* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 25, 2010

*ငှက်ငယ်သို့*

အလင်းမရ၊ ကျဉ်းမြမြဖြင့်
မလှအဆင်း၊ ဥခွံတွင်းမှာ
သက်ဆင်းကာနေ၊ တွေဝေေ၀နှင့်
အမေမွေးရာ၊ ထိုကမ္ဘာဝယ်
ငှက်ငယ်တစ်ကောင်၊ မိုးမှောင်မှောင်..။

မှောင်မိုက်အတိ၊ လင်းမရှိသည့်
တင်းကြပ်ပိတ်လှောင်၊ ဥခွံဘောင်တွင်း
ဝပ်ဆင်းခယ၊ ကျဉ်းကြပ်လှစွာ
နေရရှာသော အိုငှက်ငယ်…

ထိုဥခွံတွင်း၊ မှောင်ခံတွင်းမှာ
ပျော်နိုင်လေလား၊ ပျော်နေလား..။

ပိတ်လှောင်မှုကင်း၊ လွတ်လပ်ခြင်းဆင့်
အလင်းရှိရာ၊ လွတ်မြောက်ရာသို့
မသွားချင်လား၊ သွားချင်လား..။

ထိုဥခွံနန်း၊ သင်စံမြန်းရာ
မှောင်ကမ္ဘာကို၊ ၀ဠာထင်မှတ်
သင်နှစ်သက်လျက်၊ ကြပ်ကြပ်မြတ်နိုး
မခွဲရိုးရှင့်၊ စွဲ,ပိုးဝင့်ချေ
နေမြဲနေသော်
သင်ဆက်မျှော်မှန်း၊ ဘ၀လမ်းသည်
ဝဲခန်းတွင်မြုပ်၊ ဒိုက်မှော်အုပ်၍
မလှုပ်ဝိုးတ၀ါး၊ ရေပြင်အလား..။

ဘ၀င်မကျ၊ ဘ၀မပြောင်
ဥခွံဘောင်နေ ငှက်ငယ်ရေ..

ကြည်စေဘ၀၊ တိမ်စင်လပမာ
မှောင်မှလွန်မြောက်၊ အလင်းပေါက်လို
သင်ရောက်လိုက..
ကျွတ်ဆတ်လှစွာ၊ ဥခွံလွှာကို
တွန်းကာလှုပ်ရှား၊ ရုန်းကန်အားဝင့်
နှုတ်သီးဖြင့်ဖောက်၊ ပြင်ပရောက်အောင်
သင်သည်ဖောက်ခွဲထွက်ချေလော့..။

အရှင်ဉာဏိကာဘိဝံသ http://www.nyanoo.com/ ရေးသားသော ငှက်ငယ်ဒဿန ကို ဖတ်မိ၍ ဤကဗျာအား ရေးဖြစ်ပါ၏။

လေးစားစွာဖြင့်
ဖိုးသား

8/24/2010, TUE:, 3:23:13 PM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP