* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 25, 2010

အစၦရာသဃၤာတ



အ႒ိကာနိ ပုၪၨကိတာနိ
( အရိုးစု တို ့ပါတကား )

အရိုးစုပုံကို တွေ့ ရင် စိတ်ဝင်တစား ကြည့်ပါတယ်။ ပြီးတော့ တစ်ခဏလေးပဲ ဖြစ်ဖြစ် ငါလည်း ဒီလိုပဲလို့  ဆင်ခြင်မိတဲ့အခါ ဆင်ခြင်ဖြစ်သွားတယ်ပေါ့ ။ အဲဒါကြောင့်လည်း ဘုန်းကြီးကျောင်း တစ်ကျောင်းကို အလည်အပတ် ရောက်ရှိတဲ့အခါ တမင်္ဂလာ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။

ငါလည်း ဒီလိုပဲ လို့  ၀ိပဿနာ အားထုတ်မယ် ဆိုရင်ရင် အနိစ္စ ဒုက္ခ အနတ္တ ပွါးသလိုမျိုး တရားအားထုတ် နည်း တစ်မျိုးပါပဲ။ မဟာသတိပဋ္ဌာန်သုတ် ကာယာနုပဿနာ န၀သိဝထိက ပဗ္ဗ အခန်းမှာ သော ဣမမေ၀ ကာယံ ဥပသံဟရတိ ' အယမ္ပိ ခေါ ကာယော ဧ၀ံဓမ္မော ဧ၀ံဘာဝီ ဧ၀ံအနတီတောတိ။ တဲ့။

ဆိုလိုတာက သင်္ချိုင်းသွားလို့  အရိုးစုမြင်မြင် အသွေး အသား အကျော ဦးခေါင်းအခွံ ၊ ကျောရိုး ခါးရိုး ၊ ပေါင်အရိုး ဘယ်အရိုးကို မြင်မြင်ပေါ့လေ မြင်လေတိုင်း ပွါးများသင့်တာက ငါလည်း ဒီလိုပါပဲ၊ ဒီလိုသဘောရှိတယ်။ ငါလည်း ဒါကိုလွန်မြောက်လို့  မရဘူး လို့  စိတ်ထဲမှာ လက်ဖျောက် တစ်ချက် လေး ဖြစ်တာနဲ့ ပဲ အကျိုးက အတော်လေးကို ကြီးမားကြောင်း အဂုင်္တ္တရနိကာယ န၀က နိပါတ် ဝေလာမသုတ်မှာ ဆိုထားပါတယ်။

ဘယ်လောက်ကြီးမားသလဲ ဆိုတာ ပြောရရင်တော့ ကိုယ်တတ်နိုင်တဲ့ ပစ္စည်းတွေကို အစွမ်းကုန် အိတ်သွန် ဖာမှောက်၊ သို့ မဟုတ် ထမင်းရေ ချောင်းစီး မောင်းတီးပြီး လှူလှူ၊ သို့ တည်းမဟုတ် စာအလို မြစ်ရေ တသွင်သွင်စီးသလိုမျိုး သာမန် ပုဂ္ဂိုလ်လူများစွာကို လှူတာဟာ သောတာပန် တစ်ဦးကို လှူသလောက် အကျိုးက မကြီးမား။

သောတာပန်တစ်ရာ လှူတာထက် သကဒါဂါမ် တစ်ဦးကို လှူတာက ပိုပြီး အကျိုးကြီးမားတယ်။
အဲဒီအတိုင်းပဲ သကဒါဂါမ် တစ်ရာ ထက် အနာဂါမ် တစ်ဦး...
အနာဂါမ် တစ်ရာ ထက် ရဟန္တာ တစ်...
ရဟန္တာ တစ်ရာထက် ပစ္စေကဗုဒ္ဓါတစ်...
ပစ္စေကဗုဒ္ဓါတစ်ရာထက် သမ္မာသမ္ဗုဒ္ဓတစ်...
သမ္မာသမ္ဗုဒ္ဓတစ်ထက် ဗုဒ္ဓပ္ပမုခ ဘုရားအမှူရှိသံဃာများစွာ..
ထို့ ထက် သံဃိက ကျောင်း ဆောက်လုပ် လှူဒါန်းခြင်း...
ထို့ ထက် ကြည်လင်စိတ်ထားနဲ့  သရဏဂုဏ်ဆောက်တည်ခြင်း...
ထို့ ထက် ငါးပါး သီလ ဆောက်တည်ခြင်း...
ထို့ ထက် နွားနို့ တစ်ခါ ညှစ်စာ မေတ္တာပို့  ပွါးများခြင်း...
ထို့ ထက် အစ္ဆရာသင်္ဃာတ- လက်ဖျောက်တစ်ချက် ကာလအတွင်းလေ အနိစ္စသညာ ကိုယ့်ကိုယ်ကို မမြဲပါလား၊ ငါလဲ ဒီလို သဘောရှိပါလားဆိုတဲ့ ၀ိပဿနာဟာ အကျိုးကြီးမားပါ တယ်။

အစ္ဆရာသင်္ဃာတ - တစ်ချက်လေးဟာ အချိန်မကြာဘူး ဆိုပေမယ့် ကိုယ့်ခန္ဓာကို မဆင်ခြင်ဖြစ် တာ များပါမယ်။ များနိုင်ပါတယ်။

ကုန်ကျမှုများစွာထက် သာလွန်တဲ့ လက်ဖျောက်တစ်ချက်လေး ပွါးများမှု အနိစ္စသညာကို ဘာလို့  မေ့ထားသင့်ပါသလဲ ။ ပွါးများဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။

ဒါကြောင့် ဘယ်အရိုးပဲ တွေ့ တွေ့  ၊ တွေ့ မြင်လိုက်တိုင်း အနိစ္စသညာကို ပွါးများရင်ဖြင့် အကျိုး လည်းကြီး နိဗ္ဗာန်လည်းနီး ၊ သောကမီးလည်းငြိမ်း၊ ဒုက္ခဘ၀ဇာတ်လမ်းသိမ်းနိုင်တာမို့  ပွါးများကြဖို့ ရာ ရေးသားလိုက်ပါတော့တယ်။


အစ္ဆရာသင်္ဃာတ- လက်ဖျောက်တစ်ချက်
အစ္ဆရာသင်္ဃာတ- လက်ဖျောက်တစ်ချက်
အစ္ဆရာသင်္ဃာတ- လက်ဖျောက်တစ်ချက်


ကျမ်းကိုး-
မူလပဏ္ဏာသ မဟာသတိပဋ္ဌာန်သုတ်၊ စာ-၇၃၊၄၊၅

အဂုင်္တ္တရနိကာယ န၀က၊ ဝေလာမသုတ်၊ ၁၉၅၊၆၊၇


မြတ်ရောင်နီ
( ၂၅ ၊ ၀၈ ၊၂၀၁၀ )


.

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP