* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 25, 2010

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၃)

ဘုန်းကံကြီးမားခြင်း၏ အကြောင်းတရားများ

ပစ္စုပ္ပန်တိုင်း အလေးထားကာ မေတ္တာတရားဖြင့် ပျော်ရွှင်ကြည်နူးစွာ ပြုလုပ်သင့်သော ဘုန်းကြီးခြင်း၏ အကြောင်းတရားသည် ဆယ်ပါးရှိပါသည်။ ၄င်းတို့ မှာ-

(၁) ဒါန - စွမ်းသမျှသော ပစ္စည်းဥစ္စာဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၂) သီလ - ဖြူစင်သောကိုယ်ကျင့်တရားဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၃) ဘာဝနာ - မြင့်မြတ်သောစိတ်ထားများ မွေးမြူပွားများ၍ နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၄) အပစာယန - သက်ရှိ၊ သက်မဲ့ လောကတစ်ခုလုံးအပေါ် ရိုသေမှု၊ လေးစားမြတ်နိုးမှုဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၅) ဝေယျာဝစ္စ - ကိုယ်ထိလက်ရောက်အပင်ပန်းခံ၍ နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၆) ပတ္တိဒါန - မိမိ၏ဖြူစင်သောကောင်းမှုများကို သူတစ်ပါးအားမျှဝေတိုက်တွန်းမှုဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၇) ပတ္တာနုမောဒန - သူတစ်ပါးတို့ ၏ ဖြူစင်သောကောင်းမှုများကို အားပေးဝမ်းမြောက်မှုဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၈) ဓမ္မသ၀နာ - ဗုဒ္ဓဒေသနာတော်နှင့် မြင့်မြတ်မှန်ကန်သော အသိပညာတို့ ကို လေ့လာနာယူ၍ နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၉) ဓမ္မဒေသနာ - ဗုဒ္ဓဒေသနာတော်နှင့် မြင့်မြတ်မှန်ကန်သော အသိပညာတို့ ကို သူတစ်ပါးတို့ ကို ဟောပြောပို့ ချသင်ကြားပေးလျှက် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၁၀) ဒိဋ္ဌိဇုကမ္မ - ကမ္မနိယာမနှင့် အထက်ပါ (၉)ပါးတို့ ကို လေးနက်စွာ ဖြောင့်မှန်စွာ နားလည်သိမြင်သဘောပေါက်လျှက် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း

အထက်ပါဆယ်ပါးသော ကောင်းမှုတရားတို့ ကို ပစ္စုပ္ပန်တိုင်း စွမ်းနိုင်သမျှ ပျော်ရွှင်ဝမ်းမြောက်စွာ ကျင့်သုံးနေပါလျှင် နိုင်ငံရေးဆောင်ရွက်သူတို့ သည် အလောင်းတော်မဟောသဓာကဲ့သို့ ပင် မိမိတို့ စွမ်းရည်အလျှောက် ဘုန်းရှိန်တောက်လာမည်။ နိုင်ငံနှင့် လောကကောင်းကျိုးကို တနေ့ တခြား တိုးပွားဆောင်ရွက်လာနိုင်မည် ဖြစ်ပါသတည်း။

အညတြသုတေသီတစ်ဦး

ရွှေရတု
အတွဲ ၉၊ အမှတ် (၁၀)
ဖေဖော်ဝါရီလ၊ ၂၀၁၀။

(ဆက်လက်ဖော်ပြပေးသွားပါမည်။)

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၂)

ဆက်လက်ဖတ်ရှုရန်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP