တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဘုရားအလောင်းတော်ဟာ ဗြဟ္မဒတ်မင်းကြီး၏ ဗြဟ္မဒတ္တကုမာရ- ဗြဟ္မဒတ်မင်းသားလို့ အမည်ရှိတဲ့ အိမ်ရှေ့မင်းသားလေးတစ်ပါးဖြစ်ခဲ့ပါတယ်။ ထိုခေတ်ကာလက နတ်တို့ကို ပှုဇော်ကိုးကွယ်တဲ့ ၀ါဒကို ကိုးကွယ်တဲ့ ကာလပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ နှစ်စဉ်နှစ်တိုင်း နတ်ပှုဇော်တဲ့ရာသီ ရောက်လာပြီဆိုရင် ဗာရာဏသီပြည်သူပြည်သားအားလုံးတို့ဟာ မြို့အပြင်က ညောင်ပင်ကြီးဆီသွားရောက်ပြီး ကြက်၊ ၀က်၊ နွား၊ ဆိတ် စတဲ့ တိရစ္ဆာန်များကို သတ်ဖြတ်ပြီး ကြီးမားတဲ့ နတ်ပှုဇော်ပွဲကြီးကို ပြုလုပ်လေ့ရှိပါတယ်။ ထိုနှစ်စဉ်ကျင်းပတဲ့ ကြီးမားတဲ့ နတ်ပှုဇော်ပွဲကို ဘုရင်ကိုယ်တိုင်ပဲ သွားရောက်လေ့ရှိပါတယ်။ ဘုရားအလောင်း ဗြဟ္မဒတ်မင်းသားလည်းပဲ သွားရောက်ပြီး ကြည့်ရှု့ပါတယ်။ ဒါပေမယ့် သတ္တ၀ါများကို ကြီးမားတဲ့ မဟာကရုဏာတော် ထားတော်မှုလေ့ရှိတဲ့၊ သတ္တ၀ါများအတွက် ကောင်းကျိုးချမ်းသားခြင်းတွေကိုသာ အလိုရှိတော်မှုလေ့ရှိတဲ့ ဘုရားအလောင်း ဗြဟ္မဒတ္တမင်းသားလေးမှာ ဒီနတ်ပှုဇော်တဲ့ ရာသီရောက်တိုင်း စိတ်မချမ်းမြေ့ဖြစ်ရပါတယ်။ သူဟာ မှားယွင်းတဲ့ အယူအဆကြီးကို လုံးဝမနှစ်သက်ပါဘူး။
မင်းသားဖြစ်ပေမယ့်လို့ မာန်မာနမရှိ နိဝါတမင်္ဂလာကို မြတ်နိုးလိုက်နာပြီး တိုင်းသူပြည်သားများကို ယဉ်ကျေး ပျူငှာစွာဆက်ဆံ ပြောဆိုတတ်တဲ့ ဘုရားအလောင်းမင်းသားလေးကို တိုင်းသူပြည်သားများကို ချစ်မြတ်နိုးကြပါတယ်။
ဘုရားအလောင်းမင်းသားလေးအနေနဲ့ ဒီမှားယွင်းတဲ့ ကိုးကွယ်ပှုဇော်မှု့ကြီးကို တားမြစ်ပိုင်ခွင့်မရှိသေးပေမယ့် တားမြစ်ဖျက်ဆီးပစ်ဖို့အတွက် စိတ်ထဲမှာ “တစ်နေ့ ငါမင်းဖြစ်တဲ့အခါမှာ ဒီမှားယွင်းစွာ သတ္တ၀ါများရဲ့ အသက်များစွာကို သတ်ဖြတ်ပြီး နတ်ပှုဇော်တဲ့ အယူမှားကြီးကို ဖျက်ဆီးပစ်မယ်။ ပြောင်းလဲပစ်မယ်လို့်” ဆုံးဖြတ်ထားလိုက်ပါတယ်။
ဒီလိုနဲ့ ခမည်းတော်ဘုရင်ကြီး နတ်ရွာစံပြီးနောက် ဘုရားအလောင်း ဘုရင်မင်းမြတ်ဖြစ်လာတယ်ဆိုပါတော့။ မင်းဖြစ်တဲ့နေ့မှာပဲ ဘုရားအလောင်းမင်းကြီးက ပုရောဟိတ်ကြီးများ၊ အမတ်ကြီးများ၊ မင်းမှုထမ်းများ သူဋ္ဌေးသူကြွယ်များကို နန်းတော်သို့ စည်းဝေးစေပြီးတော့ “အချင်းတို့၊ ငါသည် အဘယ်ကြောင့် မင်းအဖြစ်ကို ပြုရသလဲဆိုတာကို သင်တို့ သိပါသလား။”လို့ မေးမြန်းပါတယ်။ အမတ်ကြီးများကလည်း “ကျွန်တော်မျိုးတို့ မသိပါ အရှင်မင်းကြီးလို့” လျှောက်တင်ကြပါတယ်။ ဒီတော့ ဘုရင်မင်းမြတ်က “အချင်းတို့၊ ဗာရာဏသီမြို့အပြင်မှာ နှစ်စဉ်နှစ်တိုင်း သတ္တ၀ါများကို သတ်ဖြတ်ကာ နတ်ပှုဇော်ပွဲကျင်းပနေကြတာကို သိမြင်ကြပါသလား”လို့ မေးပါတယ်။ “သိမြင်ပါသည် အရှင်မင်းကြီး” လို့ လျှောက်တင်ကြတော့ ဘုရင်မင်းမြတ်က “အချင်းတို့၊ ငါဟာ အိမ်ရှေ့မင်းသားဖြစ်စဉ်ကတည်းက တစ်နေ့ ငါမင်းဖြစ်တဲ့နေ့မှာ ငါရဲ့နိုင်ငံအတွင်းမှ ကံငါးပါးကို ကျူးလွန်ဖောက်ဖျက်သူများကို သတ်ပြီး ထိုကံငါးပါးကို ကျူးလွန် ဖောက်ဖျက်သူများ၏ အသား၊ အသွေး အှုသိမ်တို့ဖြင့် ညောင်ပင်စောင့်နတ်မင်းကြီးအား ပှုဇော်ပါမည်လို့ ငါကတိပြုထားခဲ့တယ်”လို့ ပြောပါတယ်။
“အချင်းတို့၊ သင်တို့သည် ကံငါးပါးကို ကျူးလွန် ဖောက်ဖျက်သူ အယောက် တစ်ထောင်ရှာဖွေပြီး နတ်ပှုဇော်ဖို့အတွက် စုဆောင်းကြရမယ်။ ယနေ့မှစပြီး ငါ၏ နိုင်ငံအတွင်း၌ ကံငါးပါးကို ကျူးလွန်ဖောက်ဖျက်သူများ၏ အသား၊ အသွေးတို့ဖြင့် ယဇ်ပှုဇော်မည့်အကြောင်း ပြည်သူအများ သိစေဖို့အတွက် စည်လည်မောင်းခတ်ပြီး ရှာဖွေဖမ်းဆီးကြရမယ်”လို့ အမိန့်တော် ချမှတ်လိုက်ပါတယ်။
ဒီတော့ အမတ်ကြီးများက “အရှင်မင်းကြီး ကံပါးဆိုတာ ဘယ်တရားတွေကိုခေါ်ပါသလဲ”လို့ မေးမြန်းကြပါတယ်။
စာရေးသူတွေးမိတယ်။ “အင်း အမတ်ကြီးတွေ၊ ပညာရှိအမတ်အမည်ခံထားတဲ့ ပုရောဟိတ်ကြီးတွေလို့လည်း ပြောတယ်၊ စာချစ်သူတို့လိုတောင်မှ ကံငါးပါးဖြစ်တဲ့ ပဉ္စသီလ-ငါးပါးသီလဆိုတာ ဘာတွေလဲဆိုတာတောင် ပုရောဟိတ်တွေ မသိကြပါလား။ စာချစ်သူများဟာ ပုရောဟိတ်များထက်တော့ အဆပေါင်းများစွာ သာလွန်ပါတယ်။ ပညာရှိပါတယ်။ အသိပညာရှိပါတယ်လို့” တွေးမိလိုက်တာပါ။ ဟုတ်ပါတယ်၊ ဒီလို သူတော်ကောင်းတရားများကို သူတော်ကောင်းများကပဲ သိရှိတတ်ပါတယ်။ သူတော်ကောင်းတွေ သိရှိပြီး ကျင့်ကြံတဲ့ သူတော်ကောင်းတရားများဖြစ်လို့ပါပဲ။ သူတော်ကောင်းတရားတွေကို သူတော်ကောင်းတွေဖြစ်တဲ့ စာချစ်သူတို့ သိတာ တကယ်တော့ အဆန်းမဟုတ်ပါဘူး။
ဒီတော့ ဘုရားအလောင်းမင်းကြီးက ကံငါးပါးဆိုတာ
“၁။ သူ့အသက်ကို သတ်ဖြတ်တဲ့ ပါဏာတိပါတ အကုသိုလ်ကံ။
၂။ သူ့ဥစ္စာကို ခိုးယူတတ်တဲ့ အဒိန္နာဒါန အကုသိုလ်ကံ။
၃။ သူ့တစ်ပါး သား၊ မယားကို ပစ်မှားကျူးလွန်တတ်တဲ့ ကာမေသု မိစ္ဆာစာရ အကုသိုလ်ကံ။
၎။ မမှန်စကား လိမ်ညာပြောဆိုတတ်တဲ့ မုသာဝါဒ အကုသိုလ်ကံ။
၅။ အကုသိုလ်တရားများ ဖြစ်ပေါ်စေတတ်တဲ့ မှုးယစ်သေစာ သောက်စားတတ်တဲ့ သုရာမေရယ အကုသိုလ်ကံ။”
ဒီကံငါးပါးကို ကျူးလွန်သူ တစ်ထောင်ပြည့်အောင် စုဆောင်းကာ နတ်ပှုဇော်ရမယ် ဆိုပြီးအမိန့်ချမှတ်လိုက်ပါတယ်။ ကံငါးပါးကို ဟောပြောပြလိုက်ပါတယ်။
သက်ရှိသတ္တ၀ါတိုင်း မိမိတို့ရဲ့ အသက်ကို မြတ်နိုးကြပါတယ်။ မိမိကိုယ် နာကျင်မှု့လေးတောင်မှ ခဏတာလောက် မခံစားချင်ကြပါတယ်။ သဗ္ဗေ ဘာယန္တိ မစ္စုနော- သတ္တ၀ါတို့သည် သေမည့်ဘေးမှ ကြောက်တတ်တယ်လို့ ဗုဒ္ဓမြတ်စွာ ဟောကြားထားတာလည်းရှိပါတယ်။ ဒါကြောင့် မိမိ မလိုလားတဲ့ မခံစားချင်တဲ့ ခံစားမှု့မျိုးကို သူတစ်ပါးကို မခံစားစေသင့်ပါဘူး။ မိမိကိုယ်တိုင်က သေရမှာ ကြောက်သလို သူတစ်ပါးလည်း ကြောက်တာပါပဲ။ ဒီတော့ ဒီကံငါးပါးကို မကျူးလွန်ပါနဲ့။
ဘုရားအလောင်းမင်းကြီးရဲ့ အမိန့်ထုတ်ပြန်လိုက်တဲ့နေ့ကစပြီး မိမိကိုယ် သတ်ပြီး ယစ်ပှုဇော်မှာ ကြောက်တဲ့ ဗာရာဏသီ ပြည်သူပြည်သားများ ကံငါးပါးကို လုံခြုံစွာ စောင့်ထိန်းကြပါတော့တယ်။ တစ်ဦးတစ်ယောက်မှ ကြက်၊ ၀က်တွေသတ်ပြီး ယစ်ပှုဇော်မှု့မပြုကြတောပါဘူး။ ဗာရာဏသီပြည်သူ ပြည်သားအားလုံး ကံငါးပါးကို တစ်သက်လုံး စောင့်ထန်သွားကြပြီး စုတေသေလွန်တဲ့ နောက်မှာ နတ်ပြည်သို့ ရောက်ရှိသွားကြပါတယ်။ ကံငါးပါးကို လုံခြုံစွာစောင့်ထိန်းလိုက်တဲ့နေ့ကစပြီး သူတို့ရဲ့ ဘ၀လေးတွေ ငြိမ်းချမ်းမှု့အပြည့်နဲ့ လှပသွားကြတော့တာပါပဲ။ နောင်တမလွန်ဘ၀အထိပါ။ ဒီဘုရားအလောင်းမင်းကြီးရဲ့ ကြီးမားတဲ့ ကရုဏာတော်ကြောင့် သတ္တ၀ါအများ ချမ်းသာစွာ အသက်ရှင်နေထိုင်ရပါတယ်။ ဗုဒ္ဓမြတ်စွာဟာ ဘုရားအဖြစ်ကို ရရှိမှ သတ္တ၀ါများကို ချမ်းသာအောင်၊ ကြီးပွားအောင်၊ တိုးတက်အောင် ပြုလုပ်တာမဟုတ်ပါဘူး။ အလောင်းတော်ဘ၀မှာကတည်း သတ္တ၀ါများအတွက် ကောင်းကျိုးချမ်းသားများကို ပေးခဲ့တာပါ။ ဆောင်ရွက်ခဲ့တာပါ။ ဒါဟာ မြင့်မြတ်တဲ့ စိတ်ထားရှိသူတွေရဲ့ ဘုရားအစရှိတဲ့ သူတော်ကောင်းများရဲ့ လေးစားဖို့ကောင်းတဲ့၊ ကြည်ညိုဖို့ကောင်းတဲ့ စိတ်ထားပါ။ အခုခေတ် ဘုရင်ကိုယ်တိုင်က တရားဝင် မချမှတ်ပေးပေမယ့် မိမိဘ၀ကံကြမ္မာမှာ မိမိသာလျှင် မိမိရဲ့ ကိုးကွယ်ရာ။ မိမိသာလျှင် ဘုရင်ဖြစ်ပါတယ်။ ဒီတော့ မိမိရဲ့ ရင်တွင်းနိုင်ငံတော်ကြီး ချမ်းသာခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေ ရရှိစေဖို့ တိုးပွားလာစေဖို့ မိမိကိုယ်တိုင်ပဲ ကံငါးပါးကို လုံခြုံရမယ်လို့ သန္နိဋ္ဌာန် ချမှတ်လိုက်ပါ။ စောင့်ထိန်းလိုက်ပါ။ ဒါဆိုရင် အခုဘ၀မှာရော နောင်ဘ၀ပေါင်းများစွာမှာ ကောင်းတဲ့ဘ၀၊ မြင့်မြတ်တဲ့ ဘ၀တွေမှာ ချမ်းသာခြင်းစွာဖြင့် လှပတဲ့ဘ၀လေးတွေရရှိနိုင်ပါတယ်။
ကံတရားတွေဆိုတာ မိမိဘ၀ရဲ့ ဖန်တီးရှင်တွေပါပဲ။ လှပတဲ့ ကံတရားများကို ပြုလုပ်မယ်၊ ပြောဆိုမယ်ဆိုရင် လှပတဲ့ ဘ၀လေးကို ရရှိမှာပါ။ ညစ်ညမ်းတဲ့ ကံတရားများကို ပြုလုပ်မယ်၊ ပြောဆိုမယ်ဆိုရင် မလှပတဲ့ ဘ၀ကို ရရှိမှာပါ။ လှပတဲ့ ကံတရားများဆိုတာ ကုသိုလ်ကံများပဲ ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ကံတရားများဆိုတာ အကုသိုလ်ကံများပဲ ဖြစ်ပါတယ်။ နေ့စဉ်တိုင်းရဲ့ ဘ၀တိုင်းမှာ ကုသိုလ်ကံများကို အမြဲပြုလုပ်ပြီး ဘ၀ကို လှသထက်လှအောင် ဖန်တီးရမှာက ချမ်းသာခြင်းကို အလိုရှိတဲ့ လူသားတို့ရဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ သရဏဂုံ ဆောက်တည်ပြီး သရဏဂုံသုံးပါးနဲ့ ကိုယ့်ဘ၀ကို လှပအောင် ဆောက်တည်လို့ရသလို၊ ငါးပါးသီလ၊ ဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်းများ၊ မိမိပြုလုပ်လှုဒါန်းထားတဲ့ ကောင်းမှု့ကုသိုလ်များကို နတ်ဗြဟ္မာများနဲ့ သူတစ်ပါးတို့အား အမျှပေးဝေခြင်းဆိုတဲ့ ပတ္တိဒါနကုသိုလ်များနဲ့လည်း ကိုယ့်ဘ၀ကို ငြိမ်းချမ်းပြီး လှပတဲ့ဘ၀လေးတစ်ခုဖြစ်အောင် လုပ်ဆောင်ဖန်တီးရမှာပါ။ လုပ်ဆောင်ဖန်တီးလို့ရပါတယ်။
အထူးသဖြင့်တော့ ဗုဒ္ဓဘာသာများအနေနဲ့ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းသင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ စံကို သရဏဂုံသုံးပါး၊ ငါးပါးသီလနဲ့ ကံ ကံ၏ အကျိုးတရားကို ယုံကြည်ခြင်းဆိုတဲ့ စံများနဲ့ တိုင်းတာထားတာပါ။ ဒီတရားတွေနဲ့ ပြည့်စုံမှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်အဖြစ်ခံယူသင့်ပါတယ်။ ခံယူထိုက်ပါတယ်။ ဘယ်အရာကိုပဲ လုပ်လုပ်၊ ဘယ်ကုသိုလ်ကောင်းမှု့ကိုပဲ လှုလှု၊ မပြုလုပ်ခင်၊ မလှုတန်းခင်မှာ ငါးပါးသီလကို အမှန်တကယ် ဆောက်တည်သင့်ပါတယ်။
ဗုဒ္ဓမြတ်စွာကို ဆွမ်းတော်၊ ပန်းတော်၊ ရေတော်၊ ဆီမီးတော် ကပ်လှုရင်ပဲ ဖြစ်ဖြစ်၊ သံဃာတော်အရှင်မြတ်များကို ကပ်လှုရင်ပဲဖြစ်ဖြစ် ဦးစွာပထမ ငါးပါးသီလ ဆောက်တည်ခံယူပြီးမှ လှုမယ်ဆိုရင် မိမိရဲ့ စိတ်ထားလေးဟာ ဖြူဖွေး သန့်ရှင်းနေစဉ်မှာ လှုတာဖြစ်တဲ့အတွက် အကျိုးတရား ကြီးမားလှတဲ့အတွက်ကြောင့်ပါ။ “သီလေ ပတိဋ္ဌာယ ဒိန္နဒါနံ မဟပ္ဇလံ- သီလေ၊ သီလတရား၌၊ ပတိဋ္ဌာယ၊ တည်၍၊ ဆောက်တည်ပြီး၍၊ ဒိန္နဒါနံ၊ ပေးလှုအပ်သော အလှုဝတ္ထုသည်၊ မဟပ္ဇလံ- အကျိုးတရားကြီးမားစွာ ပေးတတ်၏။” ဆိုတဲ့ ဗုဒ္ဓမြတ်စွာရဲ့ စကားတော်အရ သီလဆောက်တည်ပြီးမှ လှုဒါန်းခြင်းအမှု့ကို ပြုလုပ်မယ်ဆိုရင် ကြီးမားတဲ့ အကျိုးတရားများစွာ ရရှိတတ်ပါတယ်။
ဘ၀ကလေးတွေ လှပစေဖို့ကတော့ ကံငါးပါးကို လုံခြုံအောင် စောင့်ထိန်းရပါမယ်။
ငြိမ်းချမ်းပြီး လှပတဲ့ ဘ၀လေးကို မြတ်နိုးတဲ့သူများအတွက်တော့ အပြစ်ကင်းစင်ပြီး လှပတဲ့ ကုသိုလ်ကံတရားများကို နေ့စဉ်ပြုလုပ်ခြင်းဖြင့် မိမိတောင့်တတဲ့ ငြိမ်းချမ်းပြီး လှပတဲ့ ဘ၀လေးကို ရရှိအောင် လုပ်ဆောင် ဖန်တီးနေဖို့ပါပဲလေ။
(ဥယျာဉ်မှုးလေး)
0 comments:
Post a Comment