့ပြီ...။
ဉာဏ်ပညာ နှင့် သေမည်
ကရုဏာ တရားနှင့်သေမည်
သတ္တိရှိရှိ သေမည်
ရင့်ကျက်တဲ့ တမလွန်တခု ရဖို့ ရည်…။
(၂)
မိုးမလင်းသေးလို့ ဆက်အိပ်နေတဲ့ကောင် မဟုတ်ဘူး
ကျီးအော်သံ ကြားလို့ နိုးထလာတဲ့ကောင်လဲ မဟုတ်ဘူး
ရောက်လာမယ့် မနက်ဖြန်ကို စောင့်မနေဘူး
ဘာလဲလို့ ဆွဲဖွင့်ကြည့်မယ်...။
လက်ယားလို့ ဖျောက်နေတာလဲ မဟုတ်ဘူး
လေသေနတ် ဖောက်နေတာလဲ မဟုတ်ဘူး
အရေးကြီးရင် သက်လုံကောင်းဖို့
ချပ်ဝတ်ချုပ်နေတယ်
ဘယ်သူ့အတွက်မှ မဖြစ်ရင်
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဖြစ်ရင်ဖြစ်မယ်...။
လရောင်ကို
တိမ်ပုပ်နဲ့ လိုက်လိုက်ပြီး မဖုံးကြနဲ့
အလင်းရောင်တွေ အကျဉ်းထောင်မှာ ပိတ်လှောင်မထားကြနဲ့
တိုးတိုးပြောတာ နားဝင်
အကျယ်ကြီး ထင်ရင် ဆင်ခြင်...။
သေခြင်းတရားက
စာရင်းပေါက်ပြီးသား
မှတ်ချက်။ ။………
ဘာရေးထားလဲ…။ ။
ကိုပိန်
(၂၃.၀၈.၂၀၁၀)

0 comments:
Post a Comment