မျက်နှာသာ မပေးလေရော့သလား မိုးရယ်
မနှစ်က နေရဉ္ဇရာ(အထက်)
ယခုနှစ် နေရဉ္ဇရာ..............................
မိုး
အပြစ်တော့မဆိုရက်ပါ
ယခင်နှစ်တွေကဆို
သြဂုတ်လမှာ
သဲကြီးမဲကြီး
ဂယာနယ်မှာ
မိုးတွေရွာလို့
နေရဉ္ဇရာ မြစ်ပြင်ကျယ်ဟာလည်း
အလျှံပေ ရေတွေနဲ့
ကြည့်မဆုံး ရှုမဝ
ပသာဒရှုခင်းက
ညှို့ယူဆွဲဆောင်နေခဲ့တယ်။
ခုတော့…
သြဂုတ်လတောင် ကုန်တော့မယ်
အရွာကျဲတဲ့ မိုး
ဘယ်များရောက်နေပါလိမ့်
သဘာဝကပဲ ရှောင်လွှဲနေတာလား
မိုးကပဲ မျက်နှာသာမပေးတာလား
နေရဉ္ဇရာ မြစ်ပြင်ကျယ်မှာ
ရေမှုန် ရေပေါက်တွေကင်းပျောက်
ခြောက်သွေ့ဒဏ်ကို သူခံရင်း
မျက်ရည်စက်တွေနဲ့ သူငိုနေ
မိုးကိုပဲတမ်းတနေမိတယ်။
မျက်နှာသာ မပေးလေရော့သလား မိုးရယ်
အပြစ်တော့မဆိုရက်ပါ
ယခင်နှစ်တွေကဆို
သြဂုတ်လမှာ
သဲကြီးမဲကြီး
ဂယာနယ်မှာ
မိုးတွေရွာလို့
နေရဉ္ဇရာ မြစ်ပြင်ကျယ်ဟာလည်း
အလျှံပေ ရေတွေနဲ့
ကြည့်မဆုံး ရှုမဝ
ပသာဒရှုခင်းက
ညှို့ယူဆွဲဆောင်နေခဲ့တယ်။
ခုတော့…
သြဂုတ်လတောင် ကုန်တော့မယ်
အရွာကျဲတဲ့ မိုး
ဘယ်များရောက်နေပါလိမ့်
သဘာဝကပဲ ရှောင်လွှဲနေတာလား
မိုးကပဲ မျက်နှာသာမပေးတာလား
နေရဉ္ဇရာ မြစ်ပြင်ကျယ်မှာ
ရေမှုန် ရေပေါက်တွေကင်းပျောက်
ခြောက်သွေ့ဒဏ်ကို သူခံရင်း
မျက်ရည်စက်တွေနဲ့ သူငိုနေ
မိုးကိုပဲတမ်းတနေမိတယ်။
မျက်နှာသာ မပေးလေရော့သလား မိုးရယ်
သစ္စာရောင်ခြည်
၂၄-၈-၂၀၁၀

0 comments:
Post a Comment